ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ (၆၆)နှစ်မြောက် ပဒေသရာဇ်ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

ယနေ့ကာလ မိမိတို့တိုင်းပြည်သည် အမျိုးသား သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး ဟူသော အရေးကြီးလှသည့် နိုင်ငံရေးဖြစ်စဉ်ကို ရင်ဆိုင်၊ ဖြတ်သန်းနေကြရပေသည်။ ဤ အရေးကြီးလှသည့် ဖြစ်စဉ်အတွင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရပါတီအား ချောချောမွေ့မွေ့ အာဏာ လွှဲအပ်ရေး၊ တမျိုးသားလုံးဆိုင်ရာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာပွဲကြီး စစ်စစ်မှန်မှန်ကျင်းပနိုင်ရေး၊ လူထုအကျိုးနှင့် လည်းကောင်း ဒီမိုကရေစီစံနှုန်းနှင့်လည်းကောင်း သွေဖီခြားနားနေသော ၂၀၀၈ အခြေခံဥပဒေအစား ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုသစ်ကို အာမခံနိုင်သည့် အခြေခံဥပဒေသစ်တစ်ရပ်ကို လူထုဆန္ဒနှင့်အညီ ပြောင်းလဲ အစားထိုးနိုင်ရေး၊ ပြည်တွင်းစစ်မီးကို သက်ဆိုးရှည်စေမည့် လူမျိုးစုများအပေါ် တိုက်ခိုက်နေသည့်ထိုးစစ်များ ခြွင်းချက်မရှိရပ်ဆိုင်းပစ်ရေး၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ လူမျိုးစုံပြည်သူလူထုကြီးအပေါ် နည်းသဏ္ဌာန်ပေါင်းစုံဖြင့် ဖိနှိပ်ချုပ်ချယ်နေသည့် ဥပဒေ များ၊ အပြုအမူများအားလုံး ခြွင်းချက်မရှိ ရပ်ဆိုင်းဖျက်သိမ်းရေး စသည့် နိုင်ငံရေးတာဝန်များကို မဖြစ်မနေ အကောင်အထည် ဖော်ကြရလိမ့်မည် ဖြစ်ပေသည်။

Continue Reading

နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်ဘဆန်း (ခ) ရဲဘော်ဇော်မြင့် ဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပေါင်းတည်မြို့နယ် ဥက္ကဋ္ဌဟောင်း ရဲဘော်ဇော်နေမျိုးနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ ပေါင်းတည်မြို့နယ် ပါတီရဲဘော် ဇော်ကိုကိုနိုင်တို့၏ ဖခင်ကြီး ရဲဘော်ဘဆန်း(ခေါ်)ရဲဘော်ဇော်မြင့် အသက် (၇၇)နှစ် (နိုင်ငံ – ရေးအကျဉ်းသားဟောင်း) သည် ၃၊ ၁၂၊ ၂၀၁၅ နေ့တွင် ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် ရဲဘော်တို့ မိသားစုဝင်များ နည်းတူ ကြေကွဲဝမ်းနည်းရပါကြောင်း မိမိတို့ပါတီက ဝမ်းနည်းသဝဏ်လွှာ ပေးပို့အပ်ပါသည်။

ရဲဘော်တို့ မိသားစု၏ မိမိတို့ တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် အစဉ်တစိုက် ချစ်မြတ်နိုးစွာ၊ တာဝန်ကျေပွန်ခဲ့မှုအား မိမိတို့ပါတီက ဂုဏ်ယူစွာ၊ မှတ်တမ်းတင်ပါကြောင်းလည်း အလေးအနက် ဖော်ပြအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ ဒီဇင်္ဘာလ၊ ၄ ရက်။

Continue Reading