SocDem Asia ကွန်ရက် ဆယ်နှစ်ပြည့် ကွန်ဖရင့်သို့ DPNS ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ တက်ရောက်

၂၀၁၉- သြဂုတ်- ၂၉။ ကွာလာလမ်ပူမြို့။…………………………………………………………………………………၂၀၁၉၊ သြဂုတ်လ၊ ၂၉ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ဆိုရှယ်ဒီမိုကရေစီအေရှကွန်ရက်၏ ဆယ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် Breaking Through: A Decade of Democratic Struggleand and Victories ကွန်ဖရင့် ကျင်းပခဲ့ပါသည်။ Democratic Action Party မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ ၎င်းကွန်ဖရင့်သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံတို့ တက်ရောက်ခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲကို ကွန်ရက်၏ ပဲ့ကိုင်ကော်မတီအစည်းအဝေးနှင့် တွဲဖက် ကျင်းပခြင်းဖြစ်ပြီး မြန်မာ၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ နီပေါ၊ မွန်ဂိုလီးယားတို့မှ အဖွဲ့ဝင်နိုင်ငံရေးပါတီများ၊ ဆွီဒင်၊ ဂျာမဏီ၊ အီတလီနှင့် ဥရောပနိုင်ငံများမှ မိတ်ဖက်အဖွဲ့အစည်းများ […]

Continue Reading

DPNS မန္တလေးတိုင်းကော်မတီ ဖွဲ့စည်းခြင်း

၂၂၊ ၈၊ ၂၀၁၉။ မန္တလေး။ မန္တလေးတိုင်းကော်မတီ ဖွဲ့စည်းသည့်အစည်းအဝေးကို ၂၀၁၉၊ သြဂုတ်လ၊ ၂၂ ရက်နေ့တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့ပါသည်။ မန္တလေး၊ ပြင်ဦးလွင်၊ မြင်းခြံ၊ တံတားဦးနှင့် ဌာနချုပ်ရဲဘော်များ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။ တိုင်းကော်မတီဖွဲ့စည်းရေး ပြင်ဆင်ဆောင်ရွက်ခဲ့ပုံများကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းတို့က ရှင်းလင်းတင်ပြခဲ့ပြီး မန္တလေးတိုင်းရဲဘော်များကလည်း လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည့် မန္တလေးတိုင်းကော်မတီကို အောင်မြင်စွာ ဖွဲ့စည်းခဲ့ကြပြီး တိုင်းရုံးဖွင့်လှစ်ရေး အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

မူဝါဒ ရေးဆွဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ

၂၂၊ ၈၊ ၂၀၁၉။ သံလွင်ပါရာဒိုက်ဟိုတယ်၊ ဘားအံမြို့။IRI မှ စီစဉ်ပြုလုပ်သည့် မူဝါဒရေးဆွဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် ဘားအံမြို့ သံလွင်ပါရာဒိုက်ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ခင်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

တောင်သူလယ်သမားအရေး ဆောင်ရွက်နေကြသည့် ဒေသအသီးသီးမှ အဖွဲ့အစည်းများ တွေ့ဆုံပွဲနှင့် သတင်းစာရှင်းလင်းပွဲ

ကွန်မြူနတီစင်တာ၊ မန္တလေးမြို့။ ၂၀၁၉၊ သြဂုတ်၊၂၂။ မန္တလေးမြို့၊ ကွန်မြူနတီစင်တာတွင် လယ်သမားအရေးဆောင်ရွက်နေသော ဒေသအသီးသီးမှ အဖွဲ့အစည်း များက တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ၂၂၊၈၊၂၀၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်း(ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီ)၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်(မြင်းခြံမြို့နယ် တောင်သူလယ်သမားအရေး လှုပ်ရှားသူများ)တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသအသီးသီးက တောင်သူလယ်သမားများ ကြုံတွေ့ရင်ဆိုင်နေရသော အခက်အခဲများ၊ ဆင်းရဲဒုက္ခများ၊ အဖိနှိပ်ခံနေရမှုများ၊ လူ့အခွင့်အရေးအချိုးဖောက်ခံနေရမှုများ၊ အကာအကွယ်မဲ့နေမှုများ၊ လယ်မြေယာမြေ အသိမ်းဆည်းခံနေရမှုများ၊ မတရားဖမ်းဆီး၊ တရားစွဲ၊ ဝရမ်းထုတ်၊ ထောင်ချခံနေရမှုများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲအပြီးတွင် ထုတ်ပြန်ချက်တစောင် ထုတ်ပြန်၍ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ပါသည်။ ထုတ်ပြန်ချက်တွင် ဒေသအသီးသီးမှ တောင်သူလယ်သမားများ အတိဒုက္ခရောက်နေရခြင်းများသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အားနည်းသည့် စီမံကိန်းများ၊ အာဏာပိုင်အဆင့်ဆင့်နှင့် […]

Continue Reading

UNA Plus အလုပ်အဖွဲ့ အစည်းအဝေး ပြုလုပ်

၂၂၊ ၈၊ ၂၀၁၉။ UNA ရုံး။ ၂၀၁၉၊ သြဂုတ်လ၊ ၂၂ ရက်နေ့ နံနက် ၁၀းဝ၀ နာရီမှ ညနေ ၄းဝ၀ နာရီအထိ UNA plus အလုပ်အဖွဲ့အစည်းအဝေးကို ရန်ကုန်မြို့ရှိ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်ရုံးခန်း၌ ပြုလုပ်ခဲ့ရာ အလုပ်အဖွဲ့ဝင်ဖြစ်သည့် DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများ၊ ငြိမ်းချမ်းရေးအလားအလာနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

DPNS အမျိုးသမီးခေါင်းဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ(၃/၂၀၁၉) ပိတ်ပွဲ အခမ်းအနား

၂၀၁၉၊ သြဂုတ်၊ ၁၈။ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးခေါင်းဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၉) ပိတ်ပွဲအခမ်းအနားကို သြဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ပိတ်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ လူ့ဘောင်သစ်လူငယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ပါတီသည် ပါတီတွင်း အမျိုးသမီးများ ပါဝင်မှုအားကောင်းလာရေး၊ ပါတီ၏ ခေါင်းဆောင်မှုအဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်လာနိုင်ရေးကို အထူးအလေးထားကြောင်း၊ မဟာဖိုဝါဒချုပ်ငြိမ်းပြီး ကျားမတန်းတူညီမျှမှုရှိသည့် လူ့ဘောင်လောကသစ် တည်ဆောက်နိုင်ရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတို့တွင် အမျိုးသမီးထု၏ အခန်းကဏ္ဍသည် လွန်စွာမှ အရေးပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်က ပါတီမိတ်ဆက်ကို တင်ပြခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက အမှတ်တရစကား […]

Continue Reading

ပါတီဋ္ဌာနချုပ်တာဝန်ရှိသူများနှင့် ပွင့်ဖြူမြို့နယ်ပါတီဝင်များ တွေ့ဆုံဆွေးနွေး

၁၆- ၈- ၂၀၁၉။ ပွင့်ဖြူမြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဋ္ဌာနချုပ်ခေါင်းဆောင်များသည် ပွင့်ဖြူမြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ မင်းဘူးမြို့နယ်ပါတီကော်မတီဝင်များနှင့် ပွင့်ဖြူမြို့နယ်ကော်မတီရုံးခန်းတွင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ၁၆၊၈၊၂၀၁၉ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြပါသည်။တွေ့ဆုံပွဲကို ပါတီဗဟိုကော်မတီဝင် ဦးအောင်နိုင်ဦးက အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပေးပြီး ပါတီဥက္ကဋ္ဌ က ပွင့်ဖြူ၊မင်းဘူးခရီးစဉ်၏ ရည်ရွယ်ချက်ကို တင်ပြမိတ်ဆက်ပေးခြင်းဖြင့် တွေ့ဆုံပွဲကို စတင်ခဲ့ပါသည်။ ပွင့်ဖြူမြို့နယ်ပါတီကော်မတီဝင် ဦးဟန်သိန်းက ပွင့်ဖြူကော်မတီ၏ ဆောင်ရွက်ထားမှုများ၊ တွေ့ရှိရသည့်အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ဒေသတွင်း စည်းရုံးရေးအခြေအနေများကို တင်ပြပေးပါသည်။ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းက ပါတီ၏နိုင်ငံရေးဦးတည်ချက် ၅ ရပ်နှင့် လတ်တလောလုပ်ငန်းစဉ် ၃ ရပ်ကို မိတ်ဆက်တင်ပြပေးသည်။ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က ပါတီ၏ အလေးထားမှု ၃ ရပ်အပါအဝင် ပါတီ၏ အခြေခံမူဝါဒ များကို ဆွေးနွေးတင်ပြပေးပါသည်။ ထို့အပြင် ယနေ့ကာလ နိုင်ငံရေးတာဝန်များနှင့် […]

Continue Reading

DPNS အမျိုးသမီးခေါင်းဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၉)

၂၀၁၉၊ သြဂုတ်၊ ၁၄ – ၁၈။ သန်လျင်မြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးခေါင်းဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၉) ကို သြဂုတ်၊ ၁၄ မှ ၁၈ ရက်နေ့ထိ သန်လျင်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပါတီဌာနချုပ်၊ လူ့ဘောင်သစ်လူငယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ ပထမရက်တွင် “မဟာဖိုဝါဒကြီးစိုးမှု”ကို ကျော်လွှားတိုက်ဖျက်နိုင်ရေးအတွက် သတင်းအချက်အလက်များကို အသုံးချပြီး အဖြေရှာဖို့ လိုအပ်ကြောင်း၊ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင်လည်း အခြေအနေပေးလျက်ရှိကြောင်း ပွင့်လင်းမြင်သာမှုရှိသည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ စုစည်းမှုရှိဖို့ လိုအပ်ကြောင်း၊ အမျိုးသမီးရေးသည် နိုင်ငံရေးဖြစ်ပြီး အမျိုးသမီးများ ခေါင်းဆောင်မှုတွင် တာဝန်ယူနိုင်ရန်အတွက် ကြိုးစားကြရမည်ဖြစ်ကြောင်းတို့ ဆွေးနွေးခဲ့ကြသည်။ ဒုတိယရက်တွင် အပြန်အလှန် လေးစားတန်ဖိုးထားမှုရှိသည့် ဆက်ဆံရေးတည်ဆောက်ရန်၊ ခေါင်းဆောင်ကောင်းတယောက် […]

Continue Reading

မင်းဘူးမြို့နယ် ပါတီကော်မတီကို အောင်မြင်စွာ ဖွဲ့စည်းတာဝန်ပေးအပ်

၂၀၁၉၊ ၈၊ ၁၅။ မင်းဘူးမြို့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဋ္ဌာနချုပ်ခေါင်းဆောင်များသည် မင်းဘူးမြို့နယ် ပါတီဝင်များ၊ ပါတီလိုလားသူများ၊ လုပ်ဖော်ကိုင်ဘက် အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲကို မင်းဘူးမြို့၊ သမဂ္ဂကာရီ တောရကျောင်းတိုက်တွင် ၁၅၊၈၊၂၀၁၉ ရက်နေ့နံနက်က ပြုလုပ်ခဲ့ကြပါသည်။တွေ့ဆုံပွဲတွင် ပါတီဗဟိုကော်မတီဝင် ဦးအောင်နိုင်ဦးက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးပြီး အပြန်အလှန်မိတ်ဆက်ခြင်းဖြင့် စတင်ခဲ့ကြပါသည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းက ပါတီဖြတ်သန်းမှုသမိုင်းနှင့် ပါတီ၏နိုင်ငံရေးဦးတည်ချက် ၅ ရပ်ကို မိတ်ဆက်တင်ပြပေးသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပါတီ၏အလေးထားမှု ၃ ရပ်၊ ပါတီ၏ လတ်တလောလုပ်ငန်းစဉ်များ၊ ပါတီ၏ ခေါင်းဆောင်မှုအဆင့်ဆင့်တွင် လူငယ်များနှင့် အမျိုးသမီးများ၏ ပါဝင်မှု ပိုမိုမြှင့်တင်နိုင်ရေးကြိုးပမ်းဆောင်ရွက်နေမှု စသည့်ကိစ္စများကို ဆွေးနွေးပေးပါသည်။ ထို့အပြင် ယနေ့ကာလ နိုင်ငံရေးတာဝန်များနှင့် ပါတီ၏ ဆောင်ရွက်နေမှုများကို ဆက်လက်တင်ပြပါသည်။တက်ရောက်လာသူများကလည်း ပါတီတည်ဆောက်ရေးတွင် အလေးထားသင့်သည်များကို […]

Continue Reading

ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး (၃၁) နှစ်မြောက် သဘောထားထုတ်ပြန်ချက်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီ၏ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး (၃၁) နှစ်မြောက် အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ပါသည်။

Continue Reading