ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးအား ငြိမ်းစုစီ ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရခြင်း သတင်းထုတ်ပြန်ချက် (၃/၂၀၁၅)

၂၀၁၅ ခုနှစ်၊ နိုဝင်္ဘာလ၊ ၁၃ ရက်။

၁။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဝဏ္ဏ (ပြည်ခရိုင် ပါတီစည်းရုံးရေး
ကော်မတီ ဒုတိယဥက္ကဋ္ဌ)နှင့် အတူ အခြားဒေသခံ တက်ကြွလှုပ်ရှားသူ (၄)ဦးအား ပြည်မြို့နယ်တရားရုံးက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ / ၁၉ တို့အရ ယနေ့ (၁၃၊ ၁၁၊ ၂၀၁၅)တွင် ထောင်ဒဏ် (၄)လ၊ (၆)လ စသည်ဖြင့် ပြစ်ဒဏ် ချမှတ်လိုက်ပါသည်။

၂။ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဝဏ္ဏသည် နိုင်ငံသားပြည်သူတစ်ဦး အခွင့်အရေးရှိသည့်အားလျော်စွာ
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွင်း PR စံနစ်ကိုကျင့်သုံးမည်ဆိုပါက မသင့်လျော်၊ လက်မခံနိုင်ကြောင်းဖြင့် အခြားဆန္ဒတူ တက်ကြွလှုပ်ရှားသူ (၄)ဦးနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ပြသသည့်အတွက် ယခုကဲ့သို့ အရေးယူ၊ ပြစ်ဒဏ်ပေးခံရခြင်း ဖြစ်ပါသည်။

၃။ အဆိုပါ ငြိမ်းစုစီ ဥပဒေပုဒ်မများမှာလည်း နိုင်ငံသားပြည်သူတို့၏ မူလပိုင်ခွင့်များနှင့်သော်လည်းကောင်း၊ တိုင်းပြည်၏ လက်ငင်း အခြေအနေအရပ်ရပ်နှင့်လည်းကောင်း မဆီလျော်၊ မလိုလားအပ်သော ဥပဒေပုဒ်မမျိုးများသာ ဖြစ်သည်ဟု မိမိတို့ ပါတီက အခိုင်အမာ ယုံကြည်ပါကြောင်း သတင်း ထုတ်ပြန်၊ ကြေညာအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)

Continue Reading

ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးလှုပ်ရှားမှုနှင့်ပတ်သက်၍ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်ခြင်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲကာလအတွင်း ပါတီအောင်နိုင်ရေးအတွက် စည်းရုံးလှုပ်ရှားမှုများတွင် အားကြိုးမာန်တက် တာဝန်ထမ်းရွက်ခဲ့ကြသော ပါတီ၏ကိုယ်စားလှယ်လောင်းများ၊ ဒေသဆိုင်ရာစည်းရုံးရေးကော်မတီဝင်များ၊ မဲဆန္ဒနယ်မြေအလိုက် အောင်နိုင်ရေးကော်မတီဝင်များ၊ ပါတီဝင်ရဲဘော်များနှင့် ပါတီမိတ်ဆွေများအားလည်းကောင်း၊ ၀န်းရံ အားပေးခဲ့ကြသည့် ဒေသခံပြည်သူများနှင့် နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များအားလည်းကောင်း၊ အောင်နိုင် ရေးရံပုံငွေနှင့် ရုပ်ဝတ္တုပစ္စည်းများ ထည့်ဝင်ကူညီပံ့ပိုးခဲ့ကြသည့် အလှူရှင်များအားလည်းကောင်း၊ မိမိတို့ ပါတီ၏ ကိုယ်စားလှယ်လောင်းများအပေါ် ယုံကြည်စွာ ဆန္ဒပြုမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများအား လည်းကောင်း မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လှိုက်လှိုက်လှဲလှဲ ကျေဇူးတင်ရှိပါကြောင်း ဖေါ်ပြ၍ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

Continue Reading

၂၀၁၅ နိုဝင်ဘာ (၈) ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲရလဒ်များ

  စဥ် ကိုယ်စားလှယ်လောင်းအမည် မဲဆန္ဒနယ်မြေ NLD ရမဲ USDP ရမဲ DPNS ရမဲ ၁။ ဒေါ်နှင်းနှင်းမွှေး မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) ၁၆၂၂၇၈ ၄၃၂၈၇ ၂၃၅၉ ၂။ ဦးမျိုးလွင် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) ၇၆၀၅၁ ၄၀၃၂၉ ၁၈၉၈ ၃။ ဦးထွန်းရွှေ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ၁၇၁၃၅၄ ၁၂၀၆၅၇ ၁၆၃၆ ၄။ ဦးထွန်းအောင်ကျော် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) ၁၁၇၇၀၇ ၂၁၂၂၀ ၂၀၆ ၅။ ဒေါ်တင်တင်ချို မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် […]

Continue Reading