ဗိုလ်အောင်ကျော် နှစ်(၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ ၁။ ၁၃၀၀ ပြည့် အရေးတော်ပုံသူရဲကောင်း၊ ကျောင်းသားအာဇာနည် ရဲဘော် ဗိုလ်အောင်ကျော်၏ နှစ်(၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ယူ၊ ဝမ်းမြောက်စွာ သဝဏ်လွှာ ပေးပို့အပ်ပါသည်။ ၂။ ဤ သူရဲကောင်းအာဇာနည်သည် မိမိတို့သမိုင်း၏ နယ်ချဲ့ ဖက်ဆစ် ဆန့်ကျင်ရေး၊ အဖိနှိပ်ခံ အမျိုးသားပြည်သူတို့ လွတ် မြောက်ရေး၊ ကိုလိုနီ ကျွန်ပညာကို ဖျက်သိမ်းလျက် လွတ်လပ်သော အမျိုးသားပညာရေးစံနစ် ထူထောင်ရေး၊ ဗိုလ်ကျစိုးမိုးသည့် အာဏာကို အာခံတော်လှန်ရေး စသည်တို့အတွက် ဂုဏ်ပြောင်သော အထိမ်းအမှတ်၊ မော်ကွန်း တစ်ရပ်ပင် ဖြစ်သည်။ ၃။ အဖိနှိပ်ခံ အမျိုးသားပြည်သူတို့ လွတ်မြောက်ရေးတိုက်ပွဲ၏ အခန်းဆက်အဖြစ် မြန်မာပြည်သူများ ဆင်နွှဲလျက်ရှိကြသော ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ သွေးစည်းညီညွတ်သော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အရေးတော်ပုံ သည် ယနေ့တိုင် ဆုံးခန်းမတိုင်၊ မအောင်မြင်နိုင်သေးဘဲ အကြပ်အတည်းပေါင်းစုံကို အံတု၊ ရုန်းကန်နေကြရဆဲ ဖြစ်ပေသည်။ ၄။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် အဖိနှိပ်ခံ လူမျိုးစုံပြည်သူလူထုကြီးနှင့် အခိုင်အမာ လက်တွဲလျက် ဤ အရေးတော်ပုံကြီး ဆုံးခန်းတိုင်၊ အောင်မြင်သည်အထိ ကျရာအခန်းကဏ္ဍမှ တတပ်တအား ပါဝင် တာဝန်ထမ်းရွက်မည် ဟု အာဇာနည် ရဲဘော် ဗိုလ်အောင်ကျော်၏ နှစ်(၁၀၀)ပြည့် နေ့မြတ် အခါသမယတွင် ကတိဓိဋ္ဌာန် ပြုအပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၇ ရက်။