“၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်” ရှင်းလင်းဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ စက်တင်ဘာ၊ ၂၄။ ရန်ကုန်။
=====================================
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE)က “၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်”စာအုပ်တွင် ဖော်ပြထားသည့် သုတေသနဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည့်အစီအစဉ်ကို UNA ရုံး၌ ပြုလုပ်ခဲ့ရာ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)အဖွဲ့ဝင်ပါတီများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းစာအုပ်တွင် လက်ရှိမြန်နိုင်ငံအနေအထား အပါအဝင် သုတေသနတွေ့ရှိချက်များအား အခန်း ၁၀ ခန်းခွဲ၍ တင်ပြထားပါသည်။

[ngg src=”galleries” ids=”679″ display=”basic_thumbnail”]