ချောင်းသာ ရွှေသောင်ယံရုံးတွင် ဆွေးနွေးပွဲပြုလုပ်

ပါတီလှုပ်ရှားမှုများ

၂၀၁၉၊ အောက်တိုဘာ ၃။ ချောင်းသာ။

၂၀၁၉၊ အောက်တိုဘာ ၃ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုထက်နိုင်လင်းတို့သည် ချောင်းသာ DPNS ရုံးတွင် ပါတီဝင်များနှင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီမိတ်ဆက်၊ ပါတီမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ လယ်သမား၊ အလုပ်သမား၊ လူငယ်နှင့် အမျိုသမီးလုပ်ငန်းကော်မတီတို့ ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသဆိုင်ရာအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ ပါတီဝင်လျှောက်လွှာများကိုလည်း လက်ခံခဲ့ကြပါသည်။ ညပိုင်းတွင် ပါတီဝင်များ၊ ဒေသခံအမျိုးသမီးများနှင့် ဆွေးနွေးပွဲဆက်လက်ပြုလုပ်ခဲ့ပါသည် ။

[ngg src=”galleries” ids=”688″ display=”basic_thumbnail”]