“ငြိမ်းချမ်းရေးကို တကယ်လုပ်ပါ။ လူထုကို မလှည့်စားပါနဲ့’’

[လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် – ၆/၂၀၁၉] စစ်ပွဲတွေ ချက်ချင်းရပ်ပါ၊ ထိုးစစ်၊တိုက်စစ်တွေ ချက်ချင်းရပ်ပါ၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာပါလို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြတယ်။ ရခိုင်ပြည်သူတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ခံစားနေရတဲ့ဒုက္ခတွေအတွက် သမ္မတကြီး ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက် ဖြေရှင်းပေးပါလို့ နိုင်ငံရေးပါတီတွေနဲ့ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းတွေက အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြတယ်။ ဒါပေမဲ့ ဘာတုန့်ပြန်မှုမှ မရခဲ့ဘူး။ စစ်ပွဲတွေ ပိုကြမ်းလာတယ်၊ အင်တာနက် လိုင်းတွေ ဖြတ်ပစ်လိုက်တယ်။ စစ်တားဆီးရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံရတယ်။ ရခိုင်ပြည်မြောက်ပိုင်းကလူထုတွေ ပိုပြီး ထိခိုက်သေကျေလာပြီး စစ်ဘေးဒုက္ခသည်တွေသာ ပိုပိုပြီး တိုးပွားလာခဲ့တယ်။ တပ်က စစ်ပွဲတွေကို ရခိုင်ပြည်မြောက်ပိုင်းစစ်မျက်နှာမှာ ကြမ်းသည်ထက် ကြမ်းပြလာတာကြောင့် ရှမ်းပြည် မြောက်ပိုင်းစစ်မျက်နှာ စပေါ်လာခဲ့တယ်။ အလားတူပဲ ရှမ်းပြည်မြောက်ပိုင်းမှာလည်း အရပ်သားတွေ ထိခိုက်သေကျေ ဖြစ်ကြရတယ်။ သြဂုတ် ၁၅ […]

Continue Reading

မအူပင်၊ မလက်တိုကျေးရွာအုပ်စုလယ်သမားများ၏ သတင်းစာရှင်းလင်းပွဲ

၂၀၁၉၊ စက်တင်ဘာ၊ ၂၆။ ရန်ကုန်။ မအူပင် မလက်တိုကျေးရွာအုပ်စုလယ်သမားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် စက်တင်ဘာ ၂၆ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဒေသရှိ လယ်ယာမြေများကို ၁၉၉၉ ခုနှစ်တွင် ရေနက်ကွင်းဖော်ထုတ်မည်ဟုဆိုကာ သိမ်းယူခဲ့ပြီး ၂၀ဝ၃၊ ၂၀ဝ၄ တွင် Orchard Company ကို ဧက ၁၀ဝ၀၊ နှစ် ၃၀ လုပ်ကိုင်ခွင့်ဂရံ ထုတ်ပေးခဲ့ကြောင်း၊ သိမ်းဆည်းခံမြေများအနက် ဘိုးဘွားပိုင်ဆိုပြီး ၄၅၀ ဧက ပြန်ရခဲ့ကြောင်း၊ ၅၅ဝ ဧက အသိမ်းခံရသည့် လယ်သမားများအနက် အယောက် ၄၀ တရားစွဲခံနေရပြီး ၁၁ ဦးထောင်ကျခဲ့ကြောင်း၊ သက်ကြီးရွယ်အိုများပါ ပါဝင်ကြောင်း သိရပါသည်။ အသိမ်းခံရသည့် လယ်သမားများလက်ဝယ်ရှိ ပြေစာများကို ကျေးရွာအုပ်ချုပ်ရေးအာဏာပိုင်များက လဲပေးမည်ဟုပြောပြီး သိမ်းယူသွားခဲ့ကြောင်း၊ ယခင်အစိုးရလက်ထက်မှစ၍ […]

Continue Reading

“လူထုအကျိုးပြုသော လွှတ်တော်ကိုယ်စားလှယ်များ အားကောင်းလာစေရေး” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

၂၀၁၉၊ သြဂုတ်၊ ၃၁။ ပဲခူး။………………………………………………………………………………ပဲခူးမြို့ မေတ္တာစင်တာတွင် ၂၉၊ ၈၊ ၂၀၁၉ မှ ၃၁၊၈၊၂၀၁၉ အထိ ၃ ရက်တိုင် “ လူထုအကျိုးပြုသော လွှတ် တော်ကိုယ်စားလှယ်များ အားကောင်းလာစေရေး” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ပြုလုပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲကို Burma Monitor၊ ပေါင်းကူးနှင့် ပုံရိပ်တို့က ဦးဆောင် ကမကထပြု ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ လူထု အခြေပြုအရပ်ဖက်အဖွဲ့အစည်းများ စုစုပေါင်း ၁၀ဝ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။အားကောင်းလာသော၊ လူထုအသံကို ထင်ဟတပ်ဖော်ထုတ် ဆောင်ရွက်ပေးနိုင်သော လွှတ်တော်များ ဖြစ်ထွန်းလာစေရေးအတွက် အဓိကကျသည့် အခြေခံစဉ်းစားချက်များ သိမြင်တိုးပွားလာစေရန် ရည်ရွယ် ဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဖွံ့ဖြိုးရေးကဏ္ဍ၊ အခြေခံအဆောက်အဦကဏ္ဍ၊ […]

Continue Reading

တိုးတက်သော မဟာမိတ်အဖွဲ့(Progressive Alliance) စုံညီအစည်းအဝေးသို့ DPNS ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တက်ရောက်

၂၀၁၉၊ သြဂုတ်၊ ၃၀။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့။ မလေးရှားနိုင်ငံ မှ Democratic Action Party (DAP) နှင့် Progressive Alliance တို့ ပူးတွဲ၍ ၂၀၁၉၊ သြဂုတ်လ ၃၀ ရက်နေ့တွင် ကွာလာလမ်ပူမြို့၌ တိုးတက်သောမဟာမိတ်အဖွဲ့၏ စုံညီအစည်းအဝေးကို ကျင်းပခဲ့ရာ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်း လက်တင်အမေရိကတို့မှ အဖွဲ့ဝင်နိုင်ငံရေးပါတီများနှင့် မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက် ခဲ့ကြပါသည်။ ဧည့်သည်တော်များအဖြစ် မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ထိုင်းနိုင်ငံမှ Future Firward ပါတီနှင့် Commoner ပါတီတို့ တက်ရောက်ခဲ့ပါသည်။ ထိုအစည်းအဝေးတွက် ယနေ့ ကမ္ဘာ့အခြေအနေ၊ လူပြိန်းကြိုက်ဝါဒ နှင့် အမျိုးသားရေးအစွန်းရောက်များ ခေါင်းထောင်လာနေပုံတို့အား ဆွေးနွေးခဲ့ပြီး နီယိုလစ်ဘရယ်တို့၏ အန္တရာယ်များနှင့်ပတ်သက်၍လည်း သုံးသပ်ခဲ့ကြပါသည်။ မိမိတို့ တိုးတက်သော […]

Continue Reading

DPNS ချောင်းသာမြို့ ပါတီဝင်ရဲဘော်များနှင့်တွေ့ဆုံပွဲ

၂၉၊ ၈၊၂၀၁၉။ ချောင်းသာမြို့။………………………………………………………………………………လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ချောင်းသာမြို့ပါတီဝင်ရဲဘော်များနှင့် တွေ့ဆုံပွဲကို ၂၉၊ ၈၊၂၀၁၉ ရက်နေ့ တွင် ချောင်းသာမြို့ ပါတီရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ချောင်းသာမြို့ကော်မတီဝင်များ ပါတီဝင်များ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစောအောင်နှင့် ပါတီဗဟိုကော်မတီ ဦးမောင်မောင်ကြီးတို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ရပ်ကျေးရုံးခန်းများဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေမှု မြေလွတ်မြေရိုင်းများ လျှောက်ထားခြင်း လမ်းတိုးချဲ့ခြင်း စသည့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ပါတီလူငယ်ဆိုင်ရာအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

SocDem Asia ကွန်ရက် ဆယ်နှစ်ပြည့် ကွန်ဖရင့်သို့ DPNS ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ တက်ရောက်

၂၀၁၉- သြဂုတ်- ၂၉။ ကွာလာလမ်ပူမြို့။…………………………………………………………………………………၂၀၁၉၊ သြဂုတ်လ၊ ၂၉ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ဆိုရှယ်ဒီမိုကရေစီအေရှကွန်ရက်၏ ဆယ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် Breaking Through: A Decade of Democratic Struggleand and Victories ကွန်ဖရင့် ကျင်းပခဲ့ပါသည်။ Democratic Action Party မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ ၎င်းကွန်ဖရင့်သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံတို့ တက်ရောက်ခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲကို ကွန်ရက်၏ ပဲ့ကိုင်ကော်မတီအစည်းအဝေးနှင့် တွဲဖက် ကျင်းပခြင်းဖြစ်ပြီး မြန်မာ၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ နီပေါ၊ မွန်ဂိုလီးယားတို့မှ အဖွဲ့ဝင်နိုင်ငံရေးပါတီများ၊ ဆွီဒင်၊ ဂျာမဏီ၊ အီတလီနှင့် ဥရောပနိုင်ငံများမှ မိတ်ဖက်အဖွဲ့အစည်းများ […]

Continue Reading

လူ့ဘောင်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး (I See Media နှင့် အင်တာဗျူး)

တပ်နှင့်လက်နက်ကိုင်အဖွဲ့များလွှမ်းမိုးသည့်ဒေသများတွင် တရားမျှတသည့်ရွေးကောက်ပွဲဖြစ်မည်ဟု မယုံကြည်ကြောင်း တိုင်းရင်းသားပါတီများဆွေးနွေးခဲ့ဟုဆို (ရုပ်သံ) လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်နှင့်လက်နက်ကိုင်အဖွဲ့တွေ့ရဲ့လွှမ်းမိုးမှုတွေကြောင့် လာမယ့် ၂၀၂၀ရွေးကောက်ပွဲဟာ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာမယ်ဆိုတာကို မယုံကြည့်ဘူးလို့ တိုင်းရင်းသားပါတီ တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံစဉ်မှာ ထည့်သွင်းဆွေးနွေးပြောကြားခဲ့တယ်လို့လည်း အဲ့ဒိဆွေးနွေးပွဲ ကိုတက်ရောက်ခဲ့တဲ့ လူ့ဘောင်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး(၁)ဖြစ်သူ ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ရက်က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ တိုင်းရင်းသားပါတီတွေဘက်က ပြောဆို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဒေါ်နှင်းနှင်းမွှေးကပြောပါတယ်။ ကိုဖူးသစ်

Continue Reading

DPNS မန္တလေးတိုင်းကော်မတီ ဖွဲ့စည်းခြင်း

၂၂၊ ၈၊ ၂၀၁၉။ မန္တလေး။ မန္တလေးတိုင်းကော်မတီ ဖွဲ့စည်းသည့်အစည်းအဝေးကို ၂၀၁၉၊ သြဂုတ်လ၊ ၂၂ ရက်နေ့တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့ပါသည်။ မန္တလေး၊ ပြင်ဦးလွင်၊ မြင်းခြံ၊ တံတားဦးနှင့် ဌာနချုပ်ရဲဘော်များ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။ တိုင်းကော်မတီဖွဲ့စည်းရေး ပြင်ဆင်ဆောင်ရွက်ခဲ့ပုံများကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က ရှင်းလင်းတင်ပြခဲ့ပြီး မန္တလေးတိုင်းရဲဘော်များကလည်း လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည့် မန္တလေးတိုင်းကော်မတီကို အောင်မြင်စွာ ဖွဲ့စည်းခဲ့ကြပြီး တိုင်းရုံးဖွင့်လှစ်ရေး အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

မူဝါဒ ရေးဆွဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ

၂၂၊ ၈၊ ၂၀၁၉။ သံလွင်ပါရာဒိုက်ဟိုတယ်၊ ဘားအံမြို့။IRI မှ စီစဉ်ပြုလုပ်သည့် မူဝါဒရေးဆွဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် ဘားအံမြို့ သံလွင်ပါရာဒိုက်ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ခင်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

တောင်သူလယ်သမားအရေး ဆောင်ရွက်နေကြသည့် ဒေသအသီးသီးမှ အဖွဲ့အစည်းများ တွေ့ဆုံပွဲနှင့် သတင်းစာရှင်းလင်းပွဲ

ကွန်မြူနတီစင်တာ၊ မန္တလေးမြို့။ ၂၀၁၉၊ သြဂုတ်၊၂၂။ မန္တလေးမြို့၊ ကွန်မြူနတီစင်တာတွင် လယ်သမားအရေးဆောင်ရွက်နေသော ဒေသအသီးသီးမှ အဖွဲ့အစည်း များက တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ၂၂၊၈၊၂၀၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်း(ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီ)၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်(မြင်းခြံမြို့နယ် တောင်သူလယ်သမားအရေး လှုပ်ရှားသူများ)တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသအသီးသီးက တောင်သူလယ်သမားများ ကြုံတွေ့ရင်ဆိုင်နေရသော အခက်အခဲများ၊ ဆင်းရဲဒုက္ခများ၊ အဖိနှိပ်ခံနေရမှုများ၊ လူ့အခွင့်အရေးအချိုးဖောက်ခံနေရမှုများ၊ အကာအကွယ်မဲ့နေမှုများ၊ လယ်မြေယာမြေ အသိမ်းဆည်းခံနေရမှုများ၊ မတရားဖမ်းဆီး၊ တရားစွဲ၊ ဝရမ်းထုတ်၊ ထောင်ချခံနေရမှုများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲအပြီးတွင် ထုတ်ပြန်ချက်တစောင် ထုတ်ပြန်၍ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ပါသည်။ ထုတ်ပြန်ချက်တွင် ဒေသအသီးသီးမှ တောင်သူလယ်သမားများ အတိဒုက္ခရောက်နေရခြင်းများသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အားနည်းသည့် စီမံကိန်းများ၊ အာဏာပိုင်အဆင့်ဆင့်နှင့် […]

Continue Reading