
ကရင်ပြည်နယ် ဘားအံမြို့ ဗိုလ်ချုပ်ကျောက်တိုင်၌ နှစ် ၇၀ မြောက် အာဇာနည်နေ့အခမ်းအနားကို ၁၉-၇-၂၀၁၇ နေ့တွင် ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် ရဲဘော်များ တက်ရောက်အလေးပြုခဲ့ကြပါသည်။
|
||
ပါတီစည်းရုံးရေးစာစဉ် ၊ အတွဲ(၁)၊ အမှတ်(၇) ကျောင်းသားသမဂ္ဂအဆောက်အဦကိစ္စနှင့် ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအား ဇူလိုင်လ ၁၇ ရက်နေ့ထုတ် 7DAY DAILY သတင်းစာတွင် ပါရှိသည့် သတင်းဖော်ပြချက် ![]() လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်စည်းရုံးရေးကော်မတီ၏ လစဉ်ပုံမှန်အစည်းအဝေးကို ၁၅-၇-၂၀၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအခြေအနေများ ပါတီရှေ့လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ ပါတီစည်းရုံးရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ တကသအဆောက်အဦးနေရာတွင် အဆောက်အဦသစ်တခု ပြန်ဆောက်လုပ်မည်ဆိုသည့် သတင်းနှင့်ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ၏ သဘောထားကို (၁၅၊ ၇၊ ၂၀၁၇ ရက်စွဲဖြင့်) ထုတ်ပြန် ကြေညာပါသည်။ ![]() ၂၉-၆-၂၀၁၇ ရက်နေ့မှ စတင်ဆင်နွှဲလျက်ရှိသည့် မန္တလေးတိုင်း တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ငွေကျပ်တစ်သိန်းလည်း ပေးပို့လှူဒါန်းခဲ့ပါသည်။ ၎င်းအလှူငွေနှင့် ကြေညာချက်တို့အား ၁၃-၇-၂၀၁၇ ရက်နေ့ ညဦးပိုင်းတွင် အောင်မြေသာဇံမြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သွားရောက်ပေးပို့ လှူဒါန်းခဲ့ပါသည်။ တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်၏ အဓိကလိုလားချက်များမှာ သဏ္ဌာန်ပေါင်းစုံဖြင့် ဖမ်းဆီးအရေးယူ အပြစ်ပေးခံနေရသော တောင်သူလယ်သမားများကို အမှုများပိတ်သိမ်း လွှတ်ပေးရေးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အား တွေ့ဆုံဆွေးနွေး ညှိနှိုင်းခွင့်ရရေးတို့ ဖြစ်ပါသည်။ ![]() လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အတွင်းရေးမှူး-၂ ဒေါ်နှင်းနှင်းမွှေးတို့သည် မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီရဲဘော်များနှင့် တွေ့ဆုံ၍ အစည်းအဝေးကျင်းပခဲ့ပါသည်။ ၁၀-၇-၂၀၁၇ နေ့လည်ပိုင်းတွင် မြင်းခြံမြို့နယ် DPNS ရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ အစည်းအဝေးတွင် ပါတီဌာနချုပ်၏ လက်ရှိဆောင်ရွက်နေမှုများ၊ ပြည်တွင်းပြည်ပ မဟာမိတ်ဆက်ဆံရေး အခြေအနေများ၊ ၂၀၁၇ အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ မြင်းခြံရဲဘော်များကလည်း ဒေသတွင်းအခြေအနေများ၊ ဆောင်ရွက်ထားရှိမှုများကို ပြန်လည်တင်ပြပေးကာ ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ |
||
Copyright © 2021 DPNS - All Rights Reserved.
|