UEC နှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်

၇၊ ၈၊ ၂၀၁၉။ မန္တလေး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၉၊ သြဂုတ်လ၊ ၇ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးလွှတ်တော်ရုံးဟောင်း၌ ပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲသို့ မန္တလေးတိုင်းအတွင်းရှိ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမဟာဗျူဟာစီမံကိန်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးသန့်စင်နှင့် အောင်မြေသာစံမြို့နယ်ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်တို့ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဦးသန့်စင်က တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲဖြစ်စေချင်ကြောင်း၊ ရွေးကောက်ပွဲအစဉ်ဆက် မဲစာရင်းအမှားများအပါအဝင် အားနည်းမှုများကို ပြုပြင်ပြီး အကောင်းဆုံးပြင်ဆင်နိုင်ရန် ကြိုးစားကြစေချင်ကြောင်း၊ ရွေးကောက်ပွဲအပေါ် မဲဆန္ဒရှင်များ အာရုံစူးစိုက်မှု၊ မဲပေးမှု နည်းပါးလာခြင်းအပေါ် UEC အပါအဝင် ပါတီများ၊ အရပ်ဖက်အဖွဲ့စည်းများ ပူးပေါင်းလှုံ့ဆော်ပေးဖို့ လိုအပ်ကြောင်း၊ ဒေသဆိုင်ရာအားလုံး၏ […]

Continue Reading

DPNS ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၁၉)

၃ – ၅ သြဂုတ်၊ ၂၀၁၉။ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ၂/၂၀၁၉ ကို ရန်ကုန်မြို့ရှိ ပါတီဌာနချပ်ရုံး၌ ၂၀၁၉၊ သြဂုတ်လ၊ ၃ ရက်မှ ၅ ရက်နေ့ထိ ၃ ရက်တာ ကျင်းပခဲ့သည်။ ပထမရက်တွင် အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသည့် ဗဟိုကော်မတီဝင်များက လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ဆွေးနွေးခြင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာကို တင်ပြအတည်ပြုခြင်း၊ ဗဟိုကော်မတီဝင်များက မိမိတို့ဒေသတွင်း နိုင်ငံရေး စည်းရုံးရေးနှင့် လူထုရေးရာအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။ ဒုတိယရက်တွင် လူ့ဘောင်သစ်လူငယ်၏ လုပ်ငန်းအစီရင်ခံစာကို YNS အတွင်းရေးမှူးက တင်ပြ၍ ဗဟိုကော်မတီဝင်များက အကြံပြုဆွေးနွေးခြင်း၊ ၂၀၁၉ လုပ်ငန်းစဉ်ဇယားတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများကို အထွေထွေအတွင်းရေးမှူးက တင်ပြ၍ ဗဟိုကော်မတီဝင်များက အကြံပြုဆွေးနွေးခြင်းနှင့် ဆက်လက်လုပ်ဆောင်သော […]

Continue Reading

ကျေးလက်လူထုလှုပ်ရှားမှုများကို ဝန်းရံမည့် ကော်မတီတစ်ရပ်ကို DPNS နှင့် နိုင်ငံရေးအင်အားစုများ စုပေါင်းဖွဲ့စည်း

( ၁၊ သြဂုတ်၊ ၂၀၁၉ နေ့ထုတ် Daily ELEVEN သတင်းစာ ) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာကိစ္စ အပါအဝင် ကျေးလက်ဒေသ လူထုလှုပ်ရှားမှုများကို ကူညီဝန်းရံရေး ရည်ရွယ်သည့် “ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီ” ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုများ စုပေါင်းပြီး ဇူလိုင် ၂၈ ရက်က ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ကော်မတီတွင် တောင်သူလယ်သမားအရေး တက်ကြွသူများ၊ ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ရှစ်ဖွဲ့နှင့် နိုင်ငံရေးပါတီတစ်ခုတို့ ပူးပေါင်းဖွဲ့စည်းခြင်းဖြစ်သည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွင့်ဝင် ဦးငွေလင်းက ပြောကြားသည်။ “စီမံကိန်းများကြောင့်ဖြစ်စေ၊ စီမံကိန်းခန့်ခွဲမှု လွဲမှားခြင်းကြောင့်ဖြစ်စေ ဆုံးရှုံးနစ်နာနေတဲ့ ပြည်သူလူထုကို ကူညီဝန်းရံသွားဖို့ အဓိက ရည်ရွယ်ပါတယ်” ဟု ဦးငွေလင်းက ပြောကြားကြားသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း […]

Continue Reading

DPNS စည်းရုံးရေးမှူးသင်တန်း အမှတ်စဉ် ၁/၂၀၁၉ သင်တန်းဆင်းပွဲ

၂၀၁၉၊ သြဂုတ်။ ၁။ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း အမှတ်စဉ် ၁/၂၀၁၉ သင်တန်းဆင်းပွဲကို ၂၀၁၉၊ သြဂုတ်၊ ၁ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းလက်မှတ်များကို ပါတီဒုဥက္ကဋ္ဌနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)တို့က သင်တန်းသားများအား ပေးအပ်ခဲ့ကြပါသည်။ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့မှ ပါတီရဲဘော်များ သင်တန်းတက်ရောက်ခဲ့ကြပါသည်။

Continue Reading

Data Analysis and Political Communication သင်တန်းသို့ တက်ရောက်

၂၆-၂၈၊ ဇူလိုင်၊ ၂၀၁၉။ မနီလာမြို့၊ ဖိလစ်ပိုင်နိုင်ငံ။ SocDem Asia က စီစဉ်သည့် Executive Course 2; Data Analysis and Political Communication သင်တန်းကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ၂၀၁၉၊ ဇူလိုင်၊ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ ၎င်းသင်တန်းသို့ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ၊ တီမော၊ သြစတြေးလျနိုင်ငံတို့မှ SocDem Asia အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်း၊ ဦးချာလီတင်ဦးနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၂ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီဖွဲ့စည်း

၂၀၁၉၊ ဇူလိုင်၊ ၂၈။ ရန်ကုန်မြို့ ။ အောင်သပြေကျေးရွာကိစ္စအပါအဝင် ကျေးလက်ဒေသများတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် လူထုလှုပ်ရှားမှုများအား ကူညီဝန်းရံနိုင်ရေးအတွက် ညှိနှိုင်းသည့်အစည်းအဝေးကို ၂၀၁၉၊ ဇူလိုင် ၂၈ ရက် နေ့လည်ပိုင်းတွင် UNDO ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများကွန်ရက်၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ အမှန်တရားပေါ်ပေါက်ရေးနှင့် တရားမျှတရေးကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေး ဆုံးဖြတ်ချက်အရ အောင်သပြေကျေးရွာသားများအပါအဝင် ဆုံးရှုံးနစ်နာနေသော၊ အကာအကွယ် အကူအညီမဲ့နေသော ကျေးလက်လူထုကို ထိထိရောက်ရောက် ကူညီဝန်းရံနိုင်ရေးအတွက် “ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ပါသည်။

Continue Reading

Shrinking Political Parties’ Space in Myanmar အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက်

၂၀၁၉၊ ဇူလိုင်၊ ၂၇။ Park Royal ဟိုတယ်၊ ရန်ကုန်။ YSPS နှင့် FNF တို့ ပူးတွဲစီစဉ်သည့် Shrinking Political Parties’ Space in Myanmar အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၉၊ ဇူလိုင်၊ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ထိုအလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံတို့လည်း တက်ရောက်ခဲ့ကြပါသည်။ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအရ၊ ဥပဒေအရ အကန့်အသတ်များကြောင့် နိုင်ငံရေးပါတီများ ကြုံတွေ့နေရသည့် အခြေအနေများ၊ အခက်အခဲများအား လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာခဲ့ကြပါသည်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်း

(၂၃၊ ဇူလိုင်၊ ၂၀၁၉။ ရန်ကုန်) ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီး၏ ဂူဗိမာန်၌ ယနေ့နံက် ၁၀းဝ၀ နာရီမှ နေ့လည် ၂းဝ၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီး၏ မိသားစုဝင်များ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးရဲဘော်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ UNA အဖွဲ့ဝင်ပါတီများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ မြန်မာနိုင်ငံ စာရေးများသမဂ္ဂ အစရှိသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဆရာကြီးအား […]

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်း

၂၃၊ ဇူလိုင်၊ ၂၀၁၉။ ရန်ကုန် ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီး၏ ဂူဗိမာန်၌ ယနေ့နံက် ၁၀းဝ၀ နာရီမှ နေ့လည် ၂းဝ၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီး၏ မိသားစုဝင်များ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးရဲဘော်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ UNA အဖွဲ့ဝင်ပါတီများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ မြန်မာနိုင်ငံ စာရေးများသမဂ္ဂ အစရှိသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဆရာကြီးအား […]

Continue Reading

ကျေးလက်ဒေသများရှိ မြေယာပြဿနာများအား ကူညီပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

အောင်သပြေကျေးရွာကိစ္စအပါအဝင် ကျေးလက်ဒေသများတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် မြေယာပြဿနာများအား ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းသည့်အစည်းအဝေးကို ၂၀၁၉၊ ဇူလိုင် ၂၀ ရက် နေ့လည်ပိုင်းတွင် UNDO ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၁၉၇၄-၇၅ နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ညီညွတ်သောအမျိုးသားဒိီုကရေစီအဖွဲ့၊ အမှန်တရားပေါ်ပေါက်ရေးနှင့် တရားမျှတရေးကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading