တိုးတက်သော မဟာမိတ်အဖွဲ့(Progressive Alliance) စုံညီအစည်းအဝေးသို့ DPNS ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ သြဂုတ်၊ ၃၀။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့။

မလေးရှားနိုင်ငံ မှ Democratic Action Party (DAP) နှင့် Progressive Alliance တို့ ပူးတွဲ၍ ၂၀၁၉၊ သြဂုတ်လ ၃၀ ရက်နေ့တွင် ကွာလာလမ်ပူမြို့၌ တိုးတက်သောမဟာမိတ်အဖွဲ့၏ စုံညီအစည်းအဝေးကို ကျင်းပခဲ့ရာ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်း လက်တင်အမေရိကတို့မှ အဖွဲ့ဝင်နိုင်ငံရေးပါတီများနှင့် မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက် ခဲ့ကြပါသည်။ ဧည့်သည်တော်များအဖြစ် မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ထိုင်းနိုင်ငံမှ Future Firward ပါတီနှင့် Commoner ပါတီတို့ တက်ရောက်ခဲ့ပါသည်။ ထိုအစည်းအဝေးတွက် ယနေ့ ကမ္ဘာ့အခြေအနေ၊ လူပြိန်းကြိုက်ဝါဒ နှင့် အမျိုးသားရေးအစွန်းရောက်များ ခေါင်းထောင်လာနေပုံတို့အား ဆွေးနွေးခဲ့ပြီး နီယိုလစ်ဘရယ်တို့၏ အန္တရာယ်များနှင့်ပတ်သက်၍လည်း သုံးသပ်ခဲ့ကြပါသည်။ မိမိတို့ တိုးတက်သော နိုင်ငံရေးအင်အားစုများအနေဖြင့် မည်သို့သော မဟာဗျူဟာ၊ နည်းဗျူဟာများဖြင့် ဆောင်ရွက်သင့်ကြောင်းကိုလည်း ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။
၂၀၁၉၊ နိုဝင်ဘာလတွင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့၌ ကမ္ဘာအရပ်ရပ်ရှိ မိတ်ဆွေ ဆိုရှယ်လစ်များ၊ ဆိုရှယ်ဒီမိုကရက်များ၊ တိုးတက်သော နိုင်ငံရေးအင်အားစုများ ပါဝင်လျက် မဟာမိတ်အဖွဲ့၏ ညီလာခံတရပ်ပြုလုပ်ရန် သဘောထားချမှတ်ခဲ့ပါသည်။ ထိုညီလာခံသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များလည်း တက်ရောက်ပါရန် စုံညီအစည်းအဝေးမှ ဖိတ်ကြားကမ်းလှမ်းခဲ့ပါသည်။

[ngg src=”galleries” ids=”664″ display=”basic_thumbnail”]