ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on December 31st, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ” နောက်ဆုံးနေ့ကို ၂၀၁၇ ဒီဇင်္ဘာ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အမျိုးသမီးများအပေါ် ခွဲခြားမှုများအားလုံး ပပျောက်ရေးသဘောတူညီချက်ဆိုင်ရာစာချုပ် (စီဒေါ)ပါ အချက်အလက်များ ခေါင်းဆောင်များတွင် ရှိသင့်သည့် အရည်အချင်းများ ခွဲတမ်းစနစ်ဆိုင်ရာအချက်အလက်များ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးခေါင်းဆောင်များ ရေကြည် ချောင်းသာ အင်္ဂပူ လပွတ္တာ တံတားဦး မြင်းခြံ ပွင့်ဖြူ ဆားလင်းကြီးမြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသည့် အမျိုးသမီးခေါင်းဆောင်များအား ဌာနချုပ်ခေါင်းဆောင်များက လာရောက်၍ ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့ကြပါသည်။
Permalink By DPNS INFORMATION, on December 30th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ” စတုတ္ထမြောက်နေ့ကို ၂၀၁၇ ဒီဇင်္ဘာ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အမျိုးသမီးများအပေါ် ခွဲခြားမှုများအားလုံး ပပျောက်ရေးသဘောတူညီချက်ဆိုင်ရာစာချုပ် (စီဒေါ)ပါ အချက်အလက်များကို ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးခေါင်းဆောင်များ ရေကြည် ချောင်းသာ အင်္ဂပူ လပွတ္တာ တံတားဦး မြင်းခြံ ပွင့်ဖြူ ဆားလင်းကြီးမြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
[Show slideshow] 12►
By DPNS INFORMATION, on December 30th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ” စတုတ္ထမြောက်နေ့ကို ၂၀၁၇ ဒီဇင်္ဘာ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အမျိုးသမီးများအပေါ် ခွဲခြားမှုများအားလုံး ပပျောက်ရေးသဘောတူညီချက်ဆိုင်ရာစာချုပ် (စီဒေါ)ပါ အချက်အလက်များကို ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးခေါင်းဆောင်များ ရေကြည် ချောင်းသာ အင်္ဂပူ လပွတ္တာ တံတားဦး မြင်းခြံ ပွင့်ဖြူ ဆားလင်းကြီးမြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on December 29th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ” တတိယမြောက်နေ့ကို ၂၀၁၇ ဒီဇင်္ဘာ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အမျိုးသမီးများအပေါ် ခွဲခြားမှုများအားလုံး ပပျောက်ရေးသဘောတူညီချက်ဆိုင်ရာစာချုပ် (စီဒေါ)ပါ အချက်အလက်များကို ဆွေးနွေးခဲ့ကြပါသည်။ Ebba Kohl ကလည်း ဆွီဒင်နိုင်ငံအမျိုးသမီးလှုပ်ရှားမှုအဆင့်ဆင့် ပြောင်းလဲတိုးတက်လာပုံကို ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးများ ရေကြည် ချောင်းသာ အင်္ဂပူ လပွတ္တာ တံတားဦး မြင်းခြံ ပွင့်ဖြူ ဆားလင်းကြီးမြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
[Show slideshow] 12►
By DPNS INFORMATION, on December 28th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှုအလုပ်ရုံဆွေးနွေးပွဲ” ဒုတိယမြောက်နေ့ကို ၂၀၁၇ ဒီဇင်္ဘာ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ယခင်နေ့ ဆွေးနွေးရရှိချက်များအား ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ပါတီခေါင်းဆောင်မှုအဆင့်ဆင့်၌ အမျိုးသမီးများပါဝင်မှု မြင့်တက်လာစေရေးအတွက် လုပ်ငန်းစဉ်များကိုလည်း ရေးဆွဲခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
[Show slideshow]
By DPNS INFORMATION, on December 28th, 2017 ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ ကွင်းပေါက်ကျေးရွာအုပ်စု ရပ်ကျေးရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကို ၂၀၁၇ ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ ရေကြည်မြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးစောအောင်နှင့် မြို့နယ်စည်းကော်မတီဝင်များ ကွင်းပေါက်ကျေးရွာအုပ်စု ရပ်ကျေးစည်းကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on December 27th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှုအလုပ်ရုံဆွေးနွေးပွဲ” ပထမနေ့ကို ၂၀၁၇ ဒီဇင်္ဘာ ၂၇ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေ မြင့်တက်လာစေရေးသည် အမှန်တကယ် အရေးကြီးသည့်လုပ်ငန်းဖြစ်ကြောင်း ပါတီအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်သည့်ကိစ္စများရှိပါကလည်း အစွမ်းကုန် အကူအညီပေးမည်ဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီလုပ်ငန်းများဆောင်ရွက်ရာ၌ အမျိုးသမီးများပါဝင်မှု မြင့်တက်လာစေရန် လုပ်ဆောင်ရမည့် အခြေအနေများ တွေ့ကြုံရသည့်အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြပါသည်။ဆွေးနွေးပွဲကို ငါးရက်ကြာကျင်းပမည်ဖြစ်ပြီး ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
[Show slideshow] 1234567►
By DPNS INFORMATION, on December 26th, 2017
တိုင်းပြည်တွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ တိုးတက်သော ဒီမိုကရက်တစ်အင်အားစုက ၂၆၊ ၁၂၊ ၂၀၁၇ နေ့စွဲဖြင့် သဘောထား ထုတ်ပြန်လိုက်ပါသည်။
By DPNS INFORMATION, on December 24th, 2017
လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်းကျောင်း(YES) အပတ်စဉ် (၄)သင်တန်းဆင်းပွဲကို သင်တန်းကျောင်းတည်ရှိရာ ရန်ကုန်မြို့၌ ၂၀၁၇ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် သင်တန်းကျောင်းတာဝန်ရှိသူများနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ ကိုရဲအောင်အေးတို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားပေးခဲ့ပါသည်။ သင်တန်းဆင်းပွဲသို့ သင်တန်းသူသင်တန်းသားများနှင့် မိဘဆွေမျိုးများ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
[Show slideshow] 12►
By DPNS INFORMATION, on December 24th, 2017 ၈၈ မျိုးဆက်(ပြည်ပ)နှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများ တွေ့ဆုံပွဲကို ၂၃-၁၂-၂၀၁၇ တွင် ပြည်လမ်းရှိ ယုဒသန်ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းတွေ့ဆုံပွဲတွင် အင်အားစုအသီးသီးက အမှတ်တရစကား ပြောကြားခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။
|