DPNS ငဖဲမြို့နယ်ကော်မတီ ဖွဲ့စည်း

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

စက်တင်ဘာ ၂၂၊ ၂၀၁၉။ ငဖဲ။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ငဖဲမြို့နယ်ကော်မတီကို ၂၀၁၉ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အောင်မြင်စွာဖွဲ့စည်းခဲ့ပါသည်။ ကော်မတီဖွဲ့စည်းရေးအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က ပါတီဖြတ်သန်းမှုသမိုင်းကြောင်း နိုင်ငံရေးဦးတည်ချက်နှင့် လှုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသည့်ရဲဘော်များနှင့် ဒေသဆိုင်ရာအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ မြို့နယ်ကော်မတီကို ရွေးချယ်ဖွဲ့စည်းပြီးနောက် ကော်မတီဝင်များက ပါတီအလံကို ကိုင်ဆောင်၍ သစ္စာအဓိဋ္ဌာန် ၅ ချက် ရွတ်ဆိုအဓိဋ္ဌာန်ပြုခဲ့ကြပါသည်။ ထို့နောက် ငဖဲမြို့နယ်ကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။ အစည်းအဝေးသို့ ပါတီဗဟိုကော်မတီဝင် ဦးအောင်နိုင်ဦး၊ ပွင့်ဖြူမြို့နယ်ကော်မတီဝင်များ၊ မင်းဘူးမြို့နယ်ကော်မတီဝင်များနှင့် ပါတီလိုလားသူများလည်း တက်ရောက်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”676″ display=”basic_thumbnail”]