ပါတီစည်းရုံးရေးမှူးသင်တန်း (၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနား

၂၀၁၉၊ နိုဝင်ဘာ ၂၅။ ဌာနချုပ်ရုံး။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း အမှတ်စဉ် ၂/၂၀၁၉ ဖွင့်ပွဲကို ၂၀၁၉၊ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ လူထုအတွင်းစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ထက်မြက်တက်ကြွခိုင်မာသည့် ပါတီစည်းရုံးရေးမှူးကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ပြီး စည်းရုံးရေးမှူးသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားတွင် ပါတီခေါင်းဆောင်များက သင်တန်းသားများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါသည်။ ထို့ပြင် မဟာမိတ်အဖွဲ့အစည်းများဖြစ်ကြသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်၊ ကရင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုတို့ တက်ရောက်အားပေး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါသည်။

Continue Reading

SocDem Asia အစည်းအဝေး တက်ရောက်

၂၀၁၉၊ နိုဝင်ဘာ ၂၄-၂၅။ ဘန်ကောက်။ SocDem Asia အစည်းအဝေးကို ၂၀၁၉၊ နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့ပါသည်။ မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ ဆွီဒင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှ SocDem Asia အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြရာ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့၏ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါသည်။တက်ရောက်လာသည့် ကိုယ်စားလှယ်များက မိမိတို့နိုင်ငံအသီးသီး၏ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ လက်ရှိအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ရွေးကောက်ပွဲမဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

၂၀၁၉၊ နိုဝင်ဘာ ၁၈ – ၂၂ ဌာနချုပ်ရုံး၊ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ရွေးကောက်ပွဲမဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ထိ ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် နိုင်ငံရေးဦးဆောင်မှု၊ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ သဘောတရား၊ ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခြင်း စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး ပါတီဗဟိုကော်တီဝင်များ၊ ဒေသဆိုင်ရာကော်မတီခေါင်းဆောင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် The Voice Journal တွေ့ဆုံခြင်း (18.11.2019 The Voice Journal)

မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ပြည်ပထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တစ်ယောက် ၂၀၁၃ ခုနှစ် ပြည်တော်ပြန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ သို့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယနေ့တိုင် ရွေးကောက်ပွဲမဝင်နိုင်သေး။ အခြေခံဥပဒေအရ ကန့်သတ်ခံထားရဆဲဖြစ်သည်။ ပြည်တော်ပြန်နိုင်ငံရေးသမားများ၏ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေရမှု အခက်အခဲ၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ လာမည့်ရွေးကောက်ပွဲအခြေအနေနှင့် ပြည်တွင်းပါတီနိုင်ငံရေး အားပြိုင်မှုများအကြောင်း The Voice Journal က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။ The Voice Journal – အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားရောက်နေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေပေါ့။ တချို့ ပြန်လာလို့ မရဘူး။ အခုခေတ်ထိကို ပြန်လာလို့မရဘူး။ တချို့ကျ ပြန်လာကြတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့် မရပြန်ဘူး။ တချို့ကျ အခြေခံ ဥပဒေပုဒ်မ ၁၂၀ […]

Continue Reading

ပေါက်ခေါင်းမြို့နယ်၊ အောင်မြင်ကုန်းရွာ တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းရေး အစည်းအဝေး

၂၀၁၉၊ နိုဝင်ဘာ ၁၇။ ပေါက်ခေါင်း။ ပေါက်ခေါင်းမြို့နယ်၊ ပေါင်းစပါးကျေးရွာအုပ်စု၊ အောင်မြင်ကုန်းကျေးရွာ၌ တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေးကို ၂၀၁၉၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဆွေးနွေးစည်းဝေးကြရာတွင် ဒေသခံ အရှိုချင်းတိုင်းရင်းသားလယ်သမားများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ပေါက်ခေါင်းမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌနှင့် သမဂ္ဂဖွဲ့စည်းရေး တက်ကြွလှုပ်ရှားသူများက ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက မိမိတို့လူတန်းစားစုဖွဲ့မှုနှင့် လူတန်းစားအသိ၊ နိုင်ငံရေးအသိ မြှင့်တင်ရေးလုပ်ငန်းများကို စုစည်းလုပ်ဆောင်ကြရန် တက်ကြွစွာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

Continue Reading

ဖက်ဒရယ်ဆွေးနွေးပွဲ မြောင်းမြတွင် ပြုလုပ်

၂၀၁၉၊ နိုဝင်ဘာ ၁၅-၁၆။ မြောင်းမြ။ မြောင်းမြမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲကို မြောင်းမြလူငယ်ကွန်ရက်ရုံးခန်း၌ နိုဝင်ဘာ ၁၅ နှင့် ၁၆ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ ဖက်ဒရယ်ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းက ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် ဖက်ဒရယ်သင်တန်းဆရာများက ဖက်ဒရယ်ဆိုင်ရာသဘောတရားများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီဝင်များ၊ ဖက်ဒရယ်အရေးစိတ်ပါဝင်စားသူများနှင့် ဖိတ်ကြားထားသူများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

Continue Reading

လပွတ္တာတွင် ဖက်ဒရယ်ဆွေးနွေးပွဲ ပြုလုပ်

၂၀၁၉၊ နိုဝင်ဘာ ၁၃-၁၄။ လပွတ္တာ။ လပွတ္တာမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲကို လပွတ္တာမြို့နယ်၌ နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲအဖွင့်စကားကို DPNS လပွတ္တာမြို့နယ်ကိုယ်စား ဦးအောင်မိုးဝင်းက ပြောကြားခဲ့ပြီးနောက် ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် လက်ရှိနိင်ငံရေးအခြေအနေ အခင်းအကျင်းကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းက ပြောကြားခဲ့ပါသည်။ထို့နောက် ဖက်ဒရယ်သင်တန်းဆရာများက ဖက်ဒရယ်ဆိုင်ရာသဘောတရားများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီဝင်များ ဖက်ဒရယ်အရေး စိတ်ပါဝင်စားသူများနှင့် ဖိတ်ကြားထားသူများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၃ နှင့် ၁၄ နှစ်ရက်တာ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည်။

Continue Reading

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး

၁၄၊ နိုဝင်ဘာ၊ ၂၀၁၉။ UEC ရုံး၊ နေပြည်တော်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉၊ နိုဝင်ဘာလလ၊ ၁၄ ရက်နေ့ နံနက် ၉းဝ၀ နာရီမှ နေ့လည် ၁းဝ၀ နာရီအထိ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ရုံး၌ ပြုလုပ်ခဲ့ပါသည်။ နိုင်ငံရေးပါတီပေါင်း ၇၇ ပါတီ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။ UEC ဥက္ကဋ္ဌနှင့် ကော်မရှင်တာဝန်ရှိသူများက လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ၎င်းအစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ခဲ့ပါသည်။ ဒေါ်နှင်းနှင်းမွှေးက တင်ပြရာတွင် ရွေးကောက်ပွဲတွင် ပါတီများလိုက်နာသင့်သည့် ကျင့်ဝတ်များဆိုင်ရာ ဆွေးနွေးပွဲများသည် ပါတီအားလုံးကို ကိုယ်စားပြုနိုင်သည့်ဆွေးနွေးပွဲများ ဖြစ်ရမည်ဖြစ်ကြောင်း၊ […]

Continue Reading

ချောင်းသာမြို့ ပါတီမိတ်ဆက်ဆွေးနွေးပွဲ

နိုဝင်ဘာ ၉၊ ၂၀၁၉။ ချောင်းသာ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီမိတ်ဆက်ဆွေးနွေးပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် ချောင်းသာမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်း၊ ပါတီဗဟိုကော်မတီဝင် ဦးမောင်မောင်ကြီး၊ လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုထက်နိုင်လင်း၊ မဇင်မာအေးတို့က ပါတီဖြတ်သန်းမှုသမိုင်း၊ လူငယ်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ DPNS ချောင်းသာမြို့ပါတီဝင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ်

၂၀၁၉၊ နိုဝင်ဘာ ၈-၉။ ချောင်းသာ။ ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲကို နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ချောင်းသာမြို့၌ ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ချောင်းသာမြို့မှ ဖက်ဒရယ်အရေး စိတ်ပါဝင်စားသူများ၊ DPNS ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် FTT ဆရာများက ဖက်ဒရယ်စနစ်၏ အခြေခံများ၊ ဖက်ဒရယ်စနစ်နှင့် အခြေခံဥပဒေ၊ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်း၊ လူနည်းစုအခွင့်အရေးများကို ကာကွယ်ခြင်း၊ လုပ်ပိုင်ခွင့်အာဏာများခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၊ ဖက်ဒရယ်စနစ်တွင် ဘဏ္ဍာငွေကြေး ခွဲဝေမှုခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။

Continue Reading