DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန ၂၀၂၀၊ မေ၊ ၈။ တောင်ကြီး။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းလျက်ရှိပါသည်။ ၂၀၂၀၊ မေလ၊ ၈ ရက်နေ့တွင် COVID-19 ကာကွယ်ရေး စေတနာ့ဝန်ထမ်းဆောင်ရွက်နေကြသည့် တောင်ကြီးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် PPE ဝတ်စုံ ၁၀ စုံကို ပါတီကိုယ်စား လူ့ဘောင်သစ်လူငယ် မဆုပြည့်သော်တာက တာဝန်ရှိသူများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

Continue Reading

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန မြစ်ကြီးနား

၂၀၂၀၊ မေ၊ ၅-၆၊ မြစ်ကြီးနား လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းလျက်ရှိပါသည်။ ၂၀၂၀၊ မေလ၊ ၅ ရက်နေ့တွင် Kachin state Covid 19 Prevention Network သို့ PPE ၄ စုံ၊ မေလ၊ ၆ ရက်နေ့တွင် အထွထွေရောဂါကုဆေးရုံကြီး (မြစ်ကြီးနား) သို့ PPE ၆ စုံ ပေးပို့လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။

Continue Reading

DPNS မြင်းခြံရဲဘော်များ၏ covid-19 ကာကွယ်ရေး လှုပ်ရှားမှုများ

၂၀၂၀၊ မေ၊ ၄-၆။ မြင်းခြံ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ရဲဘော်များသည် အစ်ဆာရာ(မြန်မာ)၊ အနာဂတ်အလင်းတန်းဆုံမှတ်တို့နှင့် ပူးပေါင်းလျက် ၂၀၂၀၊ မေလ ၄ ရက်နှင့် ၆ ရက်နေ့များတွင် COVID-19 ကျန်းမာရေးအသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ပေးခြင်း ၊ အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၂၀၊ မေလ ၄ ရက်နေ့တွင် ထနောင်းတိုင်ကျေးရွာ COVID-19 ထိမ်းချုပ်ကာကွယ်ရေးကော်မတီသို့လည်းကောင်း၊ မေလ၊ ၆ ရက်နေ့တွင် ကျားတိုင်း၊ ကျောက်ကုန်းကျေးရွာများသို့လည်းကောင်း ကျန်းမာရေးပညာပေးဗွီနိုင်းများ၊ လက်ကမ်းစာစောင်များကို ဆက်သွယ်ပေးပို့ခဲ့ပါသည်။၊ မြင်းခြံမြို့နယ်၊ အမှတ် ၂ ရပ်ကွက်တွင်လည်း ကိုဗစ်19 ရောဂါ ပညာပေးနှင့် ကောလာဟလသတင်းများ သတိပြုစေရန် ရှင်းလင်းပြောကြားခဲ့ကြပါသည်။

Continue Reading

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန လပွတ္တာမြို့

၂၀၂၀၊ မေ၊ ၄။ လပွတ္တာမြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များနှင့် မိတ်ဆွေများ၏ အလှူဒါနအဖြစ် ​မေလ ၄ ရက်နေ့တွင် လပွတ္တာမြို့နယ် နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သို့ PPE ဝတ်စုံ ၅ စုံ ပေးပို့လှူဒါန်းခဲ့ပါသည်။

Continue Reading

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းလှူဒါန- ရန်ကုန်။

၂၀၂၀၊ ​မေ၊ ၃။ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ အလှူအဖြစ် “မဂ်လာတောင်ညွန့် ပြုပြင်စရာများအဖွဲ့” သို့ လက်အိတ် ၁၀ဝ၊ နှာခေါင်းစည်း ၃၀ဝ နှင့် အလှူငွေတစ်သိန်းကျပ်ကို ၂၀၂၀၊ မေလ ၃ ရက်နေ့ နံနက်တွင် လှူဒါန်းခဲ့ပါသည်။ ပါတီကိုယ်စား လူ့ဘောင်သစ်လူငယ်မှ ကိုမျိုးငြိမ်းက ပေးအပ်လှူဒါန်းရာ အဖွဲ့တာဝန်ရှိသူက လက်ခံရယူခဲ့ပါသည်။ မတ်လ ၃ ရက်နေ့နံနက် ၈:ဝ၀ နာရီတွင် “မိသားစုကိုချစ်ရင် Mask တပ်ပါ” Campaign ကို မဂ်လာတောင်ညွန့်ဈေး(အမဲဈေး)၌ အဖွဲ့တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်တာဝန်ရှိသူများနှင့် ပူးပေါင်း ပြုလုပ်ခဲ့ကြပါသည်။

Continue Reading