တကသအဆောက်အဦး ပြန်လည်တည်ဆောက်ရေး အစည်းအဝေး

တကသအဆောက်အဦ ပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းရန် အစည်းအဝေးကို၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၈)ရက်နေ့တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် နံနက်(၁၀)နာရီမှ ညနေ(၄)နာရီခန့်အထိ ကျင်းပခဲ့ရာ မျိုးဆက်အသီးသီးမှ သမဂ္ဂကျောင်းသားများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
တက်ရောက်ဆွေးနွေးခဲ့ကြသော ၁၉၅၃-၂၀၁၇ ကျောင်းသားမျိုးဆက်များက တနိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းများ အားလုံးတွင် သမဂ္ဂ၏ တရားဝင်တည်ရှိမှုအား တစုံတရာ အာမခံချက် ရရှိပြီးမှသာ ကော်မတီဖွဲ့စည်းရေးအတွက် ကျယ်ပြန့်သည့် အစည်းအဝေးများ ပြုလုပ်ခြင်း က လက်တွေ့ကျပြီး ပိုမိုအကျိုးဖြစ်ထွန်းနိုင်လိမ့်မည်ဟု ၎င်းတို့အားလုံး၏ သဘောထားကို ဖေါ်ပြ ဆွေးနွေးခဲ့ကြသည်။

Continue Reading

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု အစည်းအဝေး

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုအတွက် ဆွေးနွေးတိုင်ပင်သည့်အစည်းအဝေးကို ၂၇၊၂၊၁၇ ရက်နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လွိုင်ကော်ခရီးစဉ် ဆွေးနွေးရရှိချက်များနှင့် လုပ်ငန်းစဉ်များ၊ ပန်ဆန်းညီလာခံအပေါ် သုံးသပ်ချက်၊ မြန်မာ့ငြိမ်းချမ်းရေး ရှေ့အလားအလာများ၊ တကသအဆောက်အဦ ပြန်လည်ဆောက်လုပ်မည့်ကိစ္စအပေါ် သဘောထားတို့ကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

တကသ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးကိစ္စအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအား

တကသ အဆောက်အဦ ပြန်လည်တည်ဆောက်ရေးကိစ္စအပေါ်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအား ယနေ့
(၂၃၊ ၂၊ ၂၀၁၇ တွင်) ထုတ်ပြန် ကြေညာလိုက်ပါသည်။

Continue Reading

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုခရီးစဉ်

ဦးငွေလင်းနှင့် ဒေါ်နှင်းနှင်းမွှေး(DPNS)၊ ကိုကောင်းထက်ကျော် (ABFSU)၊ ဦးထွန်းဝင်းငြိမ်း(မှိုင်း-ငြိမ်းကွန်ရက်)၊ ကိုသီဟဝင်းတင်(SDUF) တို့သည် ငြိမ်းချမ်းရေးလှုပ်ရှားမှုခရီးစဉ်အဖြစ် ၁၆၊၂၊၁၇ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ ရောက်ရှိခဲ့ကြပါသည်။ ထိုနေ့ နံနက်ပိုင်းတွင် ကလလတခေါင်းဆောင်များနှင့်လည်းကောင်း၊ ညနေပိုင်းတွင် ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌနှင့်လည်းကောင်း၊ ၁၇၊၂၊၁၇ ရက်နေ့နံနက်ပိုင်းတွင် ကရင်နီပြည် လူငယ်များသမဂ္ဂ တာဝန်ရှိသူများနှင့်လည်းကောင်း၊ နေ့လည်ပိုင်းတွင် ကယန်းမျိုးဆက်သစ်လူငယ် ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး လက်ရှိအခြေအနေများကို ဆွေးနွေးသုံးသပ်၍ ရှေ့လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းတွင် ကယန်းအမျိုးသားခေါင်းဆောင်ကြီး ဦးရွှေအေး၏ဇနီးကိုလည်း သွားရောက်ဂါရဝပြု နှုတ်ဆက်ခဲ့ကြပါသည်။

Continue Reading

ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးခြင်း (၂၄) နှစ်ပြည့် အခမ်းအနား

” ၁၆၊ ၂၊ ၂၀၁၇ တွင် ကျရောက်သည့် ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးခြင်း (၂၄) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ – တောင်ဥက္ကလာပရှိ စိတ်တိုင်းကျ လ္ဘက်ရည်ဆိုင်တွင် ကျင်းပခဲ့ရာ ကျွန်းပြန်နိုင်ငံရေးသမားကြီးများ၊ ပြည်သူ့တိုးတက်ရေးပါတီရဲဘော်ကြီးများ၊ ဆရာကြီးသခင်ကိုယ်တော်မှို်င်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄ – ၇၅ – ၇၆ နိုင်ငံရေးအင်အားစုများ၊ ဗကသရဲဘော်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စသည့် နိုင်ငံရေးအင်အားစုများမှ တက်ရောက် ဂုဏ်ပြုခဲ့ကြပါသည်။ “

Continue Reading

ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရခြင်း (၉) နှစ်ပြည့်အခမ်းအနားကျင်းပ

KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရခြင်း ၉ နှစ်မြောက် နှစ်လည် အောက်မေ့ဖွယ်အခမ်းအနားနှင့် ကြေးရုပ်တုဖွင့်ပွဲကို ဖဒိုမန်းရှာ၏ဇာတိ ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာ၌ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ ကြေးရုပ်တုကို ဒေသခံဆရာတော်များ၊ ကရင်အမျိုးသားနိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံကရင်အမျိုးသားများက ဖွင့်လှစ်ပေးခဲ့ပြီး ဖဒိုမန်းရှာ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခဲ့သည်။ အခမ်းအနားကို ဖန်းဖောင်ဒေးရှင်း၏ ဆုပေးပွဲနှင့် တွဲဖက်ပြုလုပ်ခဲ့ပြီး ဆရာတော် သံဃာတော်များ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ တက်ကြွလှုပ်ရှားသူများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်အမျိုးသားများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ပဒိုမန်းရှာ၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှ အမှတ်တရစကားများ ပြောကြားခဲ့ကြသည်။ ဖဒိုမန်းရှာ၏ အကိုဖြစ်သူ မန်းတင်ရွှေက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Continue Reading

ငြိမ်းချမ်းရေး၊ လူသတ်ဝါဒဆန့်ကျင်ရေး ဟောပြောဆွေးနွေးပွဲကျင်းပ

နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ” ငြိမ်း ချမ်းရေး၊ လူသတ်ဝါဒဆန့်ကျင်ရေး”ခေါင်းစဉ်ဖြင့် နိုင်ငံရေးဟောပြောဆွေးနွေးပွဲကို ၁၃၊ ၂၊ ၁၇ ရက် နေ့လည်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ်ရှိ သျှရီရာမခရစ်ရှနခန်းမ၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲအဖွင့်အမှာစကားကို ကရင်အမျိုးသားပါတီဥက္ကဋ္ဌ မန်းသိန်းရွှေက ပြောကြားပေးခဲ့ပါသည်။ ထို့နောက် “ငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် ဒေါက်တာအမ်ကွန်လ(KNC)၊ ဦးချစ်ဆောင်(မှိုင်း-ငြိမ်းကွန်ရက်)၊ ကိုကောင်းထက်ကျော်(ဗကသများအဖွဲ့ချုပ်)တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။ ဆက်လက်၍ “လူသတ်ဝါဒဆန့်ကျင်ရေး” ခေါင်းစဉ်ဖြင့် ဦးကြီးမြင့်(ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့)၊ ကိုကျော်ကိုကို(ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ အမျိုးသားအင်အားစု ၆၉ ဖွဲ့၏ သဘောထားကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

Continue Reading

နှစ်၇၀ ပြည့် ပြည်ထောင်စုနေ့ ညစာစားပွဲ

နှစ်၇၀ ပြည့် ပြည်ထောင်စုနေ့ညစာစားပွဲကို ၁၂၊၂၊၁၇ ရက်နေ့ည ၆:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ပြည်ထောင်စုနေ့အထိမ်းအမှတ် သဘောထားကြေငြာချက်

နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေး၊ လူသတ်ဝါဒဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အမျိုးသားအင်အားစု (၇၀) ဖွဲ့ ပူးပေါင်းလျက်ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ၁၃၊ ၂၊ ၂၀၁၇တွင်လည်း သျှရီရာမခရစ်ရှန ခန်းမ၌ နိုင်ငံရေးဆွေးနွေးပွဲတရပ်
ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

Continue Reading

ငြိမ်းချမ်းရေးသဘောထားတင်ပြချက်များ ဖော်ဆောင်ရေးအစည်းအဝေး

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထားတင်ပြချက်များအား ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ဒုတိယအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ၇၊ ၂၊ ၁၇ ရက်နေ့တွင် လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု နှင့် UNDO တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading