ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on November 27th, 2016
နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က စီစဉ်ကျင်းပသည့် ”တရားစီရင်ရေးမဏ္ဍိုင်ဟာ အပြန်အလှန်ထိန်းညှိမှုက လွတ်နေသလား” ဟောပြောဆွေးနွေးပွဲကို ၂၇၊ ၁၁၊ ၁၆ ရက်နေ့ နေ့လည်က တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ဦးကိုနီ၊ ဦးဌေးဦး(စိန်ဂျွန်း)၊ ဦးအောင်ဝင်းတို့က လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်နှင့်ပတ်သက်၍ ဟောပြောဆွေးနွးပေးခဲ့ကြပါသည်။
By DPNS INFORMATION, on November 23rd, 2016
၂၃၊ ၁၁၊ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံးသို့ ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ မိတ်ဆွေများ လာရောက်လေ့လာခဲ့ကြပါရာ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များက လက်ခံတွေ့ဆုံ၍ မြန်မာ့ဒီမိုကရေစီရေး ဖြစ်ထွန်းမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
By DPNS INFORMATION, on November 22nd, 2016
မြင်းခြံမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်အမျိုးသမီးများနှင့် ပါတီလိုလားသူများ တွေ့ဆုံဆွေးနွေးပွဲကို ၂၂၊ ၁၁၊ ၁၆ ရက်နေ့က DPNS မြင်းခြံမြို့နယ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံ၊ ဗဟိုစည်းရုံးရေးကော်တီဝင် ဒေါ်ခင်ခင်ကြိုင်နှင့် ဒေါ်မေဖြူဆွေတို့က ပါတီ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြပါသည်။
By DPNS INFORMATION, on November 6th, 2016 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးကို ၆၊ ၁၁၊ ၁၆ ရက်နေ့လည်က ပါတီဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ရာ ပါတီဗဟိုဦးဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပါတီတည်ဆောက်ရေး၊ မဟာမိတ်ဆက်ဆံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။
By DPNS INFORMATION, on November 5th, 2016 ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်လူငယ်(SSU) အဖွဲ့ဝင်များသည် ၅၊ ၁၁၊ ၁၆ ရက်နေ့ ညနေပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်လေ့လာခဲ့ကြပါသည်။ SSU အဖွဲ့ဝင်များအား DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်(YNS) အတွင်းရေးမှူး ကိုဟန်သူတို့က လက်ခံတွေ့ဆုံ၍ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကို ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။
By DPNS INFORMATION, on November 1st, 2016
ကရင်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့နှင့် Ethnic Peace Resources Project(EPRP)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကရင်ပြည်နယ်အတွင်းရှိ မြေယာပြဿနာများအား လေ့လာတင်ပြချက်စာတမ်း “ဇွဲကပင်သက်သေ ဒို့ ယာမြေ” မိတ်ဆက်ပွဲအခမ်းအနားကို ၁၊၁၁၊၁၆ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွယ်ကဘောင်မိုတယ်ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ စီစဉ်သူများက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ အဓိကတွေ့ရှိချက်များနှင့် အကြံပြုတိုက်တွန်းချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လယ်ယာမြေအသိမ်းခံရသော တောင်သူဦးကြီးများက ၎င်းတို့၏ မြေယာသိမ်းဆည်းခံရမှုများနှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခင်နှင့် ကိုဇော်ရဲထက်တို့ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on November 1st, 2016
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေး ကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးထွန်းတို့သည် တိုင်းစည်းရုံးရေးကော်မတီရုံးခန်း၌ ၁၊ ၁၁၊ ၁၆ ရက်နေ့ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၃၀ နာရီအထိ ဧရာဝတီတိုင်းစည်းရုံးရေးကော်မီတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုတွေ့ဆုံပွဲတွင် မျက် မှောက်ကာလနိုင်ငံရေးအခြေအနေများအပေါ် ပါတီ၏အမြင်သဘောထားများ၊ ပါတီတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ် များ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ပုသိမ်မြို့ရှိ လူထုအခြေပြုအရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အလွတ်သဘောတွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။
|