DPNS အမျိုးသမီးခေါင်းဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ(၃/၂၀၁၉) ပိတ်ပွဲ အခမ်းအနား

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ သြဂုတ်၊ ၁၈။ ရန်ကုန်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးခေါင်းဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၉) ပိတ်ပွဲအခမ်းအနားကို သြဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ပိတ်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ လူ့ဘောင်သစ်လူငယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ပါတီသည် ပါတီတွင်း အမျိုးသမီးများ ပါဝင်မှုအားကောင်းလာရေး၊ ပါတီ၏ ခေါင်းဆောင်မှုအဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်လာနိုင်ရေးကို အထူးအလေးထားကြောင်း၊ မဟာဖိုဝါဒချုပ်ငြိမ်းပြီး ကျားမတန်းတူညီမျှမှုရှိသည့် လူ့ဘောင်လောကသစ် တည်ဆောက်နိုင်ရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတို့တွင် အမျိုးသမီးထု၏ အခန်းကဏ္ဍသည် လွန်စွာမှ အရေးပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသီဟထွဋ်ခင်က ပါတီမိတ်ဆက်ကို တင်ပြခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက အမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည့် အမျိုးသမီးခေါင်းဆောင်များကလည်း ငါးရက်တာဆွေးနွေးပွဲအတွင်း သင်ကြားသင်ယူရရှိခဲ့သည်များ၊ ပါတီစည်းရုံးတည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လက်တွေ့အသုံးပြု ဆောင်ရွက်နိုင်သည်များ၊ လိုအပ်ချက်များ၊ သုံးသပ်အကြံပြုချက်များကို ပြောကြားပေးခဲ့ကြပါသည်။ DPNS အမျိုးသမီးလုပ်ငန်းကော်မတီပေါ်ပေါက်လာပုံကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက ရှင်းလင်းတင်ပြခဲ့ပါသည်။ ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက ဆွေးနွေးပွဲအပေါ်ခြုံငုံသုံးသပ်ချက်နှင့် ကျေးဇူးတင်စကား ပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

[ngg src=”galleries” ids=”654″ display=”basic_thumbnail”]