UNA Plus အလုပ်အဖွဲ့ အစည်းအဝေး ပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၂၊ ၈၊ ၂၀၁၉။ UNA ရုံး။

၂၀၁၉၊ သြဂုတ်လ၊ ၂၂ ရက်နေ့ နံနက် ၁၀းဝ၀ နာရီမှ ညနေ ၄းဝ၀ နာရီအထိ UNA plus အလုပ်အဖွဲ့အစည်းအဝေးကို ရန်ကုန်မြို့ရှိ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်ရုံးခန်း၌ ပြုလုပ်ခဲ့ရာ အလုပ်အဖွဲ့ဝင်ဖြစ်သည့် DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများ၊ ငြိမ်းချမ်းရေးအလားအလာနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

[ngg src=”galleries” ids=”658″ display=”basic_thumbnail”]