“လူထုအကျိုးပြုသော လွှတ်တော်ကိုယ်စားလှယ်များ အားကောင်းလာစေရေး” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ သြဂုတ်၊ ၃၁။ ပဲခူး။
………………………………………………………………………………
ပဲခူးမြို့ မေတ္တာစင်တာတွင် ၂၉၊ ၈၊ ၂၀၁၉ မှ ၃၁၊၈၊၂၀၁၉ အထိ ၃ ရက်တိုင် “ လူထုအကျိုးပြုသော လွှတ် တော်ကိုယ်စားလှယ်များ အားကောင်းလာစေရေး” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ပြုလုပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲကို Burma Monitor၊ ပေါင်းကူးနှင့် ပုံရိပ်တို့က ဦးဆောင် ကမကထပြု ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ လူထု အခြေပြုအရပ်ဖက်အဖွဲ့အစည်းများ စုစုပေါင်း ၁၀ဝ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အားကောင်းလာသော၊ လူထုအသံကို ထင်ဟတပ်ဖော်ထုတ် ဆောင်ရွက်ပေးနိုင်သော လွှတ်တော်များ ဖြစ်ထွန်းလာစေရေးအတွက် အဓိကကျသည့် အခြေခံစဉ်းစားချက်များ သိမြင်တိုးပွားလာစေရန် ရည်ရွယ် ဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။
ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဖွံ့ဖြိုးရေးကဏ္ဍ၊ အခြေခံအဆောက်အဦကဏ္ဍ၊ လျှပ်စစ်နှင့်ရေအရင်း အမြစ်ကဏ္ဍ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ မြေယာကဏ္ဍ၊ သဘာဝနှင့်သယံဇာတကဏ္ဍ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးကဏ္ဍ၊ အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍ၊ ပဋိပက္ခနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကဏ္ဍ စသည့် ခေါင်းစဉ် ၁၅ ခုအပေါ်မူတည်ပြီး ပြင်ဆင်ထားသင့်သည့် အခြေခံအမြင်နှင့် ဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးစုစည်းခဲ့ကြပါသည်။
ထိုဆွေးနွေးပွဲကို ပါတီကိုယ်စား ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုဝေဇင်တို့ တက်ရောက်ဆွေးနွေးပြီး အမြင်ဖလှယ်ခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲကို နောက်တစ်ကြိမ် ထပ်မံပြုလုပ်သွားကြရန်လည်း ညှိနှိုင်းခဲ့ကြပါသည်။

[ngg src=”galleries” ids=”662″ display=”basic_thumbnail”]