ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on May 26th, 2016
SYCB မှ ဖွင့်လှစ်ထားသော Youth Training Centre သင်တန်းသားများကို လက်ခံဆွေးနွေး ၂၀၁၆၊ မေလ ၂၆ ရက်နေ့ ညနေပိုင်းတွင် SYCB (Students and Youths Congress of Burma) မှ ဖွင့်လှစ် ထားသော Youth Training Centre သင်တန်းသူသင်တန်းသားများသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာန ချုပ်ရုံးသို့ လာရောက်လေ့လာကြပါသည်။ ထိုသင်တန်းကျောင်းသည် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားလူငယ်များကို အရည်အချင်းမြှင့်တင်ပေး သည့် နိုင်ငံရေးသိပ္ပံကျောင်း ဖြစ်ပါသည်။ ကျောင်းဆင်းခါနီးတွင် နိုင်ငံရေးပါတီများအား လေ့လာခြင်းအစီအစဉ်အရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို လာရောက်လေ့လာကြခြင်း ဖြစ်ပါသည်။ ပါတီမှ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး အပါအ၀င် ပါတီတာဝန်ရှိသူများက နွေးနွေးထွေးထွေး ကြိုဆိုကြပြီး ပါတီ၏ ဖြတ်သန်းမှုသမိုင်းအကျဉ်း၊ ယနေ့ကာလ နိုင်ငံရေးအခြေအနေများအပေါ် ပါတီ၏အမြင်၊ ပါတီ၏ လတ်တလောလုပ်ငန်းစဉ်များကို အကျဉ်းမျှ ရှင်းလင်း တင်ပြ ပေးပါသည်။လူ့ဘောင်သစ်လူငယ်အကြောင်းကိုလည်း မိတ်ဆက်တင်ပြပေးကြပါသည်။ သင်တန်းသားများက စိတ်ဝင်စားကြပြီး ၎င်းတို့ ပိုမို ရှင်းလင်းစွာ သိမြင်လိုသည့်အချက်များကို မေးမြန်းကြ ပါသည်။ ပါတီမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားပေးကြပြီး သင်တန်းသားများဖက်ကလည်း လက်ရှိနိုင်ငံရေး အခြေအနေများအပေါ် ၎င်းတို့၏အမြင်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြပါသည်။
By DPNS INFORMATION, on May 24th, 2016 ရဟန်းစာဆိုတော် ဦးပညာဇောတ (အမရပူရ) ၏ အန္တိမဈာပန အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ အမရပူရမြို့ – တောင်လေးလုံး ကျောင်းတိုက်ဆရာတော် ဦးပညာဇောတ (ကိုပညာ – အမရပူရ)သည် ၂၀၁၆ ခု၊ မေလ (၂၁)ရက်နေ့က ပျံလွန်တော်မူကြောင်း ကြားသိရပါသည်။ အထက်မြန်မာပြည်တွင် နိုင်ငံရေးအင်အားစုများအတွက်လည်းကောင်း၊ စာပေအနုပညာအသိုက်အဝန်းအတွက် လည်းကောင်း၊ မြန်မာ့သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများအတွက်လည်းကောင်း စုစည်းရာ ဆုံဆည်းရာ တစ်ခုအဖြစ် မိမိ၏ ကျောင်းတိုက်ပုရဝဏ်၊၊ မိမိ၏ ဂုဏ်သိက္ခာနှင့်အားထုတ်မှုတို့ကို အရိပ်ကောင်းသဖွယ် ဖြစ်စေခဲ့သည့် ရဟန်းစာဆို၊ပညာရှင် ဦးပညာဇောတ၏ ကြီးစွာသော ဂုဏ်လက္ခဏာအရပ်ရပ်အား ဦးညွှတ် အရိုအသေပြုလျက် ဆရာတော်၏ အန္တိမဈာပနသို့ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ မေလ၊ (၂၄)ရက်။
By DPNS INFORMATION, on May 23rd, 2016
မကဒတ ကျောင်းသားတပ်မတော် (ABSDF) ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် တွေ့ဆုံဆွေးနွေး ၂၃၊ ၅၊ ၂၀၁၆ ရက်နေ့တွင် ပါတီဋ္ဌာနချုပ်ရုံးတွင် မကဒတ ကျောင်းသားတပ်မတော် (ABSDF) ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် ပါတီမှ တာဝန်ရှိသူများ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။ ABSDF ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းက ABSDF ၏ ရပ်တည်ချက်၊ NCA လက်မှတ်ထိုးထားသည့် (၈) ဖွဲ့ ၏ ရပ်တည်ချက်နှင့် ဆောင်ရွက်နေပုံများ၊NCA လက်မှတ်မထိုးရသေးသောအဖွဲ့အစည်းများနှင့် ၎င်း (၈)ဖွဲ့တို့၏ ဆွေးနွေး ထားမှုများ၊ (၈) ဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု အခြေအနေများကို ဖလှယ်ပေး၍ရသည်များကို ဖလှယ် ပေးခြင်း ဖြစ်ပါသည်။ ပါတီဖက်မှလည်း လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ရှေ့အလားအလာအပေါ် ပါတီ ၏ အမြင်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။
By DPNS INFORMATION, on May 20th, 2016
DIPD နှင့် IDEA တို့ ပူးတွဲပြုလုပ်သော ရွေးကောက်ပွဲ ရံပုံငွေဆွေးနွေးပွဲသို့ တက်ရောက် Denish Institute for Parties and Democracy (DIPD) နှင့် International Institue for Democracy and Electoral Assitance (IDEA) တို့က ပူးတွဲပြုလုပ်သော ဆွေးနွေးပွဲတရပ်ကို ၂၀၁၆ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက DIPD ရန်ကုန်ရုံးတွင် ကျင်းပခဲ့ပါသည်။ ထိုဆွေးနွေးပွဲသည် ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း ငွေကြေးရံပုံငွေသုံးစွဲမှု သုတေသနစာတမ်းကို IDEA နှင့် DIPD က ဆွေးနွေးတင်ပြသည့် ပွဲဖြစ်သည်။ ထိုပွဲသို့ နိုင်ငံ ရေးပါတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ပါတီမှ ဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံ တက် ရောက်ခဲ့ပါသည်။ တက်ရောက်လာသော ပါတီကိုယ်စားလှယ်များက စာတမ်းပါအချက်အလက်များနှင့် တင်ပြချက်များအနက် မရှင်းလင်းသည်များ ပြန်လည်မေးမြန်းပြီး ဆွေးနွေးအကြံပြုခဲ့ကြပါသည်။
By DPNS INFORMATION, on May 19th, 2016 Myanmar Veneer အလုပ်သမားသပိတ် အင်အားသုံး ဖြိုခွင်းခံရခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄ / ၂၀၁၆) ၁။ မိမိတို့ အလုပ်သမားများ ရာကျော်အောင် အလုပ်ထုတ်ခံရသည့် မတရားမှုအား ပြည်ထောင်စုအစိုးရက စာနာ ဖြေရှင်းပေးနိုင်ရန် နေပြည်တော်သို့ ခရီးရှည် လမ်းလျှောက်လာခဲ့ကြသည့် Myanmar Veneer သစ်အချောထည်စက်ရုံ သပိတ်မှောက် အလုပ်သမားများအား (၁၈၊ ၅၊ ၂၀၁၆)နေ့၌ တပ်ကုန်းမြို့အဝင်တွင် အင်အားသုံး ဖြိုခွင်း၊ ဖမ်းဆီး လိုက်ကြောင်း ကြားသိရပါသည်။ ၂။ မိမိတို့တိုင်းပြည်အတွင်း လူထုတို့၏ ကိုယ်ပိုင်အခွင့်အရေးများအတွက် တောင်းဆို ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း စသည့် ဥပဒေတွင်း ငြိမ်းချမ်းစွာ လှုပ်ရှား ရုန်းကန်မှုများကို မှန်ကန်စွာ လက်ခံ၊ ကြားနာပေးရမည်သာ ဖြစ်သည်။ အဆက်ဆက်သောအစိုးရတို့က ဤသို့ လူထုလှုပ်ရှားမှုတိုင်းကို လွဲမှားစွာ ပုံဖော်လျက် အကြောင်းပြချက်မျိုးစုံ ရှာဖွေ ဖန်တီး၍ အင်အားသုံး ဖြိုခွင်း၊ ရပ်ဆိုင်းပစ်ရေးကိုသာ အစဉ်တစိုက် အားထုတ်ခဲ့ကြသဖြင့် မူလ အရင်းခံ ပြဿနာအရပ်ရပ်အား မည်သည့်အခါမှ ကိုင်တွယ်၊ ဖြေရှင်းနိုင်ခြင်း မရှိတော့ဘဲ အုပ်ချုပ်သူအာဏာပိုင်များနှင့် လူထု အကြား ယုံကြည်မှု ပျက်ပြားရခြင်းသာ ထာဝရ အဖတ်တင်ကျန်ရစ်ကြောင်း မိမိတို့ပါတီက သုံးသပ်ပါသည်။ ၃။ လက်ရှိ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားများအရေးတွင် အစဉ်အလာဆိုးဖြစ်သည့် သပိတ်ဖြိုခွင်းရေးသက်သက်ထက် ကျော်လွန်၍ ပြဿနာ၏ အရင်းခံအကြောင်းကို ဂန သေချာစွာ ရှာဖွေစစ်ဆေးလျက် စံနမူနာကောင်း ဖြစ်သည့် ကိုင်တွယ် ဖြေရှင်းမှုမျိုးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အမျိုးသားရင်ကြားစေ့ ရေး အစိုးရသစ်က ဆောင်ရွက်နိုင်လိမ္မည်ဟု မိမိတို့ပါတီက ယုံကြည် မျှော်လင့်မိပါသည်။ နိုင်ငံတော် သမ္မတကြီး၏ မေဒေးနေ့ မိန့်ခွန်းအရလည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ညှိနှိုင်း အဖြေရှာခြင်းဖြင့် ရလဒ်ကောင်းများ ရရှိလာရန် အစိုးရသစ်ကသဘောထား ရှိပါကြောင်း အတိအလင်း ဖော်ပြထားပြီးလည်း ဖြစ်၍ အစဉ်အလာသစ် အစဉ်အလာကောင်းတရပ်အား မိမိတို့ များစွာ အားထား မျှော်လင့်မိပါသည်။ ၄။ ယခှု (၁၈၊ ၅၊ ၂၀၁၆) နေ့တွင် အလုပ်သမားများအား သပိတ်ဖြိုခွင်းရေးသက်သက် အင်အားသုံး ဖမ်းဆီးလိုက် သော လုပ်ရပ်မှာ အစဉ်အလာကောင်းတရပ်၏ အလားအလာမှ သွေဖည်လျက် ရလဒ်ကောင်းများကို လွဲချော်သွားစေသည့် ဆောင်ရွက်မှုအဖြစ် မိမိတို့ ရှုမြင် သုံးသပ်မိပါသည်။ ၅။ ထိုကြောင့် သပိတ်မှောက် အလုပ်သမားများနှင့် ဝန်းရံ အားပေးသူများကို ချုပ်နှောင် ထိန်းသိမ်းထားခြင်းမှ ချက်ချင်းလွှတ်ပေးလျက် ၎င်းတို့ တောင်းဆိုထားသည့်အတိုင်း ၃ ပွင့်ဆိုင် ဆွေးနွေးအဖြေရှာမှုကို အမြန်ဆုံး ဆောင်ရွက် ပေးကြပါရန် တာဝန်ရှိသူ အာဏာပိုင်အဆင့်ဆင့်အား မိမိတို့ပါတီက အလေးအနက် တိုက်တွန်း တောင်းဆိုအပ် ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ မေလ (၁၉) ရက်။
By DPNS INFORMATION, on May 5th, 2016
ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲသို့ တက်ရောက် Renaissance Institute မှ စီစဉ်သော ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များနှင့် အဆိုပြု ချက်များ ဆွေးနွေးပွဲကို ၂၀၁၆၊ မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပညာရှင်များ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ တက်ရောက်ဆွေးနွေးကြပါသည်။ ဆွေးနွေးပွဲသို့ ပါတီမှ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်း မွှေး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က အမှာ စကား ပြောကြားခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာနကိုယ်စား ဒေါက်တာတိုးအောင်က ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်နေဆဲ စီမံကိန်းများကို ရှင်းလင်းတင်ပြပြီး မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ် က ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးရေးအတွက် အကြံပြုချက်များ တင်ပြခဲ့ပါသည်။ တက်ရောက်လာသော ဧည့်သည်များ ကလည်း သိလိုသည်များကို မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
By DPNS INFORMATION, on May 1st, 2016
(၁၂၆) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက် ၁၊ ၅၊ ၂၀၁၆ ရက်နေ့တွင် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဆုံတိုက်ရပ်ကွက်ရှိ လည်ပေါ် သာသနာ့ ဗိမာန်တွင် (၁၂၆) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားသို့ အလုပ် သမားအရေးဆောင် ရွက်သူများ၊အလုပ်သမားအရေး စိတ်ဝင်စားသူများ၊ အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားများ နှင့် နိုင်ငံရေးပါတီများ တက်ရောက်ကြပါသည်။ ထိုအခမ်းအနားသို့ ပါတီမှ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးနိုင်လွင် ချိုနှင့် လူ့ဘောင်သစ် လူငယ်အတွင်းရေးမှူး ကိုသူအောင်တို့ တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ပါတီမှ (၁၂၆) ကြိမ်မြောက် ကမ္ဘာ့အလုပ် သမားနေ့ အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာကို ထိုအခမ်းအနားသို့လည်း ပေးပို့ခဲ့ပါသည်။ တနေ့ ၈ နာရီလုပ်၊ ၈ နာရီနား၊ ၈ နာရီပျော် အပါအ၀င် မေဒေးရလဒ်များကို မိမိတို့ မြန်မာ့အလုပ် သမားလူထုမှာ ယနေ့အထိ မခံစားကြရသေးကြောင်း၊ အလုပ်သမားများ၏ အခြေခံအခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့ အတွက် အရိုက်နှက်ခံ၊ အဖမ်းဆီးအညှဉ်းဆဲခံ၊ သွေးမြေအကျခံ၊ အကျဉ်းကျခံနေရဆဲ ဖြစ်နေရသေးကြောင်း၊ လွတ် မြောက်ရေးအတွက် တိုက်ပွဲဝင်ကြရဆဲ ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်းဖေါ်ပြပြီး အလုပ်သမားထုကို ဂုဏ်ပြု ခဲ့ပါသည်။
By DPNS INFORMATION, on May 1st, 2016
မေလ ၄ ရက်၊ ၅ ရက်နေ့များတွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျားတိုင်းရွာ၊ ကျောက်ကုန်းရွာနှင့် ရသာရွာမှ တောင်သူ များအား မြင်းခြံမြို့နယ် ပါတီစည်းကော်မတီက အသိမြှင့်သင်တန်းတခု ပြုလုပ်ပေးခဲ့ပါသည်။ သင်တန်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်နှင့် ဦးသန်းထိုက်အောင် တို့က ဦးဆောင်၍ လယ်ယာမြေဥပဒေများကို ပို့ချပေးခဲ့ပါသည်။ ယခု ပြဋ္ဌာန်းထားသော လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ် မြေရိုင်းဥပဒေတို့၏ အားနည်းချက်များကို ထောက်ပြပေးခဲ့ကြသည်။ လယ်သမားများအမှန်တကယ်လွတ်မြောက်ဖို့ကိစ္စမှာ လယ် သမားများကိုယ်တိုင် ဆောင်ရွက်မှာ ရမည်ဆိုသည့် တောင်သူလယ်သမားသမဂ္ဂစိတ်ဓါတ်ကို မိတ်ဆက်ပေးခဲ့ကြပါသည်။
By DPNS INFORMATION, on May 1st, 2016 (၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ ၁။ အလုပ်သမားထု၏ တိုက်ပွဲသမိုင်း၌ အထင်ကရ အရေးပါလှသော (၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမား တိုက်ပွဲနေ့ မေဒေး အခမ်းအနားတွင် မိမိတို့အတွက် ထိုက်တန်သော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ရရှိရန် သမိုင်း စဉ်တလျှောက် အသက်ချင်းဆက်လျက် တိုက်ပွဲဝင်ခဲ့ကြသည့် အလုပ်သမားသူရဲကောင်းအပေါင်းအား မိမိတို့ ပါတီက အလေးအမြတ် ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။ ၂။ တပတ်လျှင် နာရီ(၄၀)အလုပ်ချိန်အားဖြင့် တည်ဆဲ စားဝတ်နေမှုဘဝကုန်ကျစရိတ် ဖူလုံစွာရရှိနိုင်ရေး ဟူ သော မေဒေးရလဒ်ကိုမျှ ပြည့်ဝစွာ မခံစားကြရသေးသော မိမိတို့ မြန်မာ့အလုပ်သမားလူထုမှာ ထိုက်တန်စွာ ရအပ်သည့် ဂုဏ်သိက္ခာနှင့် အခွင့်အရေးတို့အတွက် အရိုက်နှက်ခံ၊ အဖမ်းဆီး အညှဉ်းဆဲခံ သွေးမြေအကျခံလျက် မကြာသေးမီ ကာလများတိုင်အောင် တိုက်ပွဲဝင်ကြရဆဲ ဖြစ်ပေသည်။ ၃။ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး စသည့် အရေးကြီးသော နိုင်ငံရေးစာမျက်နှာသစ်များကို အမှန် တကယ် ဖွင့်လှစ်ကြမည်ဆိုလျှင် နိုင်ငံတည်ဆောက်ရေး၌ အခရာကျလှသော အလုပ်သမားလူထုအတွက် တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ ထိုက်တန်သော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများအပေါ် အာမခံသည့် နိုင်ငံတော်စံနစ်တရပ် ရှိရမည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်သည်။ ၄။ မိမိတို့ မျှော်မှန်းယုံကြည်သည့် ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသော နိုင်ငံသစ်တရပ်၊ လူ့အဖွဲ့အစည်း သစ်တရပ် ထူထောင်နိုင်သည်အထိ အလုပ်သမားလူထုနှင့် အခိုင်အမာ သွေးစည်းလျက် လက်တွဲကြိုးပမ်းသွားကြ မည်ဖြစ်ကြောင်း ကတိဓိဋ္ဌာန်ပြုလျက် ဤ ဂုဏ်ပြုသဝဏ်လွှာအား ပေးပို့လိုက်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ မေလ (၁) ရက်။
|