ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်) ကျင်းပပြုလုပ်

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်)ကို ၂၀၁၈ ဇူလိုင်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)၌ ကျင်းပခဲ့ပါသည်။ နှီးနှောဖလှယ်ပွဲအား ၂၀၁၈၊ မေလ ၂၆၊ ၂၇၊ ၂၈ တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်)၏ အဆက်အဖြစ် ကျင်းပခြင်းဖြစ်သည်။ နှီးနှောဖလှယ်ပွဲကို လူထုဆန္ဒကိုအခြေခံ၍ ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ ညီညွတ်ရေးဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန်ဟူသည့် ရည်ရွယ်ချက်သုံးရပ်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။

Continue Reading

ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ (ရန်ကုန်)သို့ တင်သွင်းသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အမြင်သဘောထားစာတမ်း

ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ (ရန်ကုန်)သို့ တင်သွင်းသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အမြင်သဘောထားစာတမ်း (လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပြည်သူများ၏ အခန်းကဏ္ဍ)

Continue Reading

မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာအုပ်စု ဆိုင်းဘုတ်တင်ပွဲအခမ်းအနား

မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ကျေးရွာအုပ်စုတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ၂၀၁၈၊ ဇူလိုင်လ ၂၄ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲတွင် ထနောင်းတိုင်ကျေးရွာအုပ်စု စည်းရုံးရေးတာဝန်ခံ ကိုပြည့်ဖြိုးဝင်းက ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပါတီ၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကိုလည်းကောင်း၊ လူ့ဘောင်သစ်လူငယ်အကြောင်းကို မအိသဉ္ဇာမောင်ကလည်းကောင်း ပြောကြားခဲ့ကြပါသည်။ ထို့နောက် မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင် ဦးမျိုးဟန်တို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ဒေသခံလူငယ်များနှင့် ဆွေးနွေးပွဲစကားဝိုင်း ပြုလုပ်ခဲ့ပါသည်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၄ နှစ်မြောက် အခမ်းအနား

ငြိမ်းချမ်းရေးပိသုကာကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၄ နှစ်မြောက် အခမ်းအနားကို ၂၀၁၈၊ ဇူလိုင်လ ၂၃ ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ ကဗျာဆရာသမဂ္ဂ၊ တောင်သူလယ်သမားသမဂ္ဂ(မှော်ဘီ)၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်းသူကျောင်းသားများနှင့် ဆရာကြီးအားချစ်ခင်လေးစားသူများ အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ ဂုဏ်ပြုအမှတ်တရစကားများလည်း ပြောကြားခဲ့ကြပါသည်။

Continue Reading

၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားများသို့ တက်ရောက်ဂါရဝပြု

မြင်းခြံမြို့ မဏိကဉ္စနာခန်းမရှေ့တွင် ကျင်းပပြုလုပ်သည့် ၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ မြင်းခြံမြို့နယ်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်အလေးပြုခဲ့ကြပါသည်။ ဘားအံမြို့ အာဇာနည်ကျောက်တိုင်ကွင်းတွင် ပြုလုပ်သည့် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၌ကျင်းပသည့် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ကိုယ်စားလှယ်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။

Continue Reading

Political Strategy Development Workshop ပြုလုပ်

SocDemAsia နှင့် FES တို့ ပူးပေါင်းစီစဉ်သည့် Political Strategy Development Workshop ကို ၂၀၁၈ ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ရန်ကုန်မြို့၊ Sedona ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ တီမောလက်စ်တေး၊ မလေးရှား၊ အင်ဒိုနီးရှား၊ မွန်ဂိုလီးယား၊ မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်) ဖြစ်မြောက်ရေးကော်မီတီ အစည်းအဝေး

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်) ဖြစ်မြောက်ရေးကော်မီတီ အစည်းအဝေးကို ၂၀၁၈၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် တိုးတက်သောဒီမိုကရက်တစ်အင်အားစုအဖွဲ့ဝင်များ၊ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်၍ တာဝန်များခွဲဝေကာ အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲနှင့်ညစာစားပွဲ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲနှင့် ညစာစားပွဲကို နေပြည်တော် MICC ll တွင် ၂၀၁၈၊ ဇူလိုင်လ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းဖွင့်ပွဲနှင့် ညစာစားပွဲသို့ ပါတီအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး တက်ရောက်ခဲ့ပါသည်။

Continue Reading

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲတရပ် ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈၊ ဇူလိုင်လ ၉ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုးတက်သောဒီမိုကရက်တစ်အင်အားစုအဖွဲ့ဝင်များ၊ လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အစည်းအဝေးတွင် မေလအတွင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်)၏ အဆက်အဖြစ် ရန်ကုန်တွင်လည်း ငြိမ်းချမ်းရေးလူထုနှီးနှာဖလှယ်ပွဲတရပ် ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

“နိုင်ငံရေးပါတီတွေ အားကောင်းမောင်းသန်ဖြစ်ပြီလား” Debate

“နိုင်ငံရေးပါတီတွေ အားကောင်းမောင်းသန်ဖြစ်ပြီလား” ခေါင်းစဉ်ဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ ပထမဦးဆုံး Debate ကို ၈-၇-၂၀၁၈ တွင် တာမွေမြို့နယ်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဦးအောင်မိုးဇော်(ဥက္ကဋ္ဌ- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးစောသန်းမြင့်(ဥက္ကဋ္ဌ-ဖက်ဒရယ်ပြည်ထောင်စုပါတီ)၊ ဒေါက်တာစိုးဝင်းဦး(အရံဗဟိုကော်မတီဝင်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးသီဟသွေး (နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် သတင်းဆောင်းပါးရှင်)တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading