ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၂၀၁၄ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆) နှစ်ပြည့်ပြီ ဖြစ်သည်။
အရေးတော်ပုံကြီးအတွင်း အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနှင့် အရေးတော်ပုံကြီး၏ သမိုင်းရေးတာဝန်များကို ဆက်လက်ထမ်းရွက်ရင်း ၂၆ နှစ်တာအတွင်းတွင် သဏ္ဍာန်အမျိုးမျိုးနှင့် ရင်းနှီးပေးဆပ်ခဲ့သူအပေါင်းကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

ပြီးခဲ့သည့်နှစ် ရှစ်လေးလုံးငွေရတုလူထုစုဆုံပွဲကြီးတွင် နိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ရဟန်း ရှင်လူပြည်သူများက အောက်ပါ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက် (၃) ရပ်ကို အခိုင်အမာ ချမှတ်ခဲ့ကြပါသည်။

၁။ ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကိုလိုအပ်သည်ဟု အလေးအနက်ခံယူသည်။
၂။၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် သစ်ကို ဖေါ်ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဖြစ်ပါ၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေ ပြင်ဆင်ပြောင်းလဲရန်၊ (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရန်လိုအပ်သည်ဟု အလေးအနက်ခံယူသည်။
၃။ ထိုသို့ဖေါ်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသား
အင်အားစုအားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပရန် လိုအပ်သည်ဟု အလေးအနက်ခံယူသည်။

မိမိတို့ပါတီအနေဖြင့် ဤ ဆုံးဖြတ်ချက် (၃) ရပ်ကို အပြည့်အ၀ သဘောတူပါသည်။
ဤဆုံးဖြတ်ချက် (၃) ရပ်ကို အပြည့်အ၀ အကောင်အထည်ဖေါ်နိုင်ရေးသည် မြန်မာနိုင်ငံတွင် ယနေ့ ရင်ဆိုင် ကြုံတွေ့ နေရသော ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရေးနှင့် တိုက်ရိုက်အချိုးကျသည်ဟု မိမိတို့ပါတီက လေးနက်စွာ ယုံကြည်ပါသည်။

သို့အတွက် တိုင်းရင်းသားအင်အားစုများအပါအ၀င် နိုင်ငံရေးအင်အားစုအသီးသီးနှင့်လည်းကောင်း၊ လူထုအခြေပြုအဖွဲ့ အစည်းများနှင့်လည်းကောင်း၊ လူမျိုးစုံ မြန်မာပြည်သူများနှင့်လည်းကောင်း ဆုံးဖြတ်ချက်များအပြည့်အ၀ အကောင်အထည်ဖေါ်နိုင် ရေးလုပ်ငန်းစဉ်များတွင် မိမိတို့ပါတီက တက်ကြွစွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤသ၀ဏ်လွှာကို ပေး ပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်)
၂၀၁၄ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့။

Continue Reading

၆၄ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

၁။ ကရင့် အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့ ကျဆုံးခဲ့သည့် အထွဋ်အမြတ်နေ့အား ကရင့်အာဇာနည်နေ့ အဖြစ် နှစ်စဉ် ဂုဏ်ပြု၊ကျင်းပခဲ့ကြသည်မှာ (၆၄) ကြိမ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတလျောက်တွင် အသက်၊ သွေး၊ ချွေးများ ရင်းနှီးပေးဆပ်ခဲ့ကြသော ကရင့်အာဇာနည် အပေါင်းအား မိမိတို့ လေးစား၊တန်ဘိုးထားမှု အပြည့်ဖြင့် ဦးညွှတ်၊ ဂုဏ်ပြုလိုက်ပါသည်။

၂။ အမျိုးသားပြည်သူတရပ်၏ လွတ်မြောက်ရေးသမိုင်းစဉ်တွင် အမျိုးသားဂုဏ်သိက္ခာနှင့် တန်းတူခွင့်၊လွတ်လပ်ခွင့်များကို ကိုယ်စား ပြုနိုင်သည့် သူရဲကောင်း အာဇာနည်တို့အား တန်ဘိုးထား၊မြတ်နိုးခြင်း အောက်မေ့၊အထိမ်းအမှတ်ပြုခြင်းတို့မှာ သမိုင်းတန်ဘိုးအရ အရေးပါသည်ဟု မိမိတို့ နားလည်၊ခံယူမိပါသည်။

၃။ မျက်မှောက်ကာလတိုင်အောင်လည်း ကရင့်အာဇာနည် စောဘဦးကြီး အလေးထား ညွှန်ပြခဲ့သည့် မူ(၄)ချက်အား မမေ့လျော့၊ မသွေဖည်ဘဲ ငြိမ်းချမ်းရေး၊ တန်းတူသောဖက်ဒရယ်ပြည်ထောင်စုစစ်စစ်တရပ်ရရှိရေးတို့ကို ကရင်အမျိုးသားပြည်သူတို့က ဂုဏ် သိက္ခာရှိစွာ ကြိုးပမ်း၊အားထုတ်နေကြဆဲဖြစ်သည် ဟူ၍ မိမိတို့ သုံးသပ်မိပါသည်။

၎။ ဆက်လက်၍ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီထွန်းကားရေး၊ တန်းတူသော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး၊ တမျိုးသားလုံး ဆိုင်ရာ နိုင်ငံရေး တွေ့ဆုံ၊ဆွေးနွေး အဖြေရှာပွဲကြီး ဖြစ်မြောက် အောင်မြင်ရေး စသည့် သမိုင်းတာဝန်များကို ကရင်အမျိုးသား ပြည်သူတို့၏ မိတ်ဆွေကောင်း၊အင်အားစုတရပ်အဖြစ် လက်တွဲဆောင်ရွက်သွားရန် လေးလေးနက်နက် ရည်သန်လျက် ဤဂုဏ်ပြု သဝဏ်လွှာအား ပေးပို့လိုက်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဩဂုတ်လ၊ ၁၂ ရက်။

Continue Reading

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ (၂၆) နှစ်ပြည့် တည်ထောင်ခြင်းနေ့သို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

၂၀၁၄ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆) နှစ်ပြည့်ပြီ ဖြစ်သည်။
အရေးတော်ပုံကြီးအတွင်း အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနှင့် အရေးတော်ပုံကြီး၏ သမိုင်းရေးတာဝန်များကို ဆက်လက်ထမ်းရွက်ရင်း ၂၆ နှစ်တာအတွင်းတွင် သဏ္ဍာန်အမျိုးမျိုးနှင့် ရင်းနှီးပေးဆပ်ခဲ့သူအပေါင်းကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

ပြီးခဲ့သည့်နှစ် ရှစ်လေးလုံးငွေ ရတုလူထုစုဆုံပွဲကြီးတွင် နိုင်ငံရေးအင်အားစု များ၊ လူထုအခြေပြုအဖွဲ့ အစည်းများနှင့် ရဟန်း ရှင်လူပြည်သူများက အောက်ပါ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက် (၃) ရပ်ကို အခိုင်အမာ ချမှတ်ခဲ့ကြပါသည်။

၁။ ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကိုလိုအပ်သည်ဟု အလေးအနက်ခံယူသည်။

၂။၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် သစ်ကို ဖေါ်ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဖြစ်ပါ၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန်၊ (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရန်လိုအပ်သည်ဟု အလေးအနက်ခံယူသည်။