ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By Web Master, on August 28th, 2018
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်ရုံးခွဲ (မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း) ရုံးခန်းဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၁၈၊ သြဂုတ်လ၊ ၂၈ ရက် နံနက် ၉း၀၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။ ရုံးခန်းဖွင့်လှစ်ပွဲသို့ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးသန့်စင်လည်း တက်ရောက်ခဲ့ပါသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့မှ တာဝန်ရှိသူများ သွားရောက်ဝန်းရံ အားပေးခဲ့ကြပါသည်။ စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင် ၃၀ ဦးအား အကြောင်းပြချက်ခိုင်လုံခြင်းမရှိဘဲ ဥပဒေနှင့်ဆန့်ကျင်၍ အလုပ်ထုတ်ပစ်ခဲ့သည့်အတွက် အလုပ်သမား ၂၀၀ ကျော်က သပိတ်မှောက်နေကြခြင်းဖြစ်သည်။ ယနေ့(၂၀၁၈၊ သြဂုတ်လ ၂၈ ရက်နေ့)တွင် သပိတ်မှောက်နေသည်မှာ ၈ ရက်မြောက်ရှိပြီဖြစ်သည်။ အလုပ်သမားများအနေဖြင့် အလုပ်ရပ်စဲသည့်ကြေညာစာကို ပြန်လည်ရုပ်သိမ်းရန် အပါအဝင် အချက် ၉ ချက် တောင်းဆိုထားပြီး အလုပ်ရှင်ဘက်မှ ပြေလည်အောင် ညှိနှိုင်းပေးခြင်းမရှိဘဲဖြစ်နေကြောင်း သိရပါသည်။
By Web Master, on August 27th, 2018
နိုင်ငံလုံးဆိုင်ရာရွှေဝါရောင်တော်လှန်ရေး (၁၁)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပနိုင်ရေး ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈၊ သြဂုတ်လ၊ ၂၇ ရက်နေ့လည်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေသိမ်ဓမ္မသိင်္ဂီကျောင်းတိုက်၌ ပြုလုပ်ခဲ့ပါသည်။ ရွှေဝါရောင်သံဃာတော်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ UNDO၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ 141+၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် စသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ အစည်းအဝေးတက်ရောက်ခဲ့ကြပြီး အခမ်းအနားကျင်းပနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
By Web Master, on August 25th, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင်များနှင့် လူ့ဘောင်သစ်လူငယ် အဖွဲ့ဝင်သစ်များသည် ယနေ့(၂၀၁၈၊ သြဂုတ်လ၊ ၂၅ရက်နေ့)နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လူ့ဘောင်သစ်လူငယ်များက ပါတီ၏မူဝါဒများ၊ လက်ရှိလုပ်ဆောင်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ပါတီနှင့်ပတ်သက်၍သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ပါတီတာဝန်ရှိသူများက မေးမြန်းချက်များကို ပြန်လည် ဆွေးနွေးဖြေကြားပေးခဲ့ကြပါသည်။
By Web Master, on August 24th, 2018
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပသည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းသည့်အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်၊ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်နှင့် မြင်းခြံမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေး စီမံခန့်ခွဲရေးအဖွဲ့တာဝန်ခံ ဦးမျိုးဟန်တို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးကို ၂၀၁၈၊ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ အစည်းအဝေးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
By Web Master, on August 24th, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင်များသည် ၂၀၁၈၊ သြဂုတ်လ ၂၄ ရက်နေ့နံနက်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်လူငယ် လုပ်ငန်းကော်မတီဝင်များက ၎င်းတို့၏ လတ်တလောဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
By Web Master, on August 21st, 2018
ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် ဖုယွင်အထည်ချုပ်အလုပ်သမားသမဂ္ဂ စတင်ထူထောင်သူ အယောက်( ၃၀ )အား လုပ်ငန်းရှင်မှ အကြောင်းမဲ့ အလုပ်မှ ထုတ်ပယ်ခဲ့ပါသည်။ ထိုကြောင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက မိမိတို့အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား အလုပ်ပြန်လည်ခန့်အပ်ပေးရေးအပါအဝင် တောင်းဆိုချက် ၉ ချက်ဖြင့် ၂၀၁၈၊ သြဂုတ်လ၊ ၂၁ ရက်နေ့မှစတင်၍ သပိတ်မှောက်တောင်းဆိုခဲ့ကြပါသည်။ ယနေ့အချိန်ထိ အလုပ်ရှင်နှင့် ညှိနှိုင်းပြေလည်မှု မရှိသေးပါ။ သပိတ်မှောက်အလုပ်သမားများ လိုအပ်သည့်နေရာတွင် သုံးစွဲနိုင်ရေးအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်တို့က အလှူငွေ ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ပါသည်။
By DPNS INFORMATION, on August 19th, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးများဦးဆောင်မှုအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈၊ သြဂုတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရန်ကုန်၊ မြင်းခြံ၊ တံတားဦး၊ ပွင့်ဖြူ၊ ချောင်းသာ၊ ဆားလင်းကြီး အစရှိသည့်ဒေသများမှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဒေါ်နိုးနိုးထက်စံက ဦးဆောင်၍ ပါတီတည်ဆောက်ရေးဆိုင်ရာလုပ်ငန်းစဉ်များအနက် တခုဖြစ်သည့် ပါတီ၏လုပ်ငန်းစဉ်အဆင့်ဆင့်တွင် လူငယ်နှင့် အမျိုးသမီးများ ပိုမိုပါဝင်လာရေးအပေါ် အခြေခံ၍ ကိုတာစနစ်ကို ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on August 18th, 2018
ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စုတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဆိုင်းဘုတ်တင်ပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ၊ ၁၈ ရက်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဆီဆုံကုန်းကျေးရွာအုပ်စု စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on August 18th, 2018
၂၀၁၈၊ ဩဂုတ်လ၊ ၁၈ ရက်နေ့တွင် ရေဝေးသုဿန်၌ ပြုလုပ်သည့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးရေးရာဌာန ဒုတိယတာဝန်ခံ မသင်းသင်းအေး(ခ)မမီးမီး(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်ဟောင်း)၏ ဈာပနသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)က ပန်းခြင်းနှင့်သဝဏ်လွှာ ပေးပို့ဂုဏ်ပြုခဲ့ပါသည်။
|