(၆၉)နှစ်မြောက် ကရင့်အာဇာနည်နေ့ ဦးဆောင်သူများကို ရုံးထုတ်စစ်ဆေးရာသို့ သွားရောက်ဝန်းရံ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

စက်တင်ဘာ ၁၇၊ ၂၀၁၉။ ရန်ကုန်။ (၆၉)နှစ်မြောက် ကရင့်အာဇာနည်နေ့ ဦးဆောင်သူများကို ရုံးထုတ်စစ်ဆေးရာသို့ သွားရောက်ဝန်းရံ

၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ ကျင်းပသည့်အတွက် တရားစွဲဆိုခံထားရသည့် နော်အုန်းလှ(ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ)နှင့် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့ကို စက်တင်ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပါသည်။
အမှုရင်ဆိုင်ရန်ရောက်ရှိလာသူများကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီများ၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ကရင်ပြည်သူများ၊ ကရင့်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ ကရင်အနုပညာရှင်များ၊ တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများ၊ UNA အဖွဲ့ဝင်များ၊ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ လာရောက်ဝန်းရံခဲ့ကြပါသည်။
နိုင်ငံသားတိုင်းသည် အမျိုးသားတိုင်း၏ ကိုယ်ပိုင်အလေးထားမှုများ၊ စံတန်ဖိုးများ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို အပြန်အလှန် အသိအမှတ်ပြုပြီး လေးစားတန်ဖိုးကြရန် အလွန်လိုအပ်သည်။ အမျိုးသားတိုင်းတွင် ကိုယ်ပိုင်သမိုင်းတန်ဖိုးနှင့် မိမိတို့ကိုယ်တိုင် သတ်မှတ်သည့် အမျိုးသားသူရဲကောင်း အမျိုးသားခေါင်းဆောင်များ ရှိကြသည် ရှိခွင့်ရှိသည် ဆိုသည့်အချက်ကို လေးလေးစားစား အသိအအမှတ်ပြုလက်ခံပြီး ထိုက်ထိုက်တန်တန် တန်ဖိုးထားပေးရမည့်တာဝန်သည် နိုင်ငံသားတိုင်းတွင်ရှိသည်။ ယခုကာလသည် ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် ကြိုးပမ်းရမည့် ကာလဖြစ်သည်။ ဤကာလတွင် အမျိုးသားတန်းတူညီမျှမှု ပျက်ပြားစေသည့် ကရင့်အမျိုးသားခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခြင်းကို အမြန်ဆုံးရုပ်သိမ်းပြီး ပြန်လွှတ်ပေးသင့်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် UNA နှင့် မိတ်ဖက်အင်အားစုများ၏ သဘောထားထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

[ngg src=”galleries” ids=”672″ display=”basic_thumbnail”]