

|
||
![]() ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ၏ နှစ် (၇၀) မြောက် ရှမ်းပြည် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ ![]() (၃၀၊ ၉၊ ၂၀၁၉) ၁။ ယနေ့ (၃၀၊ ၉၊ ၂၀၁၉)တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီမြို့နယ်များရှိ ဒေသခံကျေးရွာသားများစုစည်းလျက် တရုပ်ပိုင် ယန်စီကုမ္ပဏီအား ကနဦး ဓာတ်သတ္တုစမ်းသပ်တူးဖေါ်ခွင့် ပေးလိုက်ခြင်းအား ကန့်ကွက်ဆန္ဒပြပွဲကြီးကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ထောက်ခံကြိုဆိုလျက် သဝဏ်လွှာပေးပို့ ဂုဏ်ပြုအပ်ပါသည်။ ၂။ ယန်စီကုမ္ပဏီ၏
ဝါးစိမ်းတောင် သတ္တုတူးဖေါ်ရေးစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံကျေးရွာသားများက
ကန့်ကွကွနေသည့်ကြားက ဤကနဦး စမ်းသပ်လုပ်ကိုင်ခွင့်ကို
ခွင့်ပြုခဲ့ခြင်းဖြစ်သလို စီမံကိန်းအပြည့်အဝသာ အကောင်အထည်ဖေါ်ဖြစ်ခဲ့ပါက
ဒေသတွင်းကျေးရွာ ၁၂၀ ကျော်ရှိ ဒေသခံ ၈၀,၀၀၀ ကျော်ခန့် လူမှုစီးပွားရေးဘဝများ
ထိခိုက်နစ်နာသွားနိုင် ကြောင်း ကြားသိရပါသည်။
၃။ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ ဒေသခံများက မိမိတို့သဘောထားဆန္ဒများကို
ဆန့်ကျင်လျက် ခွင့်ပြုခဲ့သော ဤ ကနဦး စမ်းသပ်တူးဖေါ်ခွင့်အပေါ်
ဒီမိုကရေစီနည်းကျ ကန့်ကွက်ဆန္ဒပြကြခြင်းသည် နိုင်ငံသားပြည်သူတို့၏
အခြေခံအခွင့်အရေး ရှိသည်အတိုင်း ဆောင်ရွက်ခြင်းဖြစ်၍ တရားနည်းလမ်းကျသော၊
မှန်ကန်သော တိုက်ပွဲဝင်မှုအဖြစ် မိမိတို့ပါတီက လေး လေးနက်နက်
ထောက်ခံအပ်ပါသည်။ ၄။ မိမိတို့ပါတီအနေဖြင့် ယခု
ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီဒေသခံပြည်သူများ အပါအဝင် နိုင်ငံနှင့်အဝှမ်း
ဖြစ်ပေါ် လျက်ရှိသည့် လယ်ယာမြေ နစ်နာဆုံးရှုံးရမှုများ၊
နိုင်ငံသားအခြေခံအခွင့်အရေး ဆုံးရှုံးရမှုများကို ရင်ဆိုင်ခံစားနေရသည့်
အဖိနှိပ်ခံ လူမျိုးစုံ မြန်မာပြည်သူများနှင့်အတူ ပူးပေါင်းလက်တွဲလျက်
ရုန်းကန်အားထုတ်သွားမည်ဖြစ်ကြောင်း တင်ပြလျက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ![]() ၇ ဇူလိုင် ၅၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သော သဝဏ်လွှာ![]() ဇွန် ၆ အလုပ်သမားတိုက်ပွဲ (၄၅) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ![]() ဆရာကြီးဒဂုန်တာရာ နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် လူ့ဘောင်သစ်ဒီမ်ုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ ၁၀၊ မေ၊ ၂၀၁၉။ ![]() ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) ဖွဲ့စည်းတည်ထောင်ခြင်း နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ ![]() |
||
Copyright © 2021 DPNS - All Rights Reserved.
|