ဆားလင်းကြီးမြို့နယ်ရှိ ပါတီဝင်များ၊ အမျိုးသမီးတက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

စက်တင်ဘာ၊ ၁၇၊ ၂၀၁၉။ ဆားလင်းကြီး။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်း နှင့် ဗဟိုကော်မတီဝင်များသည် ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာအုပ်စု၌ ကံကုန်း၊ ညောင်ပင်ကြီး၊ တုန်ကျေးရွာအုပ်စုတို့မှ ပါတီဝင်များ၊ အမျိုးသမီးတက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ပါတီနှင့် ပါတီအမျိုးသမီးလုပ်ငန်းကော်မတီအား မိတ်ဆက်ခဲ့ပြီး ပါတီ၏ လယ်သမားရေးရာနှင့် ပါတ်သက်သည့် အခြေခံသဘောထားကိုလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဒေသခံများ ကြုံတွေ့နေရသည့် အခြေအနေများအား အပြန်အလှန် ရင်းရင်းနှီးနှီး ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”671″ display=”basic_thumbnail”]