ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on September 27th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ် အောင်နိုင်ရေးအဖွဲ့ဝင်များသည် ၂၀၁၈၊ စက်တင်ဘာ ၂၇ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ထိုခရီးစဉ်တွင် မြပန်းခိုင်၊ ဆိတ်ညံ၊ သပြေသာ၊ မရိုးကုန်း၊ ထနောင်းစုတောင်ရွာနှင့် မြောက်ရွာများသို့ သွားရောက်၍ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဖြိုးဟန်၏ လက်ကမ်းစာစောင်များကို တအိမ်တက်ဆင်းစနစ်ဖြင့် ဝေငှခဲ့ကြပါသည်။ ပါတီ၏သဘောထားနှင့် ရပ်တည်ချက်ကိုလည်း ဒေသခံပြည်သူများအား ရှင်းလင်းပြောကြားခဲ့ကြပါသည်။
By DPNS INFORMATION, on September 25th, 2018 ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် လူထုစည်းရုံးရေးခရီးစဉ်အဖြစ် မြင်းခြံမြို့နယ်အတွင်းရှိ ဇလက်ကုန်းရွာ၊ တိမ်တိုင်ရွာ၊ ရွာသစ်ရွာတို့ရှိ ကျေးလက်နေပြည်သူများအား လက်ကမ်းစာစောင်များ တအိမ်တက်ဆင်း ဝေငှပြီး ပါတီ၏ ရပ်တည်ချက်၊ မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။
By DPNS INFORMATION, on September 24th, 2018 ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၄ ရက်နေ့တွင် လူထုစည်းရုံးရေးခရီးစဉ်အဖြစ် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ခဲ့ကြပါသည်။ ထိုသို့သွားရောက်ရာတွင် ကန်ဆွယ်ရွာ၊ ကန်နီရွာ၊ မီးပေါက်ရွာ၊ ပျိုးကန်ရွာ၊ ရွာသစ်ရွာတို့ရှိ ကျေးလက်နေပြည်သူများအား လက်ကမ်းစာစောင်များ တအိမ်တက်ဆင်း ဝေငှပြီး ပါတီ၏မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။
By DPNS INFORMATION, on September 22nd, 2018 မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များသည် ၂၀၁၈၊ စက်တင်ဘာ၊ ၂၂ ရက်နေ့တွင် ကျေးလက်လူထုစည်းရုံးရေးခရီးစဉ်အဖြစ် ဖက်ရင်း၊ ရသာ၊ ကန်ပေါက်ရွာများသို့ သွားရောက်ခဲ့ကြပါသည်။ ၎င်းရွာများတွင် ရပ်ကျေးဆိုင်းဘုတ်များ တင်ခဲ့ပြီး ကျေးရွာလူထုအားလည်း ဟောပြောပွဲပြုလုပ်၍ ပါတီ၏မူဝါဒ၊ လမ်းစဉ်များကို ပြည်သူလူထုအား ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ခရီးစဉ်အတွင်း အတူလိုက်ပါသွားသည့် ပါတီကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များကလည်း ကျေးရွာလူထုအား လက်ကမ်းစာစောင်များ ဝေငှခဲ့ကြပါသည်။
By DPNS INFORMATION, on September 19th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ဆောင်ပုဒ်ဖြစ်သည့် ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆောင်ပုဒ်နှင့်အညီ လေူထုစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၈၊ စက်တင်ဘာ ၁၉ ရက်နေ့တွင် မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဒေသခံစည်းရုံးရေးမှူးများက မြင်းခြံမြို့နယ်၊ ဖုံရွာ၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရပ်ကျေးဆိုင်းဘုတ်ကို စိုက်ထူခဲ့ပါသည်။
By DPNS INFORMATION, on September 19th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ၂၀၁၈ စက်တင်ဘာ ၁၉ ရက်နေ့တွင် ဖုံရွာ၊ ဖောင်းကား၊ သမုန်းကိုင်း၊ ပျော်ဘွယ်၊ ရွာသာ၊ စံပြကျေးရွာများသို့ ကျေးလက်လူထုစည်းရုံးရေးခရီးစဉ် သွားရောက်၍ လက်ကမ်းစာစောင်များ ဝေငှပြီး ဒေသခံများသိလိုသည်များကို ရှင်းပြခဲ့ကြပါသည်။
By DPNS INFORMATION, on September 17th, 2018 မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များ၊ ပါတီထောက်ခံသူများသည် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဆီမီးခုံ၊ ကွေ့ကြီး၊ ကတော၊ ကုလ၊ လှိုင်းတက်ရွာများသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ညနေပိုင်းတွင် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ စည်းရုံးရေးမှူးများက မရိုးကုန်းကျေးရွာ၌ ရပ်ကျေးဆိုင်းဘုတ် စိုက်ထူခဲ့ကြပါသည်။
By DPNS INFORMATION, on September 15th, 2018 ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာ ၁၅ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ကျားတိုင်း၊ သိမ်ရွာ၊ ရွာရှည်၊ ဆင်းဂွတ်၊ မရိုးကုန်းရွာများရှိ ကျေးလက်နေပြည်သူတို့ထံသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှပြီး ပါတီ၏ရပ်တည်ချက်နှင့် မူဝါဒသဘောထားများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။
By DPNS INFORMATION, on September 13th, 2018 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ စက်တင်ဘာလ ၁၃ ရက်နေ့တွင် မြင်းခြံမြို့နယ် ဂင့်ဂဲ၊ ဥဒယ၊ စားကြူး၊ ကန်တော်ရွာများရှိ ကျေးလက်နေပြည်သူများထံသို့ ရေကြောင်းခရီးဖြင့် သွားရောက်ခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း ပြည်သူ့အသံ၊ DPNS အသံ ဖြစ်စေရန်အတွက် ပြည်သူများ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ဘဝအခြေအနေများကိုလည်း လေ့လာခဲ့ကြပါသည်။
By DPNS INFORMATION, on September 10th, 2018 ၂၀၁၈၊ စက်တင်ဘာ ၁၀ ရက်နေ့တွင် မြင်းခြံမြို့နယ် စည်းရုံးရေးကော်မတီဝင်များသည် ရွာသာကုန်းကျေးရွာ၌ ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲအပြီးတွင် ပါတီကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်ကို စိုက်ထူခဲ့ပြီး ရွာသာကုန်းကျေးရွာနှင့် အနီးအနားရွာများရှိ ကျေးလက်နေပြည်သူများထံသို့လည်း သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း စည်းရုံးရေးဆင်းခဲ့ကြပါသည်။
|