ကရင့်အာဇာနည်နေ့ကျင်းပမှုဖြင့် ဖမ်းဆီးခံနေရသူများအား သွားရောက်ဝန်းရံ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ စက်တင်ဘာ ၂၄။ ရန်ကုန်။

ကရင့်အာဇာနည်နေ့ကျင်းပမှုဖြင့် ဖမ်းဆီးခံနေရသည့် နော်အုန်းလှ စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့အား ၂၀၁၉၊ စက်တင်ဘာ ၂၄ ရက်နေ့တွင် ကျောက်တံတားတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ကရင်တိုင်းရင်းသားများ၊ တိုင်းရင်းသားလူငယ်များ၊ နိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ UNA ခေါင်းဆောင်များ သွားရောက်ဝန်းရံခဲ့ကြပါသည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ရန် ကြိုးပမ်းရာတွင် တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရရှိရန် အထူးလိုအပ်ပါသည်။ တိုင်းရင်းသားအသီးသီး၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ အလေးအမြတ်ပြုရာများကို အသိအမှတ်ပြုတန်ဖိုးထားရမည်ဖြစ်သည်။ ကရင်အမျိုးသားတို့ အလေးအမြတ်ထားသည့် ကရင့်အာဇာနည်နေ့ ကျင်းပမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသူများကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်လည်း မိမိတို့ပါတီက သဘောထား ထုတ်ပြန်ထားပါသည်။

[ngg src=”galleries” ids=”677″ display=”basic_thumbnail”]