DPNS မန္တလေးတိုင်းရုံးဖွင့်ပွဲ အခမ်းအနား

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ စက်တင်ဘာ၊ ၁၄။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မန္တလေးတိုင်းဒေသကြီး တိုင်းရုံးဖွင့်လှစ်ပွဲ အခမ်းအနားကို အောင်မြေသာစံမြို့နယ်ရှိ တိုင်းရုံးတွင် ၂၀၁၉၊ စက်တင်ဘာ၊ ၁၄ ရက်နေ့ နံနက် ၁၀းဝ၀ နာရီမှ နေ့လည် ၁၂းဝ၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ တိုင်းရုံးဖွင့်လှစ်ပွဲအခမ်းအနားသို့ ရွှေဝါရောင်ဦးဆောင်သံဃာတော်များ၊ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးမြို့ပေါ်ရှိ နိုင်ငံရေးပါတီများ မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ပါတီဗဟိုကော်မတီဝင်များ မန္တလေး မြင်းခြံ တံတားဦးပါတီရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်းကော်မတီဥက္ကဋ္ဌ၊ လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌတို့က အဖွင့်စကား ပြောကြားပေးခဲ့ကြပါသည်။ အခမ်းအနား တက်ရောက်လာသည့် မဟာမိတ်ပါတီများနှင့် မိတ်ဖက်အဖွဲ့အစည်းခေါင်းဆောင်များကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားပေးခဲ့ကြပါသည်။
ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်စကားပြောကြားရာတွင် စစ်ဝါဒလွှမ်းမိုးမှု အပြီးတိုင် ဖယ်ရှားနိုင်ပြီး ဒီမိုကရေစီရေးနှောင့်နှေးနေမှု၊ ငြိမ်းချမ်းရေးအလှမ်းဝေးနေမှုတို့ကို အဆုံးသတ်ကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးအတွက် ဒီမိုကရက်တစ်အင်အားစုများ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

[ngg src=”galleries” ids=”669″ display=”basic_thumbnail”]