ရွှေဝါရောင်တော်လှန်ရေး ၁၂ နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၁၈၊ ၉၊ ၂၀၁၉။ သာဓုကျောင်းတိုက်၊ ရန်ကုန်။

ရွှေဝါရောင်တော်လှန်ရေး ၁၂ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ရှိ သာဓုကျောင်းတိုက်၌ ၂၀၁၉၊ စက်တင်ဘာ၊ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရွှေဝါရောင်ဦးဆောင်သံဃာတော်များက သြဝါဒကထာ၊ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် သဘောထားထုတ်ပြန်ချက်တို့ကို မြွက်ကြားခဲ့ကြပါသည်။ အခမ်းအနားသို့ ရွှေဝါရောင်ဦးဆောင်သံဃာတော်၊ ဆရာတော်များ၊ နိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပါသည်။
၂၀ဝ၇၊ စက်တင်ဘာလတွင် သံဃာတော်များဦးဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက် ရိုက်နှက်ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့သဖြင့် အသက်ပေါင်းများစွာ သေကျေခဲ့ရသည်။ ရဟန်းရှင်လူအမြောက်အမြားမှာလည်း ဖမ်းဆီးနှိပ်စက် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ကြရသည်။

[ngg src=”galleries” ids=”674″ display=”basic_thumbnail”]