
စာစဉ်ရယူရန် ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၅)၊ ဒီဇင်ဘာလ၊ ၂၀၁၈။
|
||
![]() လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေးကို ၂၀၁၈၊ ဒီဇင်ဘာလ၊ ၁၉ ရက်မှ ၂၁ ရက်နေ့ထိ ပြင်ဦးလွင်မြို့၊ အာရှအလင်းရောင်ဖောင်ဒေးရှင်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး ပထမနေ့တွင် ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်စကားပြောကြားခြင်း၊ ဗဟိုစည်းရုံးရေးကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာကို တင်သွင်းခြင်း၊ ဗဟိုစည်းရုံးရေးကော်မတီ၏ လုပ်ငန်းအစီရင်ခံစာတင်သွင်းခြင်း၊ ဘဏ္ဍာရေးအစီရင်ခံစာ တင်သွင်းခြင်း၊ အမျိုးသမီးလုပ်ငန်းကော်မတီအစီရင်ခံစာ တင်သွင်းခြင်း၊ လူ့ဘောင်သစ်လူငယ်အစီရင်ခံစာတို့ကို တင်သွင်းခဲ့ကြပြီး ကိုယ်စားလှယ်များက အစီရင်ခံစာများအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။ အစည်းအဝေး ဒုတိယနေ့တွင် ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး (၂/၂၀၁၈)က သုံးသပ်တင်ပြသော ပါတီဖွဲ့စည်းပုံစည်းမျဉ်းနှင့် မူဝါဒများကို တင်ပြဆွေးနွေး၍ အတည်ပြုခဲ့ကြပါသည်။ စုံညီအစည်းအဝေး လုပ်ထုံးလုပ်နည်းများကို ဝိုင်းဝန်းဆွေးနွေး အတည်ပြုပြီးနောက် အဖွဲ့ဝင် ၅ ဦးပါဝင်သည့် ရွေးချယ်တင်မြှောက်ရေးကော်မရှင်ဖွဲ့စည်းကာ ဗဟိုကော်မတီအသစ်ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။ အစည်းအဝေး အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ခံ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် မသက်ထားဆွေ (ဥက္ကဋ္ဌ – ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ၊ အလုပ်အမှုဆောင် – ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်) ပြောကြားသည့် အမှတ်တရစကား။ ၁၉၊ ၁၂၊ ၂၀၁၈။ အာရှအလင်းရောင် ဖောင်ဒေးရှင်းခန်းမ၊ ပြင်ဦးလွင်မြို့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဖိလစ်ပိုင်နိုင်ငံ အထက်လွှတ်တော်အမတ် Risa ၏ အမှတ်တရစကား ဗွီဒီယိုဖိုင်။ အာရှအလင်းရောင် ဖောင်ဒေးရှင်းခန်းမ၊ ပြင်ဦးလွင်မြို့။ ၁၉- ၁၂- ၂၀၁၈။ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်စကား။ ၁၉၊ ၁၂၊ ၂၀၁၈။ အာရှအလင်းရောင် ဖောင်ဒေးရှင်းခန်းမ၊ ပြင်ဦးလွင်မြို့။ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဆရာ အမ်ငြိမ်း က ကဗျာရွတ်ဆို ဂုဏ်ပြုပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဆရာ အမ်ငြိမ်း က ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ပါသည်။ ၁၉- ၁၂- ၂၀၁၈။ အာရှအလင်းရောင် ဖောင်ဒေးရှင်းခန်းမ၊ ပြင်ဦးလွင်မြို့။ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဆရာကွန်စစ်ကောင်း က ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ပါသည်။ ၁၉- ၁၂- ၂၀၁၈။ အာရှအလင်းရောင် ဖောင်ဒေးရှင်းခန်းမ၊ ပြင်ဦးလွင်မြို့။ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဖက်ဒရယ်ဒီမိုကရက်တစ်တပ်ဦးမှ ဦးမြအေး ပြောကြားသည့် အမှတ်တရစကား။ |
||
Copyright © 2021 DPNS - All Rights Reserved.
|