၂၀၁၉ ခုနှစ် ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်တွင် တက်ရောက်ဆွေးနွေး

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

စက်တင်ဘာ ၂၀-၂၁၊ ၂၀၁၉။ ရန်ကုန်။

WLB က စီစဉ်ကျင်းပသည့် ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်ကို ရန်ကုန်မြို့ Western Green Hill ဟိုတယ်၌ ၂၀၁၉ စက်တင်ဘာ ၂၀မှ ၂၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ “ငြိမ်းချမ်းရေးအတွက်အတူတကွ၊ အားလုံးအတွက် လုံခြုံရေး” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများအပါအဝင် နယ်ပယ်အသီးသီးမှ အမျိုးသမီးနှင့် အမျိုးသားခေါင်းဆောင်များ ၃၀ဝ ကျော် တက်ရောက်ခဲ့ကြပါသည်။ ငြိမ်းချမ်းရေးဖိုရမ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ၊ ဗဟိုကော်မတီဝင် ဒေါ်မေဖြူဆွေ၊ လူ့ဘောင်သစ်လူငယ် ဥက္ကဋ္ဌ မအိသဉ္ဇာမောင်နှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် မအေးမြတ်သန္တာတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးတွင်အမျိုးသမီးများ၊ လူငယ်များ ပိုမိုပါဝင်နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုများ၊ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိပါသည်။

[ngg src=”galleries” ids=”675″ display=”basic_thumbnail”]