Data Analysis and Political Communication သင်တန်းသို့ တက်ရောက်

၂၆-၂၈၊ ဇူလိုင်၊ ၂၀၁၉။ မနီလာမြို့၊ ဖိလစ်ပိုင်နိုင်ငံ။ SocDem Asia က စီစဉ်သည့် Executive Course 2; Data Analysis and Political Communication သင်တန်းကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ၂၀၁၉၊ ဇူလိုင်၊ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ ၎င်းသင်တန်းသို့ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ၊ တီမော၊ သြစတြေးလျနိုင်ငံတို့မှ SocDem Asia အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်း၊ ဦးချာလီတင်ဦးနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၂ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီဖွဲ့စည်း

၂၀၁၉၊ ဇူလိုင်၊ ၂၈။ ရန်ကုန်မြို့ ။ အောင်သပြေကျေးရွာကိစ္စအပါအဝင် ကျေးလက်ဒေသများတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် လူထုလှုပ်ရှားမှုများအား ကူညီဝန်းရံနိုင်ရေးအတွက် ညှိနှိုင်းသည့်အစည်းအဝေးကို ၂၀၁၉၊ ဇူလိုင် ၂၈ ရက် နေ့လည်ပိုင်းတွင် UNDO ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများကွန်ရက်၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ အမှန်တရားပေါ်ပေါက်ရေးနှင့် တရားမျှတရေးကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေး ဆုံးဖြတ်ချက်အရ အောင်သပြေကျေးရွာသားများအပါအဝင် ဆုံးရှုံးနစ်နာနေသော၊ အကာအကွယ် အကူအညီမဲ့နေသော ကျေးလက်လူထုကို ထိထိရောက်ရောက် ကူညီဝန်းရံနိုင်ရေးအတွက် “ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ပါသည်။

Continue Reading

Shrinking Political Parties’ Space in Myanmar အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက်

၂၀၁၉၊ ဇူလိုင်၊ ၂၇။ Park Royal ဟိုတယ်၊ ရန်ကုန်။ YSPS နှင့် FNF တို့ ပူးတွဲစီစဉ်သည့် Shrinking Political Parties’ Space in Myanmar အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၉၊ ဇူလိုင်၊ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ထိုအလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံတို့လည်း တက်ရောက်ခဲ့ကြပါသည်။ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအရ၊ ဥပဒေအရ အကန့်အသတ်များကြောင့် နိုင်ငံရေးပါတီများ ကြုံတွေ့နေရသည့် အခြေအနေများ၊ အခက်အခဲများအား လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာခဲ့ကြပါသည်။

Continue Reading

သခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၅ နှစ်ပြည့် အခမ်းအနား (News Video)

ဒီအခမ်းအနားမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲမှာ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ အမျိုးသားကာကွယ်ရေး တပ်မတော်ကြီးအဖြစ် မိမိတို့နေရာအမှန်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ဖို့ တိုက်တွန်းတောင်းဆိုထားသလို ၂ဝဝ၈ ဖွဲ့စည်းပုံကို ကျင့်သုံးနေမယ်ဆိုရင် တိုင်းပြည်ကို ဒုက္ခကံကြမ္မာဆိုး ပေးနေမှာဖြစ်ပြီး မပြင်နိုင်ရင် အမျိုးသားသွေးကွဲမှုအန္တရာယ်ပါ ရင်ဆိုင်လာရနိုင်တယ်လို့ ပါဝင်ပါတယ်။ ကမာရွတ်သတင်းမီဒီယာ

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်း

(၂၃၊ ဇူလိုင်၊ ၂၀၁၉။ ရန်ကုန်) ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီး၏ ဂူဗိမာန်၌ ယနေ့နံက် ၁၀းဝ၀ နာရီမှ နေ့လည် ၂းဝ၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီး၏ မိသားစုဝင်များ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးရဲဘော်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ UNA အဖွဲ့ဝင်ပါတီများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ မြန်မာနိုင်ငံ စာရေးများသမဂ္ဂ အစရှိသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဆရာကြီးအား […]

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်း

၂၃၊ ဇူလိုင်၊ ၂၀၁၉။ ရန်ကုန် ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီး၏ ဂူဗိမာန်၌ ယနေ့နံက် ၁၀းဝ၀ နာရီမှ နေ့လည် ၂းဝ၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီး၏ မိသားစုဝင်များ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးရဲဘော်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ UNA အဖွဲ့ဝင်ပါတီများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ မြန်မာနိုင်ငံ စာရေးများသမဂ္ဂ အစရှိသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဆရာကြီးအား […]

Continue Reading

ကျေးလက်ဒေသများရှိ မြေယာပြဿနာများအား ကူညီပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

အောင်သပြေကျေးရွာကိစ္စအပါအဝင် ကျေးလက်ဒေသများတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် မြေယာပြဿနာများအား ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းသည့်အစည်းအဝေးကို ၂၀၁၉၊ ဇူလိုင် ၂၀ ရက် နေ့လည်ပိုင်းတွင် UNDO ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၁၉၇၄-၇၅ နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ညီညွတ်သောအမျိုးသားဒိီုကရေစီအဖွဲ့၊ အမှန်တရားပေါ်ပေါက်ရေးနှင့် တရားမျှတရေးကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ပွင့်ဖြူတွင် ကျင်းပသည့် ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား

၁၉၊ ၇၊ ၂၀၁၉။ ပွင့်ဖြူ။ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရှောက်တော၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပွင့်ဖြူမြို့နယ်ကော်မတီက ဦးဆောင်ကျင်းပခဲ့ပါသည်။ အာဇာနည်နေ့အခမ်းအနားကို ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်းမှ စတင်၍ ပွင့်ဖြူ DPNS ရဲဘော်များက အခက်အခဲ အတားအဆီးမျိုးစုံကြားမှ နှစ်စဉ်နှစ်တိုင်း မပျက်မကွက် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

Continue Reading

၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြု

၁၉၊ ၇၊ ၂၀၁၉။ ဘားအံ။ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့၊ အာဇာနည်ဗိမာန်၌ ကျင်းပခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ကော်မတီက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။

Continue Reading

၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတက်ရောက်

၁၉၊ ၇၊ ၂၀၁၉။ မြင်းခြံ။ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မဏိကဉ္စနာခန်းမရှေ့တွင် ပြုလုပ်ခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက် ဂါရဝပြုခဲ့ကြပါသည်။

Continue Reading