ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on June 17th, 2017
သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေး ကော်မတီအစည်းအဝေးကို ၂၀၁၇၊ ဇွန်လ ၁၇ ရက်နေ့လည်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဗကသများအဖွဲ့ချုပ်၊ ၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီး အစည်းအရုံး၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော အမျိုးသားကွန်ဂရက် ပါတီ၊ MICS၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ အစရှိသည့်အဖွဲ့အစည်းများ အစည်းအဝေးတက်ရောက်ခဲ့ကြ ပါသည်။ အစည်းအဝေးတွင် ၂၀၁၇၊ ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် သင်ဗဟိန်းရာပြည့်အခမ်းအနား အစီအစဉ်များကို အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
By DPNS INFORMATION, on June 10th, 2017
သခင်ဗဟိန်းရာပြည့် အခမ်းအနား ကျင်းပရေး ကော်မတီအလိုက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇၊ ဇွန်လ ၁၀ ရက် နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီိမိုကရက်တစ်ပါတီ(ဌာနချုပ်)ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။
By DPNS INFORMATION, on June 9th, 2017
သခင်ဗဟိန်းနှစ်တစ်ရာပြည့် အခမ်းအနားဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇၊ ဇွန်လ ၉ ရက် နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီိမိုကရက်တစ်ပါတီ(ဌာနချုပ်)ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ သခင်ဗဟိန်းနှစ်တစ်ရာပြည့် အခမ်းအနားကျင်းပရေးနှင့် ပတ်သက်၍ အစည်းအဝေးတက်ရောက်သူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ ထို့နောက် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းပြီး တာဝန်များခွဲဝေခဲ့ကြပါသည်။
By DPNS INFORMATION, on June 6th, 2017
မဆလစစ်အာဏာရှင် ဆန့်ကျင်ရေး ၇၄-၇၅-၇၆ အလုပ်သမား၊ ကျောင်းသားလှုပ်ရှားမှု ၄၃ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၇၊ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျ စားသောက်ဆိုင်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဗကသများအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတက်ရောက်လာသူများက အမှတ်တရစကားများ ပြောကြားခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။ ပေးပို့လာသော သ၀ဏ်လွှာများကိုလညး ဖတ်ကြားခဲ့ကြပါသည်။
By DPNS INFORMATION, on June 6th, 2017
ဇွန် ၆ အလုပ်သမားသပိတ် (၄၃) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက သဝဏ်လွှာပေးပို့ ဂုဏ်ပြုခဲ့ပါသည်။
By DPNS INFORMATION, on June 5th, 2017
SocDem Asia ၏ စီစဉ်မှုဖြင့် အားလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ၂၀၁၇၊ ဇွန်လ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ SocDem Asia မှ တာဝန်ရှိသူများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on June 4th, 2017
SocDem Asia ၏ စီစဉ်မှုဖြင့် အားလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကို ၂၀၁၇၊ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on June 1st, 2017
၂၀၁၇၊ မေလ ၃၀ ရက်နေ့ည ၉း၀၀ နာရီတွင် ထုတ်လွှင့်ခဲ့သည့် VOA တိုက်ရိုက်လေလှိုင်းအစီအစဉ်မှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ အင်တာဗျူး ( မေးမြန်းသူ ကိုသားညွန့်ဦး) Q – ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံအတွင်းမှာ အခြေအတင်ဖြစ်ခဲ့ရတဲ့ စကားရပ်တစ်ခုနဲ့ပတ်သက်ပြီး အခြေခံ ဆွေနွေးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံအတငွ်းမှာ ပြည်ထောင်စုကနေပြီးတော့ ခွဲမထွက်ရဆိုတဲ့ အသုံးအနှုန်းပေါ်မှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တြွေကားမှာ အတော်လေးကို အခြေအတင် ဆွေးနွေးခဲ့ရပြီးတော့ နောက်ဆုံးမှာ ဘဘောတူညီချက်လည်း မရဘဲ ညီလာခံကို အဆုံးသတ်ခဲ့ရပါတယ်။ ဖွံဖြိုးပြီးတော့ ဒီမိုကရေစီရှင်သန်မယ့် ပြည်ထောင်စုတစ်ရပ် သဘောတူဖွဲစည်းကြဖို့ရာ ခွဲထွက်ခွင့်ရှိရမယ်ဆိုတဲ့ သဘောထားသင့်သလား။ ခမွဲထက်ွရဆိုတဲ့ အာမခံချက်ပဲ ထားသင့်သလား။ ဒီအသုံးအနှုန်းကို အလေးပေး ဆွေးနွေးနေခြင်းအားဖြင့်ရော လက်ရှိဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်ဖို့ တကယ်ပဲ ထိရောက်အသုံးတည့်ပါ့မလား။ ဒီအကြောင်းကို ကျွန်တော်တို့ ဆွေးနွေးသုံးသပ်မှာပါ။ ဦးအောင်မိုးဇော် ခုနက ဒေါက်တာအေးမောင်ကတော့ ပြောသွားတာရှိပါတယ်။ ဦးအောင်မိုးဇော်ရဲ့ အမြင်လည်း သိချင်ပါတယ။် တစ်ဆက်တည်းပဲ ကျွန်တော်မေးချင်တာက ဒီခွဲမထွက်ရဆိုတဲ့ စကားလုံးနဲ့ ဒီကိစ္စကို အလေးပေးဆွေးနွေးနေ ခြင်းအားဖြင့်ရော ငြိမ်းချမ်းရေးရှေ့ဆက်ဖို့အတကွ် တကယ်တမ်း ထိရောက်အသုံးတည့်ပါ့မလား။ အဒဲါလေးပါ တစ်ဆက် တည်း ဖြေပေးပါ ဦးအောင်မိုးဇော်။ A – တစ်ခုလုံး နိုင်ငံရေးအခြေအနေအရ ကျွန်တော့်အမြင်ကို ပြောမယ်ဆိုရင် ဒီခွဲထွက်ခွင့်ရှိရေး၊ မရှိရေးအပေါ်မှာ တိုင်းရင်းသားအင်အားစုတွေအနေနဲ့ လက်ခံဖို့ခက်တဲ့ကိစ္စက ကနေ့တိုင်းပြည်ရဲ့ခေါင်းဆောင်မှုပေါ့နော်။ တပ်မတော်လည်း ပါမယ်၊ ကနေ့တိုင်းပြည်ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုတွေလည်း ပါမယ်။ ဒီအပေါ်မှာ သူတို့အနေနဲ့ တစ်ရာရာခိုင်နှုန်း ယုံကြည်မှုပေးဖို့ ခက်တဲ့အပေါ်မှာ ဒီခွဲထွက်ခွင့် သုံးရေး၊ မသုံးရေးဆိုတဲ့ကိစ္စဟာ ပြဿနာရှိလာတယ်လို့ ကျွန်တော့်အနေနဲ့ တော့ ယူဆတယ်။ ပင်လုံကိစ္စဖြစ်တဲ့အခါမှာ ခုနကလို ခွဲထွက်ခွင့်ကိစ္စကို တစ်စုံတရာ ကျွန်တော်တို့ ဒီတိုင်းပြည် အဲ့ဒီ ကာလက ခေါင်းဆောင်တွေက အသိအမှတ်ပြုခဲ့တယ်။ သို့သော်လည်းပဲ ချောချောမွေ့မွေ့ ပြီးသွားတယ်။ အဒဲါက ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော့်နားလည်မှုက အဲဒီကာလမှာရှိတဲ့ တိုင်းရင်းသားဘက်က ခေါင်းဆောင်တွေ အနေနဲ့ရော အဲဒီကာလမှာရှိတဲ့ အစိုးရကိုတာဝန်ခံတဲ့ ခေါင်းဆောင်တွေအနေနဲ့ရော တိုင်းပြည်လွတ်လပ်ရေးက ပထမ ဆိုတဲ့ စဉ်းစားမှုပါ။ ဒုတိယတစ်ခုက အဲဒီသူတို့ရဲ့နောက်ကွယ်မှာ ဘာအကျိုးစီးပွားမှ မရှိဘူး။ တိုင်းပြည်လွတ်လပ်ရေး ဆိုတာပဲ ရှိတယ်။ ဒီတစ်ခုအပေါ်မှာ အခြေခံတယ်လို့ ကျွန်တော်တော့ အဲဒီလိုယူဆတယ်။ ဒါက တစ်ချက်ပေါ့နော်။ ဒုတိယတစ်ချက်က ခု နှစ်ပေါင်း(၆၀-၇၀)ဖြစ်သွားပြီ။ တိုင်းရင်းသားအင်အားစုတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ကလည်း အဆက်ဆက်ပြောင်းသွားပြီ။ အဲဒီကြားမှာနဲ့ ကနေ့ ဗမာ့တပ်မတော်ကြားမှာ ဖြစ်တဲ့ ပဋိပက္ခကလည်း အရမ်း ကြီးသွားတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစားမှုတွေ၊ စိတ်ခံစားမှုတွေ၊ တစ်ယောက်နဲ့တစ်ယောက်ရဲ့၊ တစ်ဘက်နဲ့ တစ်ဘက်ရဲ့ မကျေလည်မှုတေကွလည်း အရမ်းကြီးသွားတယ်။ လောလောဆယ်မှာ ပြေလည်ဖို့တော်တော်ခက်တဲ့ အနေ အထားမှာ ရှိတယ်။ အဲလိုအခြေအနေမျိုးမှာတောင်မှ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသွားတဲ့အခါမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဗမာတြွေကားမှာ တစုံတရာ ခြားနားထားတဲ့ တံတိုင်းကြီးက ပယ်ဖျက်သွားနိုင်ခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။ အဲဒါ ဘာကိုပြောချင်လဲဆိုရင် (မဒမခ) မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (၁၉၈၈) နောက်ပိုင်းမှာ ပေါ်လာတယ်။ အဒဲီကာလတုန်းကဆိုရင် KNU မှာ ဆိုလည်း ဗိုလ်ချုပ်ကြီးစောဘိုမြတို့ ရှိတယ်။ KIO မှာဆိုလည်း ဥက္ကဋ္ဌ ဘရန်ဆိုင်းတို့ရှိတယ်။ မွန်ပြည်သစ်ပါတီမှာဆိုလည်း ဥက္ကဋ္ဌ နိုင်ရွှေကျင် တို့ရှိတယ်။ အဒဲီ ခေါင်းဆောင်ကြီးတွေပါတဲ့ ဒီလိုတပ်ပေါင်းစုအဖွဲ့အစည်းကြီးတွေမှာတောင်မှ အဲဒီတုန်းက (မဒမခ)ရဲ့ ရည်မှန်းချက်ထဲမှာ တစ်ခုက ဘာလဲဆိုတဲ့အခါကျတော့ ပြည်နယ်ပေါင်းစုပြည်ထောင်စု တည်ဆောက်ရေးဆိုတာ ဖြစ်တယ်။ ကျွန်တော် ခံစားရတဲ့ ပြည်နယ်ပေါင်းစုပြည်ထောင်စုဆိုတာ ခုပြောနေတဲ့ ဖက်ဒရယ်ဆိုတာထက်တောင်မှ စဉ်းစားမယ်ဆိုရင် နည်းနည်း ပိုနိမ့်သလားလို့ ကျွန်တော်ခံစားရတယ်။ တိုင်းရင်းသားအင်အားစုတွေက ဗမာပြည်ထကဲ ခွဲမထွက်ပါဘူးဆိုတဲ့ သဘောတူညီမှု တစ်စုံတစ်ရာရှိတယ်။ အဲတုန်းကရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက အဲဒီခေတ်ကာလ နိုင်ငံရေး အခြေအနေပေါ်မှာ တစ်စုံတစ်ရာမျှော်လင့်ချက် ရှိခဲ့တယ်၊ တစ်စုံတစ်ရာယုံကြည်မှုရှိခဲ့တယ်ဆိုတာကို ပြတာပဲ။ ကနေ့ ကာလ နိုင်ငံရေးအခြေအနေပေါ်မှာ တိုင်းရင်းသားတွေဘက်က ယုံကြည်မှုတစ်စုံတစ်ရာ ကနေ့အခြေအနေကြီးပေါ်မှာ လျော့ကျသွားတယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။
By DPNS INFORMATION, on May 26th, 2017
တိုးတက်သော မဟာမိတ်အဖွဲ့( Progressive Alliance)က ဦးဆောင်ပြုလုပ်သည့် ”မျှတ၍ ကြွယ်ဝသော ကမ္ဘာအတွက် လူမှုတရားမျှတရေးနှင့် အစဉ်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် ညီလာခံတရပ်ကို မွန်ဂိုးလီးယား ပြည်သူ့ပါတီက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ ညီလာခံကို ၂၀၁၇၊ မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် မွန်ဂိုလီးယားနိုင်ငံမြို့တော်၊ အူလန်ဘာတာမြို့၊ ရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်သည် PA ၏ ကြိုးကိုင်ကော်မီတီဝင်တဦးအနေဖြင့် ညီလာခံတက်ရောက်ခဲ့ပါသည်။ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း လေ့လာသူများအနေဖြင့် တက်ရောက်ခဲ့ကြပါသည်။ ညီလာခံသို့ သြစတြေးလျ၊ ကော်စတာရီကာ၊ ဂျော့်ဂျီယာ၊ ဂျာမဏီ၊ အင်ဒိုနီးရှား၊ အီရတ်၊ အစ္စရေး၊ မလေးရှား၊ မွန်ဂိုလီးယား၊ မော်ရိုကို၊ နီပေါ၊ နယ်သာလန်၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ ဆွီဒင်၊ အရှေ့တီမော၊ ဗြိတိန်တို့မှ မဟာမိတ်အဖွဲ့ဝင်ပါတီများနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on May 24th, 2017
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇၊ မေလ ၂၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ MICC II ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
|