DPNS ရွေးကောက်ပွဲအောင်နိုင်ရေး ကျေးလက်ခရီး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ် အောင်နိုင်ရေးအဖွဲ့ဝင်များသည် ၂၀၁၈၊ စက်တင်ဘာ ၂၇ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ထိုခရီးစဉ်တွင် မြပန်းခိုင်၊ ဆိတ်ညံ၊ သပြေသာ၊ မရိုးကုန်း၊ ထနောင်းစုတောင်ရွာနှင့် မြောက်ရွာများသို့ သွားရောက်၍ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဖြိုးဟန်၏ လက်ကမ်းစာစောင်များကို တအိမ်တက်ဆင်းစနစ်ဖြင့် ဝေငှခဲ့ကြပါသည်။ ပါတီ၏သဘောထားနှင့် ရပ်တည်ချက်ကိုလည်း ဒေသခံပြည်သူများအား ရှင်းလင်းပြောကြားခဲ့ကြပါသည်။

Continue Reading

 DPNS မြင်းခြံမြို့နယ် ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ

မြင်းခြံမြို့နယ်စည်းရုံးကော်မတီဝင်များသည် ၂၀၁၈၊ စက်တင်ဘာ ၂၇ ရက်နေ့တွင် မြပန်းခိုင်ကျေးရွာသို့ သွားရောက်၍ ရပ်ကျေးဆိုင်းဘုတ်ဖွင့်လှစ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ ဒေသခံစည်းရုံးရေးမှူးများ၊ ပါတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။

Continue Reading

 DPNS ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီးစဉ်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် လူထုစည်းရုံးရေးခရီးစဉ်အဖြစ် မြင်းခြံမြို့နယ်အတွင်းရှိ ဇလက်ကုန်းရွာ၊ တိမ်တိုင်ရွာ၊ ရွာသစ်ရွာတို့ရှိ ကျေးလက်နေပြည်သူများအား လက်ကမ်းစာစောင်များ တအိမ်တက်ဆင်း ဝေငှပြီး ပါတီ၏ ရပ်တည်ချက်၊ မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။

Continue Reading

မြင်းခြံမြို့နယ် ကျေးရွာနှစ်ရွာတွင် DPNS ရပ်ကျေးဆိုင်းဘုတ်တင်

မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များသည် ၂၀၁၈၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် ဂင့်ဂဲနှင့် ဇလက်ကုန်းကျေးရွာများသို့ သွားရောက်၍ ရပ်ကျေးဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ၊ ဒေသခံများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

 ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးခရီး

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၄ ရက်နေ့တွင် လူထုစည်းရုံးရေးခရီးစဉ်အဖြစ် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ခဲ့ကြပါသည်။ ထိုသို့သွားရောက်ရာတွင် ကန်ဆွယ်ရွာ၊ ကန်နီရွာ၊ မီးပေါက်ရွာ၊ ပျိုးကန်ရွာ၊ ရွာသစ်ရွာတို့ရှိ ကျေးလက်နေပြည်သူများအား လက်ကမ်းစာစောင်များ တအိမ်တက်ဆင်း ဝေငှပြီး ပါတီ၏မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။

Continue Reading

မြင်းခြံမြို့နယ် DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ

၂၀၁၈၊ စက်တင်ဘာ ၂၄ ရက်နေ့တွင် မြင်းခြံမြို့နယ်၊သမုန်းကိုင်းနှင့် ပျိုးကန်ကျေးရွာအုပ်စုတို့တွင် ရပ်ကျေးဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြပါသည်။ အဆိုပါ ဆိုင်းဘုတ်တင်ပွဲများသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီစည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ပါတီထောက်ခံသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

မြင်းခြံမြို့နယ် ဆင်းဂွတ်၊ ရွာရှည်၊ လှိုင်းတက်၊ ဖက်ပင်အိုင်၊ ကျောက်တိုင်၊ ကန်နီ၊ ကတော၊ ဆုံရွာတို့တွင် ရပ်ကျေးဆိုင်းဘုတ်များ စိုက်ထူ

မြင်းခြံမြို့နယ် စည်းရုံးရေးကော်မတီဝင်များသည် ၂၀၁၈၊ စက်တင်ဘာ၊ ၂၃ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ဆင်းဂွတ်၊ ရွာရှည်၊ လှိုင်းတက်၊ ဖက်ပင်အိုင်၊ ကျောက်တိုင်၊ ကန်နီ၊ ကတော၊ ဆုံရွာတို့သို့ သွားရောက်၍ ရပ်ကျေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ဒေသခံရွာသူရွာသားများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

DPNS ရပ်ကျေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုစည်းရုံးရေးခရီးစဉ်

မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များသည် ၂၀၁၈၊ စက်တင်ဘာ၊ ၂၂ ရက်နေ့တွင် ကျေးလက်လူထုစည်းရုံးရေးခရီးစဉ်အဖြစ် ဖက်​ရင်း၊ ရသာ၊ ကန်​ပေါက်​ရွာများသို့ သွားရောက်ခဲ့ကြပါသည်။ ၎င်းရွာများတွင် ရပ်ကျေးဆိုင်းဘုတ်​များ တင်​ခဲ့ပြီး ကျေးရွာလူထုအားလည်း ဟောပြောပွဲပြုလုပ်၍ ပါတီ၏မူဝါဒ၊ လမ်းစဉ်များကို ပြည်သူလူထုအား ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ခရီးစဉ်အတွင်း အတူလိုက်ပါသွားသည့် ပါတီကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များကလည်း ကျေးရွာလူထုအား လက်ကမ်းစာစောင်များ ဝေငှခဲ့ကြပါသည်။

Continue Reading

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားများသို့ တက်ရောက်

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(SYCB)က အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲကို ၂၀၁၈၊ စက်တင်ဘာ၊ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ သတင်းမီဒီယာများ၊ မဟာမိတ်အင်အားစုများ တက်ရောက်ခဲ့ကြပါသည်။ ထိုအခမ်းအနားတွင် ဦးတိုးတိုးထွန်း(DPNS)မှ လူငယ်တပ်ပေါင်းစုဖြစ်ပေါ်လာပုံနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထိမ်းအမှတ်အခမ်းအနားများ ပြုလုပ်ခြင်းကြောင့် ဆွေးနွေးဖလှယ်မှုမှတဆင့်၊ အတွေးအမြင်မှတဆင့် အလုပ်များထွက်ပေါ်လာမှာဖြစ်ကြောင်း၊ အနာဂါတ်တွင် ငြိမ်းချမ်းရေးအတွက် ပိုမိုအားကောင်းလာနိုင်ပြီး ကွန်ဂရက်၏ရည်ရွယ်ချက် ဦးတည်ချက်ကို သွားရာရောက်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

Continue Reading

“နှစ် ၇၀ စာ ငြိမ်းချမ်းရေးဆောင်းအိပ်မက်များ” ငြိမ်းချမ်းရေးအပေါ် လူငယ့်အမြင်များဆွေး​နွေးပွဲနှင့် ဂီတဖျော်ဖြေပွဲ

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ်​ လူ့​ဘောင်​သစ်​လူငယ်​က စီစဉ်​ကျင်းပသည့်​ “နှစ် ၇၀ စာ ငြိမ်းချမ်းရေးဆောင်းအိပ်မက်များ”ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးအပေါ် လူငယ့်အမြင်များဆွေး​နွေးပွဲနှင့် ဂီတဖျော်ဖြေပွဲကို ၂၀၁၈၊ စက်​တင်​ဘာလ ၂၁ ရက်​​နေ့က ရန်ကုန်မြို့ Pansodan Scene တွင်​ ပြုလုပ်​ခဲ့ပါသည်​။
ပထမပိုင်း လူငယ့်​အမြင်​​ဆွေး​နွေးပွဲတွင် လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး ကိုမျိုးစော့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လူငယ်​စွမ်းရည်​မြှင့်​တင်​​ရေးသင်​တန်း​ကျောင်းမှ ​ကျောင်းသူကျောင်းသားများက ”We shall Overcome” သီချင်းကို သီဆိုဖျော်ဖြေခဲ့ကြပါသည်။

Continue Reading