ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on August 31st, 2016
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ၂၀၁၆၊ သြဂုတ် ၃၁ ရက်နေ့ နံနက်ပိုင်း၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး၊ UNFC ဥက္ကဋ္ဌ၊ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး၊ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့က အမှာစကားပြောကြားခဲ့ကြပါသည်။ ညီလာခံဖွင့်ပွဲအခမ်းအနားကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများအပါအ၀င် ၁၇၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းလည်း တက်ရောက်ခဲ့ပါသည်။
By DPNS INFORMATION, on August 30th, 2016
၂၀၁၆၊ ဩဂုတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်မည့် A Social Democratic Asia: Inclusive Policy Formulation Seminar ကို နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူ ရှိ Park Village Hotel တွင် ယနေ့နံနက် ၉:၃၀ နာရီတွင် စတင်ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲသို့ နီပေါကွန်ကရက်ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် နီပေါနိုင်ငံဒုဝန်ကြီးချုပ် တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။ ထို seminar သို့ အိမ်ရှင် နီပေါကွန်ကရက်ပါတီ ၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်ပါတီ၊ ဖိလစ်ပိုင်နိုင်ငံမှ Akbayan ပါတီ၊ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ Social Democratic Asia Network မှ အတွင်းရေးမှူးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on August 27th, 2016 မိတ်ဆွေအင်အားစုများ ဆက်ဆံရေးနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် (၅ / ၂၀၁၆) ၁။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) သည် (၂၄၊ ၁၀၊ ၂၀၁၄) ရက်နေ့မှ စတင်၍ တရားဝင် နိုင်ငံရေးပါတီတရပ်အဖြစ် လှုပ်ရှား ဆောင်ရွက်ခဲ့ပါသည်။ ၂။ ၎င်းကာလမှ ယနေ့ (၂၇၊ ၈၊ ၂၀၁၆)အထိ မိတ်ဆွေအင်အားစုအဖြစ် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ (UNA +)၊ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ အကောင်အ ထည်ဖော်ရေးကော်မတီ၊ ပညာရေးစံနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော် မှိုင်း ငြိမ်းချမ်းရေးကွန်ရက် စသည်တို့တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း ပြုခဲ့ပါသည်။ ၃။ မိမိတို့အနေဖြင့် အခြားနိုင်ငံရေးပါတီများ၊ နိုင်ငံရေးအစုအဖွဲ့များ အားလုံးကို အလေးထား လေးစားသည့် သဘောထား အခြေခံ ရှိသော်လည်း အဓိကကျသော နိုင်ငံရေးသဘောထားများနှင့် ပတ်သက်၍ အထက်ပါ အင်အား စုများတွင်သာ ပါဝင် ဆောင်ရွက်မှု ရှိခဲ့ပါသည်။ အခြားသော ပါတီ၊ အစုအဖွဲ့များတွင် ယနေ့အထိ ပါဝင်ဆောင်ရွက်ခဲ့မှု တစုံတရာ မရှိခဲ့ပါ။ ၄။ ယခုရက်အနည်းငယ်အတွင်း ထွက်ပေါ်လာသည့် စစ်မှန်သောဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအင်အားစု(ဧရာဝတီ) အမည်ဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက် တရပ် ထွက်ရှိလာခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်သည် မိမိတို့ပါတီနှင့် မပတ်သက်ကြောင်း၊ အဆိုပါ အင်အားစုအတွင်း မိမိတို့ပါတီအနေဖြင့် ပါဝင်ဆောင်ရွက်မှု မရှိကြောင်း မိတ်ဆွေနိုင်ငံရေးအင်အားစုအသီးသီးနှင့် ပြည်သူအများ သိရှိ စေရန် ထုတ်ပြန် ကျေညာအပ်ပါသည်။ ၅။ ဒေသဆိုင်ရာ ပါတီစည်းရုံးရေးကော်မတီအသီးသီးအနေဖြင့် မိမိတို့ဒေသတွင်း ဆောင်ရွက်ဖွယ် ကိစ္စရပ်များကို သီးခြား လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိကြသော်လည်း နိုင်ငံလုံးဆိုင်ရာကိစ္စရပ်များ၊ ပါတီအတွက် အဓိကကျသည့် အခြားအင်အားစုများနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ၊ မူသဘောဆောင်သော ထုတ်ပြန်ကျေညာမှုများ အား ပါတီဗဟိုစည်းရုံးရေးကော်မတီ၏ တာဝန်ခံမှုဖြင့်သာ ဆောင်ရွက်ကြောင်းကို အသိပေး ထုတ်ပြန်အပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဩဂုတ် (၂၇) ရက်။
By DPNS INFORMATION, on August 26th, 2016
မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်(DIPD)မှ စီစဉ်ကျင်းပသော ဖက်ဒရယ်မူဝါဒရေးရာ နိုင်ငံရေးစကားဝိုင်းကို ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ၂၆၊ ၈၊ ၁၆ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သဘာဝသယံဇာတဘဏ္ဍာငွေ မျှဝေရေး မူကွဲများအကြောင်းကို ဆရာမော်ထွန်းအောင်(Natural Resource Governance Institute)က ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော နိုင်ငံရေးပါတီခေါင်းဆောင်များက သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗဟိုစည်ရုံးေးရးကော်မတီဝင် ဦးအောင်မျိုးဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on August 21st, 2016
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၁၊ ၈၊၂၀၁၆ နေ့တွင် ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်းရှိ ပါတီဌာနချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာကိစ္စရပ်များအလိုက် ကျွမ်းကျင်သည့် ဗဟိုစည်းရုံးရေး ကော်မတီဝင်အချို့ကိုပါ ဖိတ်ကြား၍ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ)နှင့် ပတ်သက်သည့် သဘောထား၊ ရွေးကောက်ပွဲအနိုင်မရပါတီ ၇၀ အပေါ်ထားသည့် NRPC ၏ စဉ်းစားဆောင်ရွက်နေမှုအပေါ် သဘောထား၊ ၂၀၁၆ ခုနှစ် ပါတီလုပ်ငန်းစဉ်များအတွက် အချိန်ဇယားနှင့် တာဝန်ယူ ဖေါ်ဆောင်ကြမည့် ရဲဘော်များကို သတ်မှတ်တာဝန်ပေးခြင်း၊ စည်းရုံးရေးကော်မတီများ ကျစ်လျစ်ခိုင်မာရေး၊ အမျိုးသမီးများ အလုပ်အဖွဲ့ ဖော်ဆောင်ရေး၊ ပါတီစည်းရုံးရေးစာစဉ် ထုတ်ဝေဖြန့်ချိမှု စသည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
By DPNS INFORMATION, on August 17th, 2016
ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာအင်စတီကျု၏ မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်မှ စီစဉ်ကျင်းပသော မန္တလေးမြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲဆိုင်ရာ ပါတီစုံဆွေးနွေးပွဲကို ၂၀၁၆၊ သြဂုတ်လ ၁၇ ရက်နေ့နံနက် ၉းဝဝနာရီမှ ညနေ ၄း၃ဝ နာရီထိ မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ Wilson Hotel တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ မန္တလေးမြို့ စည်ပင် သာယာရေးကော်မတီ ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီများအကြား ချိတ်ဆက်ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ကိုသန့်စင်(ဗဟိုစည်းရုံးရေးကော်မတီ)၊ ကိုအောင်ရှမ်း(မြို့နယ်စည်းရုံးရေးကော်မတီ)၊ မညို(လူ့ဘောင်သစ်လူငယ်)တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on August 17th, 2016 စာစဉ်ရယူရန် ပါတီစည်းရုံးရေးစာစဉ် အတွဲ(၁)၊ အမှတ်(၁)
By DPNS INFORMATION, on August 14th, 2016
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)၏ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆၊ ဩဂုတ်လ ၁၄ ရက်နေ့က မကွေးမြို့၊ ကပ်ကျော်ပညာပါရမီကျောင်း၌ ပြုလုပ်ခဲ့ရာ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ NNER ပြည်နယ်နှင့်တိုင်း ကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် NNER၏ ပညာရေးမူဝါဒများကို ပြည်သူလူထုကြား၌ ပိုမိုသိရှိနားလည် လက်ခံလာနိုင်စေရန် တိုက်တွန်းနှိုဆော်သည့် သင်တန်းများပြုလုပ်ရာတွင် ကိုင်စွဲရမည့် သင်ရိုးညွှန်းတမ်းအခြေခံမူများကို ဆွေးနွေးခဲ့ကြပါသည်။ NNER လုပ်ငန်းအဖွဲ့နှင့် ပြည်နယ်-တိုင်း ကွန်ရက်များ၏ လက်ရှိအခြေအနေများ၊ အခက်အခဲများ၊ ဆောင်ရွက်ထားရှိချက်များကိုလည်း အသီးသီး တင်ပြခဲ့ကြပြီး အောက်တိုဘာ ၆ လပတ်အစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်ရန်ထားလိုအပ်သည့် အချက်အလက်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on August 13th, 2016
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၆၊ ဩဂုတ်လ ၁၃ ရက်နေ့ညနေပိုင်းတွင် မကွေးမြို့ ကပ်ကျော်ပညာပါရမီကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ NNER ပြည်နယ်နှင့်တိုင်း ကွန်ရက်အဖွဲ့ဝင်များ၊ ဒေသခံကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် လာမည့် အောက်တိုဘာလ ၁ ရက်နှင့် ၂ ရက်နေ့များတွင် မကွေးမြို့၌ ကျင်းပပြုလုပ်မည့် NNER ပြည်နယ်နှင့်တိုင်း ကွန်ရက်များ၏ ၆ လပတ်အစည်းအဝေးနှင့် ဟောပြောဆွေးနွေးပွဲအတွက် အသေးစိတ် အချက်အလက်များကို ညှိနှိုင်းတိုင်ပင်ခဲ့ကြပါသည်။
By DPNS INFORMATION, on August 13th, 2016
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) မကွေးကွန်ရက်မှ စီစဉ်ကျင်းပသော ပညာရေးဟောပြောဆွေးနွေးပွဲကို ၂၀၁၆၊ သြဂုတ်လ ၁၃ရက်နေ့ နံနက် ၉:၀၀ နာရီက မကွေးဟော်တယ်ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲ၌ ဆရာဦးခင်မောင်ကြင်က ပညာရေးဖွံ့ဖြိုးတိုးတက်ရေးတွင် သင်ရိုးညွှန်းတမ်း အခန်းကဏ္ဏ၊ ကိုရဲဝင်းက ၂၀၁၆-၂၀၁၇ ပညာရေးနှစ်တွင် ကျောင်းအပ်နှံခွင့် ငြင်းပယ်ခံရသော မသန်စွမ်းကလေးများနှင့် ကျောင်းတွင်တွေ့ကြုံရသည့် အခက်ခဲများစစ်တမ်း၊ ဒေါက်တာသိန်းလွင်က လက်ရှိနိုင်ငံရေးအခြေအနေအောက်က ပညာရေးပြောင်းလဲမှုကို သုံးသပ်ခြင်းဟူသည့် ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ပညာရေးပြုပြင်ပြောင်းလဲရေးကို စိတ်ပါဝင်စားသည့် ဒေသခံများ၊ ဆရာဆရာမများ၊ အငြိမ်းစားပညာရေးဝန်ထမ်းများ၊ ကျောင်းသားသမဂ္ဂများ၊ ပညာရေးလုပ်ငန်း လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ NNER ပြည်နယ်နှင့်တိုင်း ကွန်ရက်အဖွဲ့ဝင်များ တက်ရောက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
|