ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on August 6th, 2017
အခြေခံပညာလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့နှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တို့သည် ၆-၇-၂၀၁၇ ရက်နေ့တွင် NNER ရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် အခြေခံပညာလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများနှင့် NNER က ကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on July 31st, 2017
၄၆ နှစ်မြောက် ကိုကိုးကျွန်းပြည်သူ့ သူရဲကောင်းနေ့ အခမ်းအနားကို ၃၁-၇-၂၀၁၇ နံနက်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် ကျွန်းပြန်ရဲဘော်ကြီး ဦးကျော်စိုးက ဆောင်ရွက်ခဲ့ပြီး ကိုကိုးကျွန်းပြန်ရဲဘော်များကိုယ်စား ကျွန်းပြန်ရဲဘော်ကြီး ဦးလှချိုက အဖွင့်အမှတ်တရစကား ပြောကြားခဲ့ပါသည်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့မှ ဦးစိုင်းညွန့်လွင် ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုမှ ဦးစံနု ဦးကျော်အောင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်နှင်းနှင်းမွှေးတို့က အမှတ်တရ ဂုဏ်ပြုစကား ပြောကြားကြပြီး သဝဏ်လွှာများ ဖတ်ကြားခဲ့ကြပါသည်။ ကိုကိုးကျွန်းပြန်နိုင်ငံရေးရဲဘော်များ၏ သဘောထားကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။
By DPNS INFORMATION, on July 31st, 2017 ၃၁-၇-၂၀၁၇ တွင် ကျရောက်သည့်၄၆ နှစ်မြောက် ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)မှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ
By DPNS INFORMATION, on July 30th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပါတီမူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာဆွေးနွေးပွဲကို ၃၀၊ ၇၊ ၂၀၁၇ နေ့တွင် ပြည်မြို့ CPRCG [Civil & Political Rights Campaign Group] သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဗဟိုစည်းရုံးရေးကော်မတီဝင်များ ပဲခူးတိုင်း ဧရာဝတီတိုင်းတို့မှ ပါတီခေါင်းဆောင်များ၊ စည်းရုံးရေးကော်မတီဝင်များ ၂၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on July 30th, 2017
NNER လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၃၀-၇-၂၀၁၇ ညနေပိုင်းတွင် NNER ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် သြဂုတ်လအတွင်းကျင်းပမည့် NNER ကိုယ်စားပြုကော်မတီအစည်းအဝေးအတွက် အသေးစိတ်အစီအစဉ်များနှင့် အခြေခံပညာရေးလုပ်သားများသမဂ္ဂနှင့် တွေ့ဆုံဆွေးနွေးရေးတို့ကို တိုင်ပင်ညှိနှိုင်းခဲ့ကြပါသည်။
By DPNS INFORMATION, on July 29th, 2017
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ (ဖက်ဒရယ်)ကို ၂၈-၂၉၊ ၇၊ ၂၀၁၇ နေ့တို့တွင် ပြည်မြို့ CPRCG [Civil & Political Rights Campaign Group] သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆလိုင်းရှိန်းထွန်း (ချင်းတိုးတက်ရေးပါတီ)၊ စိုင်းဇင်မင်းအေး (ရှမ်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)တို့က ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ ပါတီခေါင်းဆောင်များ၊ စည်းရုံးရေးကော်မတီဝင်များ ၂၀ ခန့် တက်ရောက်၍ ဖက်ဒရယ်စနစ်ဆိုင်ရာကိစ္စရပ်များ လက်ရှိမြန်မာ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on July 27th, 2017
၂၉ နှစ်မြောက် ၈၈၈၈ အခမ်းအနားကျင်းပရေး အစည်းအဝေးကို ၂၇-၇-၂၀၁၇ ညနေ၃း၀၀ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ၈၈၈၈ တွင် ပါဝင်ခဲ့ကြသူများ နိုင်ငံရေးပါတီများ နိုင်ငံရေးအင်အားစုများ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on July 23rd, 2017
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း(၅၃)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ၂၃၊ ၇၊ ၂၀၁၇ ရက်နေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် နာယကတစ်ဦးဖြစ်သည့် မဂ္ဂင်ဆရာတော်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုမှ ဦးအောင်စောဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ ဦးကျော်မြင့်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ကိုကောင်းထက်ကျော်၊ မှော်ဘီတောင်သူလယ်သမားသမဂ္ဂမှ ကိုကျော်မျိုးလတ်တို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး မှိုင်းငြိမ်းကွန်ရက်မှ ဦးထွန်းဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၏ သဘောထားကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဂုဏ်ပြုအမှတ်တရစကား ပြောကြားရာတွင် ဆရာကြီးပြောကြားခဲ့သည့် မိန့်ခွန်းများသည် ယနေ့ကာလနှင့် ကိုက်ညီနေဆဲဖြစ်ကြောင်း၊ ဆရာကြီးမိန့်ကြားခဲ့သည့်အတိုင်း ငြိမ်းချမ်းရေးရဖို့အတွက် ညီညွတ်ရေးသည် အရေးကြီးပြီး တပြည်လုံးညီညွတ်ဖို့ လိုအပ်ကြောင်း၊ မဟာမိတ်ဖွဲ့ရာတွင် သတိရှိရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်ရာတွင် ကာလ ဒေသ ပယောဂတို့ကို ချိန်ဆပြီးလုပ်ကြရမည်ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ ဆရာကြီးအား ချစ်ခင်လေးစားသူများ၊ ဆရာကြီး၏ မိသားစုဝင်များ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်
By DPNS INFORMATION, on July 23rd, 2017
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များအစည်းအဝေးကို ၂၃-၇-၂၀၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ရာ ရန်ကုန် မှော်ဘီ မန္တလေး မုံရွာ မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များကြား ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး ဆရာကြီး၏ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးအယူအဆပေါ်တွင် ရပ်ခံဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on July 23rd, 2017
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၃)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။ (၂၃၊ ၇၊ ၂၀၁၇)
|