၀ါးစိမ်းတောင်ဒေသစီမံကိန်းကန့်ကွက်ဆန္ဒပြ DPNS ရဲဘော်များ ပူးပေါင်းပါဝင်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ စက်တင်ဘာ ၃၀။ မုံရွာ။

ယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဝါးစိမ်းတောင်ဒေသတွင် ဆောင်ရွက်မည့် ကြေးနီနှင့်ဓာတ်သတ္တု စမ်းသပ်ရှာဖွေရေး စီမံကိန်းအား ပြည်သူ့ဆန္ဒမပါဘဲ စမ်းသပ်လုပ်ကိုင်ခွင့်ပေးသည့်အပေါ် ဒေသခံပြည်သူအင်အား ၁၀ဝ၀ ကျော်က စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၌ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ ဆန္ဒပြပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကြိုဆိုထောက်ခံကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ဆန္ဒပြပွဲတွင် ပါတီရဲဘော်များလည်း ပူးပေါင်းပါဝင်ခဲ့ပါသည်။
ဝါးစိမ်းတောင်ဒေသ ဓါတ်သတ္တုတူးဖော်ရေးစီမံကိန်းအား စမ်းသပ်ခွင့်ပြုပေးမှုနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအနေဖြင့် ပြန်လည်စဉ်းစားပြီး ဒေသခံလူထု၏ ဆန္ဒနှင့်အညီ ပြောင်းလဲဆုံးဖြတ်သင့်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် အဖွဲ့အစည်း ၁၈ ဖွဲ့၏ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် ဝါးစိမ်းတောင်ဒေသ စီမံကိန်းနယ်မြေဧရိယာတွင် ကျေးရွာပေါင်း ၁၂၀၊ စာသင်ကျောင်း ၈၆ ကျောင်း၊ ဘုန်းတော်ကြီး ၁၃၉ ကျောင်း၊ စိုက်ပျိုးမြေ စားကျက်မြေ၊ သာသနာ့မြေ၊ ကြိုးဝိုင်းမြေ၊ သစ်တောမြေနှင့် ဒေသခံ ၈၀ဝ၀ဝ ကျော်တို့၏ လူမှုဘဝ၊ စီးပွားရေး ထိခိုက်ပျက်စီးနိုင်ကြောင်း၊ ဝါးစိမ်းတောင်ဒေသ ဓါတ်သတ္တုတူးဖော်ရေးစီမံကိန်းအား စမ်းသပ်ခွင့်ပြုပေးမှုနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအနေဖြင့် ပြန်လည်စဉ်းစားပြီး ဒေသခံလူထု၏ ဆန္ဒနှင့်အညီ ပြောင်းလဲဆုံးဖြတ်သင့်ကြောင်း ဖော်ပြထားပါသည်။

[ngg src=”galleries” ids=”687″ display=”basic_thumbnail”]