Category: ထုတ်ပြန်ချက်များ
(၇၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ
(၇၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ၃၁၊၁၊၂၀၂၂ ရက်နေ့တွင် ကျရောက်သော ကရင့်အမျိုးသားထုတစ်ရပ်လုံး၏ သမိုင်းတန်ဖိုးကြီးမြတ်လှသည့် (၇၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ယူတန်ဖိုးထားစွာ သဝဏ်လွှာပေးပို့အပ်ပါသည်။စောဘဦးကြီး၏ မူ (၄) ချက်ကို ကိုင်စွဲကာ ယနေ့ထက်တိုင် ဆက်လက်ဆင်နွှဲနေသော တော်လှန်ရေးကြီးအတွင်း အသက်ပေးခဲ့ကြသည့်၊ သဏ္ဍာန်အမျိုးမျိုးနှင့်ပေးဆပ်ခဲ့ကြသည့် ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ကရင်အမျိုးသား အာဇာနည်အပေါင်းအား မိမိတို့ပါတီက အလေးအမြတ် ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ကရင်အမျိုးသားအစည်းအရုံးကြီးနှင့် ကရင့်အမျိုးသားတပ်မတော်သည် စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက် သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတိုက်ပွဲကြီးအတွင်း အရေးကြီးသည့် အချိုးအကွေ့တိုင်းတွင် မဟာမိတ်များနှင့်အတူ လူမျိုးစုံပြည်သူများနှင့်အတူ ဦးလည်မသုန် မှန်ကန်တည့်မတ်စွာ လက်တွဲ တိုက်ပွဲဝင်ခဲ့မှုများ၊ တိုက်ပွဲဝင်နေမှုများအပေါ် မိမိတို့ပါတီက အလေးအနက် ဂုဏ်ယူ မှတ်တမ်းတင်ပါသည်။၁၉၉၀ ခုနှစ်ကျော် ကာလများတွင်လည်းကောင်း၊ ၂၀၂၁ […]
Continue Reading
အာဏာသိမ်း စစ်အုပ်စု၏ တရားမဲ့ သတ်ဖြတ်နေမှုများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄/ ၂၀၂၁)
ယမန်နေ့ (၅၊ ၁၂၊ ၂၀၂၁) က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြိုနယ်၊ ပန်းပင်ကြီးလမ်းမပေါ် အများပြည်သူ မြင်ကွင်းရှေ့မှောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူငယ်များအား လက်နက်ကိုင်စစ်သားများက ကားဖြင့် ဒလကြမ်းဝင်ရောက်တိုက်သတ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုခဲ့ကြသည့် ဗီဒီယိုမှတ်တမ်းဖိုင်များ လူမှုကွန်ရက်ပေါ်တွင် ပေါ် ထွက်ခဲ့သည်။ လူငယ် ၅ ဦးခန့် သတ်ဖြတ်ခံရပြီး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိကြကာ၊ ၁၅ ခန့် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သတင်းများအရ သိရသည်။ ဤမျှလူမဆန်သော ကြမ်းကြုတ်ရိုင်းစိုင်းမှုကို ကျူးလွန်ကြသည့်အတွက် တာဝန်ရှိ စစ်ခေါင်းဆောင်များနှင့် လက်ရောက်ကျူးလွန်သူ လက်ပါးစေတစ်စုတို့အား မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြင်းထန်စွာ ကန့်ကွက်၊ ရှုတ်ချလိုက်ပါသည်။ ကျဆုံး ဒဏ်ရာရ ဖမ်းဆီးခံရသူ ပြည်သူ့ဘက်တော်သား သူရဲကောင်းလူငယ်များကိုလည်း လေးလေးနက်နက် ဦးညွှတ်ဂုဏ်ပြုပါသည်။ ဤသူရဲကောင်းများ၏ မိသားစုဝင်များကိုလည်း […]
Continue Reading
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း (သတင်းထုတ်ပြန်ချက် ၃ / ၂၀၂၁)
၂၊ ၁၂၊ ၂၀၂၁ မှ ၆၊ ၁၂၊ ၂၀၂၁ ရက်များအတွင်း ကျင်းပခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေး ကော်မတီအစည်းအဝေး (၁/ ၂၀၂၁) တွင် ပါတီ၏ ခေါင်းဆောင်မှုကို လက်တွေ့ တိုက်ပွဲလိုအပ်ချက်များနှင့်အညီ အောက်ပါ ရဲဘော် ၁၉ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်လိုက်သည်။ ၁။ ရဲဘော်အောင်မိုးဇော် ဥက္ကဌ ၂။ ရဲဘော်ရဲလွင် အထွေထွေအတွင်းရေးမှူး ၃။ ရဲဘော်နှင်းနှင်းမွှေး တွဲဘက်အထွေထွေအတွင်းရေးမှူး ၄။ ရဲဘော်ကိုထွန်း ဗဟိုဦးဆောင်ကော်မတီဝင် ၅။ ရဲဘော်ကိုမောင်မောင် ဗဟိုဦးဆောင်ကော်မတီဝင် ၆။ ရဲဘော်စိုးထက် ဗဟိုဦးဆောင်ကော်မတီဝင် […]
Continue Reading
ဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း
စာအမှတ် ၊ ၊ ဌနခ / ဗအန / ၂၀၂၀ / ၆။ရက်စွဲ ၊ ၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်။ ဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း စာအမှတ် ၊ ၊ ဌနခ / ဗအန / ၂၀၂၀ / ၆။ရက်စွဲ ၊ ၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် မပြီးဆုံးသေးသည့် ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဆက်လက်သယ်ဆောင် ရုန်းကန်ကြရေး နည်းလမ်းတစ်ရပ်အဖြစ် ၂၀၂၀၊ နိုဝင်္ဘာ (၈) ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် “ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ” […]
Continue Reading