(၇၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

(၇၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ၃၁၊၁၊၂၀၂၂ ရက်နေ့တွင် ကျရောက်သော ကရင့်အမျိုးသားထုတစ်ရပ်လုံး၏ သမိုင်းတန်ဖိုးကြီးမြတ်လှသည့် (၇၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ယူတန်ဖိုးထားစွာ သဝဏ်လွှာပေးပို့အပ်ပါသည်။စောဘဦးကြီး၏ မူ (၄) ချက်ကို ကိုင်စွဲကာ ယနေ့ထက်တိုင် ဆက်လက်ဆင်နွှဲနေသော တော်လှန်ရေးကြီးအတွင်း အသက်ပေးခဲ့ကြသည့်၊ သဏ္ဍာန်အမျိုးမျိုးနှင့်ပေးဆပ်ခဲ့ကြသည့် ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ကရင်အမျိုးသား အာဇာနည်အပေါင်းအား မိမိတို့ပါတီက အလေးအမြတ် ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ကရင်အမျိုးသားအစည်းအရုံးကြီးနှင့် ကရင့်အမျိုးသားတပ်မတော်သည် စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက် သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတိုက်ပွဲကြီးအတွင်း အရေးကြီးသည့် အချိုးအကွေ့တိုင်းတွင် မဟာမိတ်များနှင့်အတူ လူမျိုးစုံပြည်သူများနှင့်အတူ ဦးလည်မသုန် မှန်ကန်တည့်မတ်စွာ လက်တွဲ တိုက်ပွဲဝင်ခဲ့မှုများ၊ တိုက်ပွဲဝင်နေမှုများအပေါ် မိမိတို့ပါတီက အလေးအနက် ဂုဏ်ယူ မှတ်တမ်းတင်ပါသည်။၁၉၉၀ ခုနှစ်ကျော် ကာလများတွင်လည်းကောင်း၊ ၂၀၂၁ […]

Continue Reading

ညီညွတ်ရေးလက်တွေ့ကို အလုပ်နဲ့သက်သေထူကြ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ လူထုဆက်ဆံရေးကော်မတီက ထုတ်ဝေတဲ့ ဇန်နဝါရီလထုတ် စာစဥ် အတွဲ-၃ အမှတ်- ၆ ထွက်ပါပြီ…. ယခုတပတ်ဖတ်ရှုရမှာတွေကတော့ – DPNS ရဲ့ – လူမျိုးစုံ​​​​မြန်မာပြည်သူများသို့ နှစ်သစ်ကူးနှုတ်ဆက်စကား ဆလိုင်းနွေရဲ့ – ဒဏ်ရာတချို့နဲ့ ချုပ်ရာများ (ကဗျာ) နီနုရေးတဲ့ – ညီညွတ်ရေး (ဆောင်းပါး) လွန်းနွေငြိမ်းရဲ့ – အနီထဲက ကြယ်ဖြူပွင့်များ ကောင်းကင်တပြင်လုံး လင်းလက်တောက်ပ (ဆောင်းပါး) မေစစ်မုန်းမေးသည် – အမျိုးသမီးမဟာမိတ်အင်အားစုရဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှု။ (အင်တာဗျူး) ကြယ်စင်မြစ်ရဲ့ – အမျိုးသမီးနဲ့ နိုင်ငံရေး၊ တော်လှန်ရေးခရီးလမ်း (ဆောင်းပါး) စောဝင်းရဲ့ – ညီညွတ်ရေး လက်တွေ့ (ဆောင်းပါး) အတွဲ ၃ – အမှတ် ၆ ကို ဒေါင်းလုပ်ရယူရန် […]

Continue Reading