ပါတီဋ္ဌာနချုပ်တာဝန်ရှိသူများနှင့် ပွင့်ဖြူမြို့နယ်ပါတီဝင်များ တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၁၆- ၈- ၂၀၁၉။ ပွင့်ဖြူမြို့။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဋ္ဌာနချုပ်ခေါင်းဆောင်များသည် ပွင့်ဖြူမြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ မင်းဘူးမြို့နယ်ပါတီကော်မတီဝင်များနှင့် ပွင့်ဖြူမြို့နယ်ကော်မတီရုံးခန်းတွင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ၁၆၊၈၊၂၀၁၉ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြပါသည်။
တွေ့ဆုံပွဲကို ပါတီဗဟိုကော်မတီဝင် ဦးအောင်နိုင်ဦးက အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပေးပြီး ပါတီဥက္ကဋ္ဌ က ပွင့်ဖြူ၊မင်းဘူးခရီးစဉ်၏ ရည်ရွယ်ချက်ကို တင်ပြမိတ်ဆက်ပေးခြင်းဖြင့် တွေ့ဆုံပွဲကို စတင်ခဲ့ပါသည်။ ပွင့်ဖြူမြို့နယ်ပါတီကော်မတီဝင် ဦးဟန်သိန်းက ပွင့်ဖြူကော်မတီ၏ ဆောင်ရွက်ထားမှုများ၊ တွေ့ရှိရသည့်အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ဒေသတွင်း စည်းရုံးရေးအခြေအနေများကို တင်ပြပေးပါသည်။ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းက ပါတီ၏နိုင်ငံရေးဦးတည်ချက် ၅ ရပ်နှင့် လတ်တလောလုပ်ငန်းစဉ် ၃ ရပ်ကို မိတ်ဆက်တင်ပြပေးသည်။ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က ပါတီ၏ အလေးထားမှု ၃ ရပ်အပါအဝင် ပါတီ၏ အခြေခံမူဝါဒ များကို ဆွေးနွေးတင်ပြပေးပါသည်။ ထို့အပြင် ယနေ့ကာလ နိုင်ငံရေးတာဝန်များနှင့် ပါတီ၏ဆောင်ရွက်နေမှုများကို ဆက်လက်တင်ပြပါသည်။
မင်းဘူးမြို့နယ်ပါတီကော်မတီတာဝန်ခံ ဦးတင်ဇော်ထွေးက မင်းဘူး၊ မကွေး၊ ပွင့်ဖြူရဲဘော်များနှင့်အတူ မကွေးတိုင်းအတွင်း စည်းရုံးရေးဆောင်ရွက်ရန် အကြံပြုချက်များကို တင်ပြပြီး တက်ရောက်လာသူများနှင့်အတူ လက်တွေ့ ဆောင်ရွက်နိုင်ခြေများကို စုပေါင်းရှာဖွေစုစည်းခဲ့ကြပါသည်။
၎င်းနောက် ပွင့်ဖြူမြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ကိုစောကြာဋ္ဌေးက ကျေးဇူးတင်စကားနှင့် နိဂုံးချုပ်စကားကို ပြောဆိုပေးပြီး တွေ့ဆုံဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”653″ display=”basic_thumbnail”]