ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
By chit htoo, on January 12th, 2021
၁၁၊ ၁၊ ၂၀၂၁။ ရန်ကုန်။
ရန်ကုန်တိုင်းပါတီကော်မတီဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ဇန်န၀ါရီ ၁၁ ရက် နေ့လည် ၁း၀၀ နာရီတွင် ဗိုလ်တထောင်မြို့နယ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အထွေထွေအတွင်းရေးမှူး ၁)၊ ဦးငွေလင်း (ဗဟိုအလုပ်အမှုဆောင်ကော်မတီ၀င်)နှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်း ညှိနှိုင်းအစည်းအဝေးတွင် ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက ဗဟိုကော်မတီအစည်းအဝေး၏ ရန်ကုန်တိုင်းနှင့် ပတ်သက်၍ စဉ်းစားချက်များ၊ ရည်မှန်းချက်များနှင့် တာဝန်ပေးအပ်မှုများကို မိတ်ဆက်တင်ပြခဲ့ပါသည်။ ရန်ကုန်တိုင်းတာ၀န်ခံ ဦးငွေလင်းက ခိုင်မာအားကောင်းသည့် ရန်ကုန်တိုင်းပါတီကော်မတီ တည်ဆောက်သွားရေးအတွက် စဉ်းစားထားချက်(မူကြမ်း)ကို မိတ်ဆက်တင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူ ရဲဘော်များက ဝိုင်းဝန်းဆွေးနွေးခြင်း၊ အတည်ပြုခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး လတ်တလော ဆောင်ရွက်ရန်လုပ်ငန်းများ သတ်မှတ်ခြင်း နှင့် တာဝန်ခွဲဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
By Thu Aung, on December 31st, 2020
DPNS ဗဟိုကော်မတီ အစည်းအဝေး၃၀ – ၃၁၊ဒီဇင်ဘာ၊၂၀၂၀။ ရန်ကုန်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၂၀၊ ဒီဇင်ဘာလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် ပါတီဌာနချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေး ပထမနေ့တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်အမှာစကား ပြောကြားရာ၌ ပါတီတည်ဆောက်ရေးကို ပိုမိုအားစိုက် ဆောင်ရွက်ကြရန်နှင့် လက်ရှိနိုင်ငံရေးအခြေအနေတို့ကို သုံးသပ်ပြောကြားခဲ့သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာ၊ အတွင်းရေးမှူးအဖွဲ့၏ အလုပ်ပြီးစီးမှု အစီရင်ခံစာ၊ ၂၀၂၀ ရွေးကောက်ပွဲဖြတ်သန်းမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်၊ ရေးရာကော်မတီများနှင့် ဒေသဆိုင်ရာကော်မတီများ အစရှိသည့် ကော်မတီအသီးသီး၏ အစီရင်ခံစာများကို တင်သွင်းခဲ့ကြသည်။ ဗဟိုကော်မတီဝင်များက အစီရင်ခံစာများကို ဝေဖန်သုံးသပ် အကြံပြုဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေး ဒုတိယနေ့တွင် ၂၀၂၁ အတွင်း ဆက်လက်လုပ်ဆောင်ရမည့် အလုပ်တာဝန်များကို ခွဲဝေခဲ့ကြသည်။ အစည်းအဝေး နိဂုံးချုပ်နှုတ်ဆက်စကားကို ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက ပြောကြားပေးခဲ့ပါသည်။
By Thu Aung, on December 11th, 2020
DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ၁၁ – ၁၄၊ ဒီဇင်ဘာ၊ ၂၀၂၀။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၆/၂၀၂၀)ကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ရာ ရန်ကုန်နှင့် နယ်အသီးသီးရှိ ဗဟိုအလုပ်မှုဆောင်ကော်မတီ၀င်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး၌ ၂၀၂၀ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုများကို စုစည်းသုံးသပ်ခဲ့ကြပါသည်။ ထို့နောက် ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းများကိုလည်း တာ၀န်ခွဲဝေ သတ်မှတ်ခဲ့ကြပါသည်။
By DPNS INFORMATION, on June 5th, 2018
တိုးတက်သောဒီမိုကရက်တစ်အင်အားစု(PDF) အစည်းအဝေးကို ၂၀၁၈ ဇွန်လ ၅ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်)အား ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on June 3rd, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် လူမှုဖူလုံရေးမူဝါဒဖော်ဆောင်ရေး ဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၏ လူမှုဖူလုံရေးနယ်ပယ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများ၊ စိန်ခေါ်မှုများ၊ ပြုပြင်ပြောင်းလဲသင့်သည်များကို ဆွေးနွေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှခေါင်းဆောင်များ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။