(၅၃) နှစ်ပြည့် ၇ ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ၇ ဇူလိုင်အရေးတော်ပုံသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇)ရက် တွင်၊ အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်ကောက်ကျစ်မှုကို သွေးမြေ ကျခံလျက် ဖော်ထုတ်၊ ဖွင့်ချနိုင်ခဲ့သည်။

၂။ လွန်ခဲ့သော (၅၃) နှစ်က ဤယနေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားထုသည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်ခဲ့သည့် အစဉ်အလာကောင်းကို ဆက်ခံ၊တိုးချဲ့၍ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတပ်ဦးတွင် ထပ်မံ မော်ကွန်း တင်နိုင်ခဲ့ပေသည်။

၃။ သမိုင်းစဉ်အတွင်း မှားယွင်း၊ တာဝန်မဲ့မှုများနှင့် မှန်ကန်၊ရဲရင့်သော တိုက်ပွဲအစဉ်အလာများကို မမေ့မလျော့ခြင်းသည် အာဃာတ နှင့် အမုန်းတရားများကို ဖော်ထုတ်ခြင်း မဟုတ်ဘဲ၊ လွတ်လပ်သော တန်းတူသော သွေးစည်းချစ်ကြည်သော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် ကျွန်ုပ်တို့ ဆက်လက် အားထုတ်၊ကြိုးပမ်းကြရမည့် လုပ်ငန်းစဉ်များကို ဓမ္မဓိဋ္ဌာန်ကျကျ မှန်ကန်စွာ ရွေးချယ်နိုင်ရေးအတွက် လိုအပ်သည့် ဆောင်ရွက်မှုပင် ဖြစ်ပေသည်။

၎။ ကျွန်ုပ်တို့ ပါတီအနေဖြင့် ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ကြီး ထူ ထောင်နိုင်သည်အထိ ၇ ဇူလိုင် စိတ်ဓာတ်နှင့် အစဉ်အလာတို့ကို ဆက်ခံ၊ကိုင်စွဲလျက် လူမျိုးစုံ မြန်မာပြည်သူလူထုကြီးနှင့် အတူ ဆက် လက် အားထုတ်၊ကြိုးပမ်းသွားကြမည်ဟု လေးနက်စွာ အဓိဋ္ဌာန်လျက် ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်။
၁၃၇၇ ခု၊ ပထမ ဝါဆို၊ လဆုတ် ၆ ရက်။

Continue Reading