
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် သဘောထား ထုတ်ပြန်ချက် (၂/၂၀၁၇)
|
||
![]() SoDem အဖွဲ့ဝင်များသည် ယနေ့(၂၃၊ ၁၊ ၁၇) နံနက်ပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်လေ့လာခဲ့ကြပါသည်။ ၎င်းတို့ကို ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များက လက်ခံတွေ့ဆုံခဲ့ကြပါသည်။ ထို့နောက် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရှေ့အလားအလာများကို ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။ ![]() Issue Analysis, Agenda Setting, Policy Formulation and Development ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ တတိယမြောက်နေ့ကို ၂၀၊၁၊၁၇ ရက်နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲကို SoDem(Asia)၊ DIPD၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်တစ်ပါတီတို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ် နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ![]() Issue Analysis, Agenda Setting, Policy Formulation and Development ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ၁၉၊၁၊၁၇ ရက်နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲကို SoDem(Asia)၊ DIPD၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်တစ်ပါတီတို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ DIPD။ SoDem တို့မှ တာဝန်ရှိသူများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ် နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် Mr Lars Aslan Rasmussrn(လွှတ်တော်အမတ်- ဒိန်းမတ်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ)၊ ဦးစိုင်းညွန့်လွင်၊(အထွေထွေအတွင်းရေးမှူး- SNLD) ဦးအောင်သူငြိမ်း(PSSI) Basu Gautam(လုမ္ဇိနီ ကမ္ဘာ့ငြိမ်းချမ်းဖိုရမ် – နီပေါ)၊ Rechie Tugawin(မျိုးဆက်ငြိမ်းချမ်းရေး လူငယ်ကွန်ရက် – ဖိလစ်ပိုင်)၊ ဦးမင်းဇင်(ဒါရိုက်တာ-PSSI)၊ ဦးစိုင်းကျော်ညွန့်(အတွင်းရေးမှူး-UPDJC) တို့ က ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေးတို့နှင့် ပတ်သက်သော အခြေအနေများ၊ အယူအဆ၊ အတွေးအမြင်များကို ရှင်းလင်းတင်ပြ ဆွေးနွေးပေးခဲ့ကြပါသည်။ ![]() A Social Democratic in Asia: Strengthening Inclusive Policy Formulation ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်လျက် ရှိပါသည်။ ၎င်းဆွေးနွေးပွဲကို SoDem(Asia)၊ DIPD၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်ပါတီ၊ DPNS နှင့် SNLD တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ၂၀၁၇၊ ဇန်နဝါရီ ၁၈ မှ ၂၀ ရက်နေ့အထိ သုံးရက်ကြာပြုလုပ်မည်ဖြစ်သည်။ DIPD။ SoDem တို့မှ တာဝန်ရှိသူများ၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် Mr Lars Aslan Rasmussem၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ် နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ အနာဂတ်နိုင်ငံ တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ ပြသ၁ နာများကို ဆွေးနွေးခဲ့ကြပါသည်။ ![]() ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(လပွတ္တာ) ဖွဲ့စည်းရေး အကြိုညှိနှိုင်းအစည်းအဝေးကို ၁၅၊၁၊၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ မြို့ခံနိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ လယ်သမားသမဂ္ဂများ၊ လပွတ္တာမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ မှိုင်းငြိမ်းကွန်ရက်(ရန်ကုန်)အဖွဲ့ဝင်များ၊ DPNS ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်းနှင့် ဦးအောင်မိုးဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဆရာကြီး၏ ငြိမ်းချမ်းရေးအယူအဆများ၊ မှိုင်းငြိမ်းကွန်ရက် လက်ရှိဆောင်ရွက်နေမှုများ၊ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ![]() လူ့ဘောင်သစ်လူငယ် ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် NNER လုပ်ငန်းအဖွဲ့ဝင်များသည် ၁၄၊၁၊၁၇ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ NNER ရုံးခန်း၌ တွေ့ဆုံခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လူ့ဘောင်သစ်လူငယ်များက ဖွဲ့စည်းပုံ၊ မူဝါဒနှင့် ရေတို ရေရှည်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ၍ အကြံဉာဏ်ခဲ့များ တောင်းခံခဲ့ကြပါသည်။ NNERအဖွဲ့ဝင်များကလည်း NNER ၏ မူဝါဒ သဘောထား၊ ဖွဲ့စည်းပုံ နှင့် ရှေ့လုပ်ငန်းစဉ်များ၊ NNER ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကို ပြန်လည်ရှင်းလင်း ပြောကြားပေးခဲ့ကြပါသည်။ လူ့ဘောင်သစ်လူငယ်(YNS) ဗဟိုလုပ်ငန်းကော်မတီသစ် နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်များသည် ၁၃၊၁၊၁၇ ရက် နေ့လည်ပိုင်းမှ ညနေပိုင်းအထိ တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ တွေ့ဆုံခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လူ့ဘောင်သစ်လူငယ်များက စုဖွဲ့မှုအသစ်နှင့် လုပ်ငန်းစဉ်များ၊ လတ်တလော ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ မှိုင်းငြိမ်းကွန်ရက် အဖွဲ့ဝင်များကလည်း ဆရာကြီး၏ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးမူဝါဒကို ဆက်ခံပြီး ဆောင်ရွက်လုပ်ကိုင်နေသည့် အခြေအနေများ၊ အဖွဲ့ပေါင်း ၆၂ ဖွဲ့ စုပေါင်းထုတ်ပြန်ထားသည့် လက်ရှိငြိမ်းချမ်းရေးအပေါ် အမျိုးသားအင်အားစုများ၏ သဘောထားတို့ကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လတ်တလော နိုင်ငံရေး၊ ငြိမ်းချမ်းရေးအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ![]() လူ့ဘောင်သစ်လူငယ် ဒုတိယအကြိမ် စုံညီအစည်းအဝေးက ရွေးချယ်တာဝန်ပေးအပ်လိုက်သည့် ဗဟိုစည်းရုံးရေးကော်မတီသစ်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ၁၁၊၁၊၁၇ ရက်နေ့နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ DPNS ဌာနချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ပါတီ၏ သဘောထားနှင့် ရပ်တည်ချက်များကို ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင်များက ရှင်းလင်းတင်ပြခဲ့ကြပါသည်။ လူ့ဘောင်သစ်လူငယ်၏ ခေါင်းဆောင်မှုအသစ်၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို YNS ဥက္ကဋ္ဌ ကိုရဲအောင်အေး၊ အတွင်းရေးမှူး မအိသဉ္ဇာမောင်၊ တွဲဘက်အတွင်းရေးမှူး ကိုပြည့်ဘုန်းပိုင်နှင့် ကော်မတီဝင်များက ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လတ်တလောဆောင်ရွက်ရန်ကိစ္စများကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ![]() ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကို ၈၊ ၁၊ ၁၇ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ ၄၊၁၊၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သဘောထားကြေညာချက်နှင့် ပတ်သက်သောကိစ္စများ၊ နယ်များတွင် မှိုင်းငြိမ်းကွန်ရက်များ တိုးချဲ့ဖွဲ့စည်းရေး၊ ရွှေတောင်မြို့ ဝါးလည်ရွာတွင် ဆောက်လုပ်မည့် ငြိမ်းချမ်းရေးဗိမာန်တည်ဆောက်ရေး အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ |
||
Copyright © 2021 DPNS - All Rights Reserved.
|