၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

၂၃၊ ၈၊ ၂၀၁၉။ UEC ရုံး၊ နေပြည်တော်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉၊ သြဂုတ်လ၊ ၂၃ ရက်နေ့ နံနက် ၉းဝ၀ နာရီမှ ညနေ ၅းဝ၀ နာရီအထိ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးဖိတ်ကြားထားသည့် နိုင်ငံရေးပါတီပေါင်း ၈၈ ပါတီရှိသည့်အနက် ၈၄ ပါတီ တက်ရောက်ခဲ့ကြောင်း UEC ဥက္ကဋ္ဌက ပြောကြားခဲ့ပါသည်။ လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို UEC ဥက္ကဋ္ဌနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာသည့် နိုင်ငံရေးပါတီများကလည်း ပြီးခဲ့သည့်ရွေးကောက်ပွဲ အခက်အခဲ အတွေ့အကြုံများကဲ့သို့ မဖြစ်စေရန် မျှော်လင့်ကြောင်း၊ စစ်ပွဲဖြစ်ပွါးလျက်ရှိသည့် တိုင်းရင်းသားဒေသများတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် […]

Continue Reading

အာဏာသိမ်း စစ်အုပ်စု၏ တရားမဲ့ သတ်ဖြတ်နေမှုများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄/ ၂၀၂၁)

ယမန်နေ့ (၅၊ ၁၂၊ ၂၀၂၁) က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြိုနယ်၊ ပန်းပင်ကြီးလမ်းမပေါ် အများပြည်သူ မြင်ကွင်းရှေ့မှောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူငယ်များအား လက်နက်ကိုင်စစ်သားများက ကားဖြင့် ဒလကြမ်းဝင်ရောက်တိုက်သတ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုခဲ့ကြသည့် ဗီဒီယိုမှတ်တမ်းဖိုင်များ လူမှုကွန်ရက်ပေါ်တွင် ပေါ် ထွက်ခဲ့သည်။ လူငယ် ၅ ဦးခန့် သတ်ဖြတ်ခံရပြီး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိကြကာ၊ ၁၅ ခန့် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သတင်းများအရ သိရသည်။ ဤမျှလူမဆန်သော ကြမ်းကြုတ်ရိုင်းစိုင်းမှုကို ကျူးလွန်ကြသည့်အတွက် တာဝန်ရှိ စစ်ခေါင်းဆောင်များနှင့် လက်ရောက်ကျူးလွန်သူ လက်ပါးစေတစ်စုတို့အား မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြင်းထန်စွာ ကန့်ကွက်၊ ရှုတ်ချလိုက်ပါသည်။ ကျဆုံး ဒဏ်ရာရ ဖမ်းဆီးခံရသူ ပြည်သူ့ဘက်တော်သား သူရဲကောင်းလူငယ်များကိုလည်း လေးလေးနက်နက် ဦးညွှတ်ဂုဏ်ပြုပါသည်။ ဤသူရဲကောင်းများ၏ မိသားစုဝင်များကိုလည်း […]

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း (သတင်းထုတ်ပြန်ချက် ၃ / ၂၀၂၁)

            ၂၊ ၁၂၊ ၂၀၂၁ မှ ၆၊ ၁၂၊ ၂၀၂၁ ရက်များအတွင်း ကျင်းပခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေး ကော်မတီအစည်းအဝေး (၁/ ၂၀၂၁) တွင် ပါတီ၏ ခေါင်းဆောင်မှုကို လက်တွေ့ တိုက်ပွဲလိုအပ်ချက်များနှင့်အညီ အောက်ပါ ရဲဘော် ၁၉ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်လိုက်သည်။             ၁။         ရဲဘော်အောင်မိုးဇော်                   ဥက္ကဌ             ၂။         ရဲဘော်ရဲလွင်                              အထွေထွေအတွင်းရေးမှူး             ၃။         ရဲဘော်နှင်းနှင်းမွှေး                      တွဲဘက်အထွေထွေအတွင်းရေးမှူး             ၄။         ရဲဘော်ကိုထွန်း                           ဗဟိုဦးဆောင်ကော်မတီဝင်             ၅။        ရဲဘော်ကိုမောင်မောင်                 ဗဟိုဦးဆောင်ကော်မတီဝင်             ၆။        ရဲဘော်စိုးထက်                           ဗဟိုဦးဆောင်ကော်မတီဝင်             […]

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေနိုင်ငံရေးသဘောထား (၂၀၂၁)

နိဒါန်း  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် (၁၃၅ဝ – ပြည့်နှစ်) ဒီမိုကရေစီအရေးတော်ပုံကြီးက သန္ဓေတည် မွေးဖွား ပေးခဲ့သော နိုင်ငံရေးပါတီတစ်ရပ်ဖြစ်သည်။ ယနေ့တွင် ပါတီသည် လူမျိုးစုံ မြန်မာပြည်သူတို့ ဆင်နွှဲလျက်ရှိသော စစ် အာဏာရှင်စနစ်ဖျက်သိမ်းရေး နွေဦးတော်လှန်ရေးကြီးအတွင်း မိမိတို့ ကျရာအခန်းကဏ္ဍ၌ တိုက်ပွဲတာဝန်များ ထမ်း ရွက် ပါဝင်လျက်ရှိသည်။ ဤ ကြီးမြတ်၍ ဂုဏ်ပြောင်သော အရေးတော်ပုံကြီး ၂ ရပ်လုံးပင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုး သားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးတို့အတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့သော မြန်မာပြည် လူမျိုးစုံပြည်သူတို့ ၏ တော်လှန်ရေးကြီးနှင့် သီးခြားကင်းလွတ်၍ ပေါ်ပေါက်ခဲ့ခြင်းကားမဟုတ်။ ထို့အတူ လွတ်လပ်ပြီး နောက်ပိုင်းမှစ၍ ယနေ့တိုင် အာဏာရ အစိုးရအဆက်ဆက်က ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား သွေးစည်းခိုင်မာရေး ပြဿ နာတို့ကို ပြေလည်အောင်မဖြေရှင်းနိုင်ခဲ့သောကြောင့် […]

Continue Reading