အင်းစိန်ထောင်တွင်းသပိတ်တိုက်ပွဲ ၂၉ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ စက်တင်ဘာ ၂၅။ M 3 Food Center ၊ ရန်ကုန်။

၁၉၉၀၊ စက်တင်ဘာ၊ ၂၅ အင်းစိန်ထောင်တွင်းသပိတ်တိုက်ပွဲ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ M 3 Food Center ၌ ပြုလုပ်ခဲ့ပါသည်။ သပိတ်တိုက်ပွဲတွင် ပါဝင်ခဲ့သူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ သပိတ်တိုက်ပွဲတွင် ပါဝင်ခဲ့သည့် DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်၍ အမှတ်တရစကား ပြောကြားခဲ့ပါသည်။ ၁၉၉၀ ခုနှစ်၊ မေလတွင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရက အနိုင်ရပါတီအား အာဏာမအပ်သည့်အတွက် အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီ၍ ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။ သပိတ်တိုက်ပွဲကို အာဏာပိုင်များက ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး နောက်ဆက်တွဲ အပြစ်ပေးအရေးယူမှုများလည်း ပြုလုပ်ခဲ့သည်။ ၎င်းအဖြစ်အပျက်အား မှတ်တမ်းရုပ်ရှင်အဖြစ် မကြာမီ ရိုက်ကူးတော့မည် ဖြစ်သည်။

[ngg src=”galleries” ids=”683″ display=”basic_thumbnail”]