လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေနိုင်ငံရေးသဘောထား (၂၀၂၁)

နိဒါန်း  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် (၁၃၅ဝ – ပြည့်နှစ်) ဒီမိုကရေစီအရေးတော်ပုံကြီးက သန္ဓေတည် မွေးဖွား ပေးခဲ့သော နိုင်ငံရေးပါတီတစ်ရပ်ဖြစ်သည်။ ယနေ့တွင် ပါတီသည် လူမျိုးစုံ မြန်မာပြည်သူတို့ ဆင်နွှဲလျက်ရှိသော စစ် အာဏာရှင်စနစ်ဖျက်သိမ်းရေး နွေဦးတော်လှန်ရေးကြီးအတွင်း မိမိတို့ ကျရာအခန်းကဏ္ဍ၌ တိုက်ပွဲတာဝန်များ ထမ်း ရွက် ပါဝင်လျက်ရှိသည်။ ဤ ကြီးမြတ်၍ ဂုဏ်ပြောင်သော အရေးတော်ပုံကြီး ၂ ရပ်လုံးပင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုး သားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးတို့အတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့သော မြန်မာပြည် လူမျိုးစုံပြည်သူတို့ ၏ တော်လှန်ရေးကြီးနှင့် သီးခြားကင်းလွတ်၍ ပေါ်ပေါက်ခဲ့ခြင်းကားမဟုတ်။ ထို့အတူ လွတ်လပ်ပြီး နောက်ပိုင်းမှစ၍ ယနေ့တိုင် အာဏာရ အစိုးရအဆက်ဆက်က ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား သွေးစည်းခိုင်မာရေး ပြဿ နာတို့ကို ပြေလည်အောင်မဖြေရှင်းနိုင်ခဲ့သောကြောင့် […]

Continue Reading