DPNS ချောင်းသာမြို့ ပါတီဝင်ရဲဘော်များနှင့်တွေ့ဆုံပွဲ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၉၊ ၈၊၂၀၁၉။ ချောင်းသာမြို့။
………………………………………………………………………………
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ချောင်းသာမြို့ပါတီဝင်ရဲဘော်များနှင့် တွေ့ဆုံပွဲကို ၂၉၊ ၈၊၂၀၁၉ ရက်နေ့ တွင် ချောင်းသာမြို့ ပါတီရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ချောင်းသာမြို့ကော်မတီဝင်များ ပါတီဝင်များ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစောအောင်နှင့် ပါတီဗဟိုကော်မတီ ဦးမောင်မောင်ကြီးတို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ရပ်ကျေးရုံးခန်းများဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေမှု မြေလွတ်မြေရိုင်းများ လျှောက်ထားခြင်း လမ်းတိုးချဲ့ခြင်း စသည့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ပါတီလူငယ်ဆိုင်ရာအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”661″ display=”basic_thumbnail”]