SocDem Asia ကွန်ရက် ဆယ်နှစ်ပြည့် ကွန်ဖရင့်သို့ DPNS ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉- သြဂုတ်- ၂၉။ ကွာလာလမ်ပူမြို့။
…………………………………………………………………………………
၂၀၁၉၊ သြဂုတ်လ၊ ၂၉ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ဆိုရှယ်ဒီမိုကရေစီအေရှကွန်ရက်၏ ဆယ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် Breaking Through: A Decade of Democratic Struggleand and Victories ကွန်ဖရင့် ကျင်းပခဲ့ပါသည်။ Democratic Action Party မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ ၎င်းကွန်ဖရင့်သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံတို့ တက်ရောက်ခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲကို ကွန်ရက်၏ ပဲ့ကိုင်ကော်မတီအစည်းအဝေးနှင့် တွဲဖက် ကျင်းပခြင်းဖြစ်ပြီး မြန်မာ၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ နီပေါ၊ မွန်ဂိုလီးယားတို့မှ အဖွဲ့ဝင်နိုင်ငံရေးပါတီများ၊ ဆွီဒင်၊ ဂျာမဏီ၊ အီတလီနှင့် ဥရောပနိုင်ငံများမှ မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။ အဖွဲ့ဝင်အဖြစ်လျှောက်ထားသော မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ထိုင်းနိုင်ငံမှ Future Forward Party နှင့် Commoner Party တို့အား အဖွဲ့ဝင်သစ်များအဖြစ် ဆွေးနွေးပွဲမှ တညီတညွတ်တည်း လက်ခံခဲ့ကြပါသည်။
ထိုဆွးနွေးပွဲတွင် ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။ ကွာလာလမ်ပူကြေညာစာတမ်းကို သြဂုတ်လ ၂၉ ရက်နေ့တွင် ကွန်ဖရင့်မှ ထုတ်ပြန်ခဲ့ပါသည်။

[ngg src=”galleries” ids=”663″ display=”basic_thumbnail”]