ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

June 2021
M T W T F S S
 123456
78910111213
14151617181920
21222324252627
282930  

ဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း

စာအမှတ် ၊ ၊ ဌနခ / ဗအန / ၂၀၂၀ / ၆။
ရက်စွဲ ၊ ၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်။

ဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း

စာအမှတ် ၊ ၊ ဌနခ / ဗအန / ၂၀၂၀ / ၆။
ရက်စွဲ ၊ ၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်။

မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် မပြီးဆုံးသေးသည့် ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဆက်လက်သယ်ဆောင် ရုန်းကန်ကြရေး နည်းလမ်းတစ်ရပ်အဖြစ် ၂၀၂၀၊ နိုဝင်္ဘာ (၈) ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် “ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ” စိတ်ဓာတ်ကို ဥိးထိပ်ထားလျက် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။
ထို့ကြောင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၇-၁၈) ရက်များတွင် ကျင်းပခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက် (၁) အရ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီ၏ ဗဟိုအောင်နိုင်ရေးကော်မတီကို အောက်ပါ ရဲဘော်များအား တာဝန်ပေးအပ် ဖွဲ့ စည်းလိုက်ပါသည်။

၁။ ဦးသီဟ – ဥက္ကဋ္ဌ
၂။ ဒေါ်နှင်းနှင်းမွှေး – အတွင်းရေးမှူး
၃။ဦးတိုးတိုးထွန်း – အဖွဲ့ဝင်
၄။ ဦးငွေလင်း – အဖွဲ့ဝင်
၅။ ဦးကျော်ကျော်စိုး – အဖွဲ့ဝင်
၆။ ကိုသူအောင် – အဖွဲ့ဝင်

မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် စသည့် လွှတ်တော်အသီးသီးတွင် ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ တိုင်ရင်းသားပါတီများ အပါအဝင် အခြားသောပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ အမှန်တရားနှင့် တရားမျှတမှုအတွက် အဆိုများ၊ တင်ပြချက်များ ပူးပေါင်းလက်တွဲ တင်ပြဆောင်ရွက်ခြင်း၊ လွှတ်တော်အသီးသီးတွင် လူထုအသံကို ထင်ဟပ်နိုင်ရန် အားထုတ်ကြိုးပမ်းခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

“ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ”

ဗဟိုအောင်နိုင်ရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

ဆက်သွယ်ရန် – ဦးသီဟ (၀၉ ၇၈၅ ၁၀၅ ၈၀၈)၊ ဒေါ်နှင်းနှင်းမွှေး (၀၉ ၄၄၃ ၀၅၁ ၉၉၆)

ဥပဒေပြုဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

၂၀၁၉ အောက်တိုဘာ ၁၉။ တောင်ငူ။

YSPS က စီစဉ်ကျင်းပသည့် “ဥပဒေပြုဖြစ်စဉ်အား လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်လေ့လာစဉ်းစားခြင်း” အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ အောက်တိုဘာ ၁၉ ရက်နေ့တွင် တောင်ငူမြို့ Royal Kaytumady ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြရာ DPNS ဗဟိုကော်မတီဝင်များ၊ ပဲခူးတိုင်းရဲဘော်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အမျိုးသားတန်းတူရေးဆိုင်ရာ သဘောထားန်ကြေညာချက် ထုတ်ပြန်

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အမျိုးသားတန်းတူရေးဆိုင်ရာ သဘောထားထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်လိုက်ပါသည်။ မိတ်ဖက်အဖွဲ့အစည်းများတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီလည်း ပါဝင်လျက်ရှိပါသည်။

စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ စကားဝိုင်းဆွေးနွေးပွဲ သဘောထားထုတ်ပြန်ချက်

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ဆွေးနွေးပွဲ၏ အဆက်အဖြစ် ကျင်းပပြုလုပ်သည့် စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှ နိုင်ငံရေးဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းပေါင်း ၁၂၃ ဖွဲ့က သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါသည်။
၂၂၊ ၆၊ ၂၀၁၉။

နိုင်ငံတကာ အမျိုးသမီးများနေ့ သဘောထားထုတ်ပြန်ချက်

နိုင်ငံတကာ အမျိုးသမီးများနေ့ သဘောထားထုတ်ပြန်ချက် (၃/၂၀၁၈)

3.-Statement-on-International-Women-Day-5-3-2018

ဒုတိယအကြိမ်၊လက်ရှိနိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်

ဒုတိယအကြိမ်၊လက်ရှိနိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်

လက်ရှိ နိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်(၂၉.၈.၂၀၁၇)

လက်ရှိ နိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်(၂၉.၈.၂၀၁၇)

ပါတီဆိုင်းဘုတ်ကို ပြင်ဆင်ပြောင်းလဲပေးရခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းချက် သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၆)

DPNS Press Release    (1-2016)

ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးအား ငြိမ်းစုစီ ဥပဒေအရ ပြစ်ဒဏ် ချမှတ်ခံရခြင်း သတင်းထုတ်ပြန်ချက် (၃ / ၂၀၁၅)

DPNS Press Release (3-2015)

ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း (သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၅ ) )

DPNS Press Release (2-2015)